Display ေခါက္သိမ္းထားႏိုင္တဲ့ OLED တီဗီတစ္မ်ိဳးကို LG မိတ္ဆက္

[ Zawgyi ]

LG ဟာ ၂၀၁၉ ခုႏွစ္မွာ ျဖန္႔ခ်ိေရာင္းခ်မယ့္ တီဗီေတြကို CES 2019 သတင္းစာရွင္းလင္းပြဲမွာ ေၾကညာခဲ့ပါတယ္။ LG ရဲ႕ OLED နဲ႔ LCD တီဗီေတြမွာ Apple AirPlay ေထာက္ပံ့မႈ ပါဝင္လာပါတယ္။ အဲဒီ LG တီဗီေတြထဲက ထူးျခားတာတစ္ခုကေတာ့ LG Signature OLED TV R (65R9) ျဖစ္ပါတယ္။ အဲဒီတီဗီမွာ လိပ္ထားႏိုင္ၿပီး အသုံးမျပဳတဲ့အခါမွာ ပါဝင္တဲ့ base မွာ ထည့္သိမ္းထားႏိုင္ပါတယ္။

အဲဒီတီဗီဟာ “ေတာ္လွန္တဲ့ တီထြင္ဆန္းသစ္မႈျဖစ္ၿပီး သာယာလွပတဲ့ ပတ္ဝန္းက်င္အတြက္ လူသားလိုအပ္ခ်က္ကုိ ေျဖရွင္းေပးႏိုင္တယ္” လို႔ LG ကေျပာခဲ့ပါတယ္။ အနာဂတ္မွာ သုံးစြဲသူေတြအတြက္ ျဖန္႔ခ်ိသြားမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

LG Signature OLED TV R (65R9) ဟာ concept ထုတ္ကုန္သစ္မဟုတ္ပါဘူ။ CES 2009 ျပပြဲတုနး္က လိပ္ထားႏိုင္တဲ့ ၁၃ လက္မအရြယ္ OLED display ေရွ႕ေျပးပုံစံကုိ ျပသခဲ့ဖူးပါတယ္။ အခုထုတ္ကုန္ကေတာ့ ၆၅လက္မရွိတဲ့ တီဗီျဖစ္ၿပီး ဒီႏွစ္မွာ ေဈးကြက္အတြင္း တင္ပုိ႔ေရာင္းခ်မွာ ျဖစ္ပါတယ္။

LG ရဲ႕ R တီဗီဟာ ၂၀၁၉ခုႏွစ္ထုတ္ 4K OLED ႐ုပ္ထြက္အရည္အေသြးနဲ႔ တူညီပါတယ္။ LG ရဲ႕ Alpha 9 Gen 2 CPU ကုိအသုံးျပဳထားတဲ့ AI image processing နဲ႔ 120Hz တို႔ပါဝင္လာပါတယ္။ တီဗီေအာက္ေျခမွာပါဝင္တဲ့ base မွာေတာ့ 4.2 channel, 100-watt soundbar နဲ႔ Dolby Atmos ေထာက္ပံ့မႈတို႔ ထည့္သြင္းထားပါတယ္။

စိုးထက္
Ref: ArsTechnica

[ Unicode ]

LG ဟာ ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိရောင်းချမယ့် တီဗီတွေကို CES 2019 သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ LG ရဲ့ OLED နဲ့ LCD တီဗီတွေမှာ Apple AirPlay ထောက်ပံ့မှု ပါဝင်လာပါတယ်။ အဲဒီ LG တီဗီတွေထဲက ထူးခြားတာတစ်ခုကတော့ LG Signature OLED TV R (65R9) ဖြစ်ပါတယ်။ အဲဒီတီဗီမှာ လိပ်ထားနိုင်ပြီး အသုံးမပြုတဲ့အခါမှာ ပါဝင်တဲ့ base မှာ ထည့်သိမ်းထားနိုင်ပါတယ်။

အဲဒီတီဗီဟာ “တော်လှန်တဲ့ တီထွင်ဆန်းသစ်မှုဖြစ်ပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်အတွက် လူသားလိုအပ်ချက်ကို ဖြေရှင်းပေးနိုင်တယ်” လို့ LG ကပြောခဲ့ပါတယ်။ အနာဂတ်မှာ သုံးစွဲသူတွေအတွက် ဖြန့်ချိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

LG Signature OLED TV R (65R9) ဟာ concept ထုတ်ကုန်သစ်မဟုတ်ပါဘူ။ CES 2009 ပြပွဲတုနး်က လိပ်ထားနိုင်တဲ့ ၁၃ လက်မအရွယ် OLED display ရှေ့ပြေးပုံစံကို ပြသခဲ့ဖူးပါတယ်။ အခုထုတ်ကုန်ကတော့ ၆၅လက်မရှိတဲ့ တီဗီဖြစ်ပြီး ဒီနှစ်မှာ ဈေးကွက်အတွင်း တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်။

LG ရဲ့ R တီဗီဟာ ၂၀၁၉ခုနှစ်ထုတ် 4K OLED ရုပ်ထွက်အရည်အသွေးနဲ့ တူညီပါတယ်။ LG ရဲ့ Alpha 9 Gen 2 CPU ကိုအသုံးပြုထားတဲ့ AI image processing နဲ့ 120Hz တို့ပါဝင်လာပါတယ်။ တီဗီအောက်ခြေမှာပါဝင်တဲ့ base မှာတော့ 4.2 channel, 100-watt soundbar နဲ့ Dolby Atmos ထောက်ပံ့မှုတို့ ထည့်သွင်းထားပါတယ်။

Ref: ArsTechnica