Divinity: Original Sin II

[ Zawgyi ]

၂၀၁၈ ထဲဝင္လာတာ ၉ လရွိၿပီေနာ္၊ စဥ္ဆက္မျပတ္ အပတ္စဥ္ဂိမ္းသစ္ေတြ Platform စံုနဲ႔ ထြက္ရွိေနေပမယ့္ ၿပီးခဲ့တဲ့ ၾသဂုတ္ ၃၁ ရက္က ထြက္ရွိလာတဲ့ အခုဂိမ္းသစ္ Divinity: Original Sin II ကေတာ့ ထြက္ထြက္ခ်င္း မွာတင္ပဲ အခုႏွစ္အတြက္ အေကာင္းဆံုး ဂိမ္းအျဖစ္ သတ္မွတ္ခံလိုက္ရတာကေတာ့ ထူးဆန္းေနပါတယ္။ ဘယ္ေလာက္ေတာင္ ေကာင္းေနလို႔ ပါလဲ။ တကယ္ဆို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာကတည္းက အခုဂိမ္းက Wins စနစ္နဲ႔ ကစားႏုိင္ေအာင္ ထြက္ထားၿပီးသားပါ၊ အခုအသစ္ထြက္လာတာက Upgrade လုပ္ထားၿပီး PS4 နဲ႔ေရာ Xbox One လို Console ေတြနဲ႔ပါ ကစားႏုိင္ေအာင္ ထြက္ရွိလာတာပါ။

အရင္ဆံုးဂိမ္းသစ္မွာ သေဘာက်စရာ အေကာင္းဆံုး အခ်က္က ႐ုပ္ထြက္ပါပဲ။ ျပင္ပလက္ေတြ႕ ဘဝ႐ုပ္ထြက္ေတြအတုိင္းနီးပါး ၾကည္လင္ျပတ္သားၿပီး အျမင္ပိုင္း အရမ္းေကာင္းတယ္။ ၿပီးေတာ့ အထူးလုပ္ေဆာင္ခ်က္ေတြ၊ ဂိမ္းဆိုတဲ့ အတုိင္းလက္ေတြ႕ မဟုတ္တဲ့ စိတ္ကူးယဥ္ ေလာကမွာ လက္ေတြ႕မဆန္တဲ့ စြမ္းရည္ေတြ ပိုင္ဆိုင္မယ္၊ တိုက္ခုိက္အသံုးျပဳႏုိင္မယ္၊ ဒါေပမဲ့ စိတ္ကူးယဥ္ ဆန္ဆန္ သ႐ုပ္ေဖာ္မႈ ဆိုတာကို ေမ့သြားေလာက္ေအာင္ စြမ္းရည္ေတြ ထည့္သြင္း ဖန္တီး ထားတာပါ။

Single အေနနဲ႔ေရာ Multi အေနနဲ႔ပါ ကစားႏုိင္မွာျဖစ္လုိ႔ အဖြဲ႕လုိက္ သူငယ္ခ်င္းေတြ ကစားေလ့ရွိသူေတြအတြက္ အဆင္ေျပ
ပါတယ္။ Single အေနနဲ႔ ဆိုရင္ ေတာ့ Solo အေနနဲ႔ စြန္႔စားခန္း ၀င္ရ၊ တိုက္ခိိုက္ရင္ဆိုင္ရမွာ ျဖစ္ၿပီး Multi အေနနဲ႔ ဆိုရင္ေတာ့
စုစုေပါင္း ၄ ေယာက္ထိေအာင္ အဖြဲ႕လိုက္ ဖြဲ႕ၿပီးကစားႏုိင္မွာ ျဖစ္ပါတယ္။ ဇာတ္ေကာင္ ေရြးခ်ယ္ ကစားမႈမွာ ရွိၿပီးသား ဇာတ္ေကာင္ေတြကိုပဲ ေရြးခ်ယ္ကစားလို႔လည္း ရတယ္၊ မိမိစိတ္ႀကိဳက္ ဇာတ္ေကာင္ သစ္ကို က်ား၊ မ၊ စြမ္းရည္၊ ပံုစံ၊ ေနာက္ခံအေနအထားေတြ ဖန္တီးၿပီးအသစ္ ဖန္တီးၿပီးေတာ့လဲ ကစားႏုိင္ဦးမွာပါ။

ဒါေပမဲ့ အထက္မွာ ေျပာခဲ့သလို Multi အေနနဲ႔ ကစားလို႔ ၄ ဦးထိ္ေအာင္ အဖြဲ႕လိုက္ ကစားသည္ပဲျဖစ္ေစ၊ Singleအေနနဲ႔ပဲ ကစားသည္ ျဖစ္ေစ အဓိကဇာတ္ေဆာင္ကေတာ့ တစ္ေယာက္တည္းျဖစ္ၿပီး က်န္ ၃ ဦးကေတာ့ အဓိကဇာတ္ေဆာင္ ကို အေထာက္အပံ့ေပးဖို႔ ပါရွိလာမယ့္ Assist အဖြဲ႕ပဲ ျဖစ္ပါတယ္။ အတူသြားမယ္၊ အတူတိုက္ခိုက္မယ္၊ တစ္ဦးနဲ႔ တစ္ဦးလိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးရင္း ေအာင္ျမင္ေအာင္ ကစားရမွာပါ။ ၿပီးေတာ့ Gamer ေတြ အႀကိဳက္ဆံုးျဖစ္မယ့္ အခ်က္ကေတာ့ LAN ခ်ိတ္ၿပီး သူငယ္ခ်င္းေတြနဲ႔ အေပ်ာ္ကစားလို႔ ရသလို Online အေနနဲ႔လည္း နယ္ေ၀းက ဆရာႀကီးေတြနဲ႔ ခ်ိတ္ၿပီး ကစားႏုိင္ဦးမွာပါ။

အဖြဲ႕လုိက္ ကစားသူေတြ အေနနဲ႔ အားသာခ်က္ တစ္ခုရွိေသးတာက မိမိအဖြဲ႕ထဲက ဇာတ္ေကာင္ေတြရဲ႕ စြမ္းရည္ေတြကို အခ်င္းခ်င္းလဲလွယ္ ကစားႏိုင္ေသးတာပဲ ျဖစ္ပါတယ္။ ကစားရမႈ အပိုင္းမွာ Competitive နဲ႔ Cooperative Mode ႏွစ္ခု  ေရြးခ်ယ္ကစားႏုိင္ၿပီး Cooperative ကေတာ့ သူငယ္ခ်င္းေတြနဲ႔ အဖြဲ႕ဖြဲ႕ၿပီး ကြန္ပ်ဴတာစနစ္ကို ရင္ဆိုင္ရမွာ ျဖစ္ေပမယ့္ Competitive ကေတာ့ အဖြဲ႕ ၂ ဖြဲ႕ခြဲၿပီး အခ်င္းခ်င္း ျပန္လည္တိုက္ခိုက္ ယွဥ္ၿပိဳင္ႏုိင္လို႔ ဘယ္သူကဆရာပိုက်တယ္ ဆိုတာကိုပါ အေျဖထုတ္ႏုိင္ဦးမယ့္ ဂိမ္းျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ထြက္ရွိလာၿပီး ၁ ပတ္အတြင္းမွာတင္ အခုႏွစ္အတြက္ အေကာင္းဆံုးဂိမ္းပါလုိ႔ သတ္မွတ္ခံရတာ ျဖစ္ပါလိမ့္မယ္။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

၂၀၁၈ ထဲဝင်လာတာ ၉ လရှိပြီနော်၊ စဉ်ဆက်မပြတ် အပတ်စဉ်ဂိမ်းသစ်တွေ Platform စုံနဲ့ ထွက်ရှိနေပေမယ့် ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က ထွက်ရှိလာတဲ့ အခုဂိမ်းသစ် Divinity: Original Sin II ကတော့ ထွက်ထွက်ချင်း မှာတင်ပဲ အခုနှစ်အတွက် အကောင်းဆုံး ဂိမ်းအဖြစ် သတ်မှတ်ခံလိုက်ရတာကတော့ ထူးဆန်းနေပါတယ်။ ဘယ်လောက်တောင် ကောင်းနေလို့ ပါလဲ။ တကယ်ဆို ပြီးခဲ့တဲ့နှစ် စက်တင်ဘာကတည်းက အခုဂိမ်းက Wins စနစ်နဲ့ ကစားနိုင်အောင် ထွက်ထားပြီးသားပါ၊ အခုအသစ်ထွက်လာတာက Upgrade လုပ်ထားပြီး PS4 နဲ့ရော Xbox One လို Console တွေနဲ့ပါ ကစားနိုင်အောင် ထွက်ရှိလာတာပါ။

အရင်ဆုံးဂိမ်းသစ်မှာ သဘောကျစရာ အကောင်းဆုံး အချက်က ရုပ်ထွက်ပါပဲ။ ပြင်ပလက်တွေ့ ဘဝရုပ်ထွက်တွေအတိုင်းနီးပါး ကြည်လင်ပြတ်သားပြီး အမြင်ပိုင်း အရမ်းကောင်းတယ်။ ပြီးတော့ အထူးလုပ်ဆောင်ချက်တွေ၊ ဂိမ်းဆိုတဲ့ အတိုင်းလက်တွေ့ မဟုတ်တဲ့ စိတ်ကူးယဉ် လောကမှာ လက်တွေ့မဆန်တဲ့ စွမ်းရည်တွေ ပိုင်ဆိုင်မယ်၊ တိုက်ခိုက်အသုံးပြုနိုင်မယ်၊ ဒါပေမဲ့ စိတ်ကူးယဉ် ဆန်ဆန် သရုပ်ဖော်မှု ဆိုတာကို မေ့သွားလောက်အောင် စွမ်းရည်တွေ ထည့်သွင်း ဖန်တီး ထားတာပါ။

Single အနေနဲ့ရော Multi အနေနဲ့ပါ ကစားနိုင်မှာဖြစ်လို့ အဖွဲ့လိုက် သူငယ်ချင်းတွေ ကစားလေ့ရှိသူတွေအတွက် အဆင်ပြေ
ပါတယ်။ Single အနေနဲ့ ဆိုရင် တော့ Solo အနေနဲ့ စွန့်စားခန်း ၀င်ရ၊ တိုက်ခိိုက်ရင်ဆိုင်ရမှာ ဖြစ်ပြီး Multi အနေနဲ့ ဆိုရင်တော့
စုစုပေါင်း ၄ ယောက်ထိအောင် အဖွဲ့လိုက် ဖွဲ့ပြီးကစားနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကောင် ရွေးချယ် ကစားမှုမှာ ရှိပြီးသား ဇာတ်ကောင်တွေကိုပဲ ရွေးချယ်ကစားလို့လည်း ရတယ်၊ မိမိစိတ်ကြိုက် ဇာတ်ကောင် သစ်ကို ကျား၊ မ၊ စွမ်းရည်၊ ပုံစံ၊ နောက်ခံအနေအထားတွေ ဖန်တီးပြီးအသစ် ဖန်တီးပြီးတော့လဲ ကစားနိုင်ဦးမှာပါ။

ဒါပေမဲ့ အထက်မှာ ပြောခဲ့သလို Multi အနေနဲ့ ကစားလို့ ၄ ဦးထိ်အောင် အဖွဲ့လိုက် ကစားသည်ပဲဖြစ်စေ၊ Singleအနေနဲ့ပဲ ကစားသည် ဖြစ်စေ အဓိကဇာတ်ဆောင်ကတော့ တစ်ယောက်တည်းဖြစ်ပြီး ကျန် ၃ ဦးကတော့ အဓိကဇာတ်ဆောင် ကို အထောက်အပံ့ပေးဖို့ ပါရှိလာမယ့် Assist အဖွဲ့ပဲ ဖြစ်ပါတယ်။ အတူသွားမယ်၊ အတူတိုက်ခိုက်မယ်၊ တစ်ဦးနဲ့ တစ်ဦးလိုအပ်ချက်တွေ ဖြည့်ဆည်းပေးရင်း အောင်မြင်အောင် ကစားရမှာပါ။ ပြီးတော့ Gamer တွေ အကြိုက်ဆုံးဖြစ်မယ့် အချက်ကတော့ LAN ချိတ်ပြီး သူငယ်ချင်းတွေနဲ့ အပျော်ကစားလို့ ရသလို Online အနေနဲ့လည်း နယ်ဝေးက ဆရာကြီးတွေနဲ့ ချိတ်ပြီး ကစားနိုင်ဦးမှာပါ။

အဖွဲ့လိုက် ကစားသူတွေ အနေနဲ့ အားသာချက် တစ်ခုရှိသေးတာက မိမိအဖွဲ့ထဲက ဇာတ်ကောင်တွေရဲ့ စွမ်းရည်တွေကို အချင်းချင်းလဲလှယ် ကစားနိုင်သေးတာပဲ ဖြစ်ပါတယ်။ ကစားရမှု အပိုင်းမှာ Competitive နဲ့ Cooperative Mode နှစ်ခု ရွေးချယ်ကစားနိုင်ပြီး Cooperative ကတော့ သူငယ်ချင်းတွေနဲ့ အဖွဲ့ဖွဲ့ပြီး ကွန်ပျူတာစနစ်ကို ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် Competitive ကတော့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး အချင်းချင်း ပြန်လည်တိုက်ခိုက် ယှဉ်ပြိုင်နိုင်လို့ ဘယ်သူကဆရာပိုကျတယ် ဆိုတာကိုပါ အဖြေထုတ်နိုင်ဦးမယ့် ဂိမ်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ထွက်ရှိလာပြီး ၁ ပတ်အတွင်းမှာတင် အခုနှစ်အတွက် အကောင်းဆုံးဂိမ်းပါလို့ သတ်မှတ်ခံရတာ ဖြစ်ပါလိမ့်မယ်။