September 20, 2018

Do Not Disturb လုပ္ေဆာင္ခ်က္ကို App တစ္ခုျခင္းစီအတြက္ ဘယ္လိုသုံးမလဲ

[ Zawgyi ]

Android ဗားရွင္းအသစ္မွာ ထည့္သြင္းေပးလိုက္တဲ့ Do Not Disturb လုပ္ေဆာင္ခ်က္ကို သုံးစြဲသူေတာ္ေတာ္မ်ားမ်ားက ညအိပ္ ခ်ိန္မ်ဳိးအတြက္သာ အသုံးျပဳၾကတာ မ်ားပါတယ္။ ဒါေပမယ့္ဒီစနစ္ ကို ညစာစားခ်ိန္၊ အစည္းအေဝးခန္းထဲ ဝင္ခ်ိန္မ်ဳိးေတြလိုမ်ဳိး တစ္ေန႔တာ လုပ္ငန္းေဆာင္တာေတြ အသုံးျပဳခ်ိန္မွာေတာ့ အဲလိုမ်ဳိးအ သုံးျပဳတာက မွန္ကန္တဲ့ ေရြးခ်ယ္ မႈတစ္ခုေတာ့မဟုတ္ပါဘူး။ ဘာ လို႔လဲဆိုေတာ့ ဒီလုပ္ေဆာင္ခ်က္က ဖုန္းရဲ႕ အသိေပးတဲ့ notifica-tion အားလုံးကို ပိတ္လိုက္တာျဖစ္တဲ့အတြက္ ကိုယ့္အေနနဲ႔ အေရး ေပၚအီးေမးလ္ စစ္စရာမ်ဳိးေတြ၊ ခ်က္ခ်င္းအေျဖျပန္ေပးရမယ့္ လုပ္ငန္းဆုိင္ရာ မ်ဳိးေတြအတြက္ကေတာ့ သီးသန္႔အေနနဲ႔ App အခ်ဳိ႕ကို ဖြင့္ထားႏုိင္မွ အဆင္ေျပမွာ ျဖစ္ပါတယ္။

Do Not Disturb လုပ္ေဆာင္ ခ်က္ကို App တစ္ခုျခင္းစီအတြက္ အသုံးျပဳဖို႔အတြက္ ပုံမွန္ Do Not Disturb စနစ္ကို ဖြင့္တဲ့အတုိင္း ဖုန္းရဲ႕ ျမင္ကြင္းအေပၚကေန ေအာက္ကို ဆြဲခ်လိုက္ပါ။

ၿပီးရင္ေတာ့ စက္သြားပုံစံ icon ေလးျဖစ္တဲ့ Settings icon ကို ႏွိပ္ပါ။

ဒါဆိုရင္ေတာ့ ဖုန္းရဲ႕ Settings ထဲကို ေရာက္သြားပါမယ္။ အဲဒီထဲ က Apps & notifications ဆိုတဲ့ စာသားကို ႏွိပ္လုိက္ပါ။

ၿပီးရင္ေတာ့ မိမိအေနနဲ႔ Do Not Disturb လုပ္ေဆာင္ခ်က္ ဖြင့္ထားၿပီး သီးသန္႔အေနနဲ႔ noti ရယူ အသုံးျပဳလိုတဲ့ App ကို ေရြးလိုက္ပါ။ ဥပမာ – mail app

App ကို ႏွိပ္လိုက္ရင္ေတာ့ App န႔ဲဆုိင္တဲ့ စနစ္အားလုံးေပၚလာမွာ ျဖစ္ၿပီး App notifications ဆိုတာကို ႏွိပ္လိုက္ပါ။

App ရဲ႕ notication စနစ္ထဲကို ေရာက္သြားပါမယ္။ အဲဒီမွာ Override Do Not Disturb စနစ္ ေဘးနားက ခလုတ္ေလးပြင့္ေန ရင္ေတာ့ ပိတ္ေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ မိမိအေနနဲ႔ ဖုန္းမွာ Do Not Disturb လုပ္ ေဆာင္ခ်က္ဖြင့္ထားရင္ေတာင္မွ Override လုပ္ထားတဲ့ App ကုိ အသုံးျပဳႏုိင္မွာျဖစ္သလို App ရဲ႕ notification အသိေပးမႈေတြကိုုလည္း လက္ခံရရွိေနႏိုင္မွာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

Android ဗားရှင်းအသစ်မှာ ထည့်သွင်းပေးလိုက်တဲ့ Do Not Disturb လုပ်ဆောင်ချက်ကို သုံးစွဲသူတော်တော်များများက ညအိပ် ချိန်မျိုးအတွက်သာ အသုံးပြုကြတာ များပါတယ်။ ဒါပေမယ့်ဒီစနစ် ကို ညစာစားချိန်၊ အစည်းအဝေးခန်းထဲ ဝင်ချိန်မျိုးတွေလိုမျိုး တစ်နေ့တာ လုပ်ငန်းဆောင်တာတွေ အသုံးပြုချိန်မှာတော့ အဲလိုမျိုးအ သုံးပြုတာက မှန်ကန်တဲ့ ရွေးချယ် မှုတစ်ခုတော့မဟုတ်ပါဘူး။ ဘာ လို့လဲဆိုတော့ ဒီလုပ်ဆောင်ချက်က ဖုန်းရဲ့ အသိပေးတဲ့ notifica-tion အားလုံးကို ပိတ်လိုက်တာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ အရေး ပေါ်အီးမေးလ် စစ်စရာမျိုးတွေ၊ ချက်ချင်းအဖြေပြန်ပေးရမယ့် လုပ်ငန်းဆိုင်ရာ မျိုးတွေအတွက်ကတော့ သီးသန့်အနေနဲ့ App အချို့ကို ဖွင့်ထားနိုင်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။

Do Not Disturb လုပ်ဆောင် ချက်ကို App တစ်ခုခြင်းစီအတွက် အသုံးပြုဖို့အတွက် ပုံမှန် Do Not Disturb စနစ်ကို ဖွင့်တဲ့အတိုင်း ဖုန်းရဲ့ မြင်ကွင်းအပေါ်ကနေ အောက်ကို ဆွဲချလိုက်ပါ။

ပြီးရင်တော့ စက်သွားပုံစံ icon လေးဖြစ်တဲ့ Settings icon ကို နှိပ်ပါ။

ဒါဆိုရင်တော့ ဖုန်းရဲ့ Settings ထဲကို ရောက်သွားပါမယ်။ အဲဒီထဲ က Apps & notifications ဆိုတဲ့ စာသားကို နှိပ်လိုက်ပါ။

ပြီးရင်တော့ မိမိအနေနဲ့ Do Not Disturb လုပ်ဆောင်ချက် ဖွင့်ထားပြီး သီးသန့်အနေနဲ့ noti ရယူ အသုံးပြုလိုတဲ့ App ကို ရွေးလိုက်ပါ။ ဥပမာ – mail app

App ကို နှိပ်လိုက်ရင်တော့ App နဲ့ဆိုင်တဲ့ စနစ်အားလုံးပေါ်လာမှာ ဖြစ်ပြီး App notifications ဆိုတာကို နှိပ်လိုက်ပါ။

App ရဲ့ notication စနစ်ထဲကို ရောက်သွားပါမယ်။ အဲဒီမှာ Override Do Not Disturb စနစ် ဘေးနားက ခလုတ်လေးပွင့်နေ ရင်တော့ ပိတ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မိမိအနေနဲ့ ဖုန်းမှာ Do Not Disturb လုပ် ဆောင်ချက်ဖွင့်ထားရင်တောင်မှ Override လုပ်ထားတဲ့ App ကို အသုံးပြုနိုင်မှာဖြစ်သလို App ရဲ့ notification အသိပေးမှုတွေကိုုလည်း လက်ခံရရှိနေနိုင်မှာ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း