September 21, 2018

DETROIT

[ Zawgyi ]

Sony ကိုယ္တုိင္ သူ႔ရဲ႕ PS4 စက္နဲ႔ကစားႏိုင္ၿပီး Wins စနစ္ကြန္ပ်ဴတာေတြနဲ႔ပါ အဆင္ေျပမယ့္ ဂိမ္းသစ္တစ္ခုကို အခုလထဲမွာ ျဖန္႔ခ်ိလာပါတယ္။ သူကေတာ့ Detroit: Become Human ပါ။ ဂိမ္းမွာ အဓိကဇာတ္ေကာင္သံုးေကာင္နဲ႔ ဖန္တီးထားပါတယ္။ Kara, Corner နဲ႔ Markus တို႔ျဖစ္ပါတယ္။

၂၀၁၂ ခုႏွစ္ကထြက္ရွိခဲ့တဲ့ Quantic Dream ကို ပံုစံရယူဖန္တီးထားတဲ့ဂိမ္းျဖစ္ၿပီး Kara ကို အဓိက ဇာတ္ေဆာင္အျဖစ္နဲ႔ ထားရွိဖန္တီးထားတာပါ။ အခုဂိမ္းကိုဖန္တီးဖုိ႔ အေမရိကန္ႏုိင္ငံ၊ မက္ခ်ီကန္က ဒက္ထ႐ြိဳက္ၿမိဳ႕ရဲ႕ပံုစံအတိုင္း ရယူထားတယ္လုိ႔ ဆိုပါတယ္။

ဂိမ္းက Single အေနနဲ႔ပဲကစားႏိုင္မွာပါ။ ဂိမ္းအစမွာ သင့္ကိုေမးခြန္းေတြေမးပါလိမ့္မယ္။ ဒီေမးခြန္းေတြကို သင့္ေရြးခ်ယ္ေျဖဆိုတဲ့ အေပၚမွာမူတည္ၿပီးေတာ့ ဂိမ္းရဲ႕ဇာတ္လမ္းသြားက ကြဲသြားပါလိမ့္မယ္။ ၂၀၃၈ ခုႏွစ္ေရာက္သြားၿပီး သိပၸံေခတ္မွာ စက္႐ံုပံုစံ မွတ္ဉာဏ္တုန႔ဲ လူသားေတြကို အိမ္အကူေတြအျဖစ္ ထားရွိခိုင္းေစတယ္။ Kara ဆိုတာ ဒီလိုအိမ္အကူစက္႐ုပ္ေတြ ထဲကတစ္ဦး။ Corner ကေတာ့ ရဲတစ္ေယာက္။ Markus ကလည္း Kara လိုအရင္က စက္႐ုပ္ကေန ခံစားခ်က္ျဖစ္တည္လာၿပီး လူသားလို ေနထုိင္ႏုိင္ဖုိ႔ ထြက္ေျပးေနသူ။

လူသားေတြအတြက္ေတာ့ အခုလိုခံစားခ်က္ ကိုုယ္ပိုင္ရွိလာတဲ့ Kara လိုစက္႐ုပ္ေတြက အမိန္႔နာခံမႈ နည္းမယ့္ရန္သူေတြေပါ့။ ရွင္းလင္း ပစ္သင့္တယ္ဆိုတဲ့အေတြးနဲ႔ လုိက္ဖမ္းမယ္။ ပစ္ခတ္ၾကမယ္ေပါ့။ ဒီေတာ့ လူသားေတြရန္ကေရာ စက္႐ုပ္အခ်င္းခ်င္း တိုက္ခိုက္မႈေတြကိုပါ ေအာင္ျမင္ေအာင္ ေက်ာ္ျဖတ္တိုက္ခိုက္ကစားရပါလိမ့္မယ္။

ဂိမ္းကအခန္းဆက္ပံုစံ ဖန္တီးမႈမဟုတ္ဘဲ ဇာတ္လမ္းသြားပံုစံ ဖန္တီးထားတာပါ။ အစပိုင္းမွာေတာ့ Corner က Kara ကို လူဆိုးအျဖစ္ လုိက္ဖမ္းေပမယ့္ ေနာက္ေတာ့ Kara အေၾကာင္း ေသခ်ာသိလာၿပီး အကူအညီေပးမႈေတြ ရွိလာလို႔ ေနာက္ပိုင္းခက္ခဲတဲ့ အခန္းေတြမွာ Corner ရဲ႕အကူအညီက တန္ဖိုးႀကီးလာ ပါလိမ့္မယ္။ Markus ကေတာ့ အျဖည့္ခံသက္သက္ေလာက္ပဲျဖစ္ၿပီး အဓိကဇာတ္ေကာင္ မဟုတ္ဘူးလုိ႔ ဆိုႏုိင္ပါတယ္။ ဒါေပမဲ့ သူလည္းလံုၿခံဳေရး စက္႐ုပ္သေဘာမ်ိဳးျဖစ္လုိ႔ အစြမ္းေတြရွိတယ္၊ ဂိမ္းအတြင္း အသံုးဝင္မႈေကာင္းလိ႔ု ေမ့ထားလုိ႔ေတာ့ မရပါဘူး။ Become Human ဆိုတဲ့အတုိင္း Kara တို႔အေနနဲ႔ လူသားလိုလြတ္လပ္ဖုိ႔ သင့္ရဲ႕ကစားႏုိင္မႈက အေရးႀကီးလာပါလိမ့္မယ္။

Sony ရဲ႕ဖန္တီးမႈျဖစ္လုိ႔ ႐ုပ္ထြက္အရမ္းေကာင္းပါတယ္။ သိရသေလာက္ အခုဂိမ္းအတြက္တင္ ကုန္က်စရိတ္ ယူ႐ိုေဒၚလာသန္း ၃၀ ေလာက္ ရင္းႏွီးထားတာပါ။ ကင္မရာ႐ိုက္ခ်က္ေပါင္း ၃ ေသာင္းခြဲနဲ႔ သ႐ုပ္ေဖာ္ပံုေပါင္း ၇ ေသာင္းေက်ာ္ကို ပူးတြဲဖန္တီးထားတယ္လုိ႔ ဆိုပါတယ္။ IGN ကေန ေပးအပ္တဲ့ အေကာင္းဆံုးစြန္႔စားခန္း ဂိမ္းဆုကိုေတာင္ရထားလုိ႔ စက္႐ုပ္ကေန ခံစားခ်က္ျဖစ္တည္ၿပီး လူသားျဖစ္ႏုိင္ဖုိ႔ အားထုတ္သူေတြရဲ႕ ဇာတ္သိမ္းက သင့္လက္ထဲမွာပါ။ လူသားလိုလြတ္ေျမာက္တဲ့ဘဝရဖုိ႔ သင့္အေနနဲ႔
ရွင္သန္ႏုိင္မွာလား။ ဇာတ္ေကာင္တစ္ေကာင္ၿပီး တစ္ေကာင္ေျပာင္းကစားရင္းပဲ စက္႐ုပ္အိမ္အကူဘဝနဲ႔ လည္္ေနရမွာလား။ သင့္ရဲ႕စိန္ေခၚႏုိင္မႈစြမ္းရည္က အဓိကက်လာပါလိမ့္မယ္။

သက္ႏိုင္ဦး (UCSL)

=========

[ Unicode ]

DETROIT

=========

Sony ကိုယ်တိုင် သူ့ရဲ့ PS4 စက်နဲ့ကစားနိုင်ပြီး Wins စနစ်ကွန်ပျူတာတွေနဲ့ပါ အဆင်ပြေမယ့် ဂိမ်းသစ်တစ်ခုကို အခုလထဲမှာ ဖြန့်ချိလာပါတယ်။ သူကတော့ Detroit: Become Human ပါ။ ဂိမ်းမှာ အဓိကဇာတ်ကောင်သုံးကောင်နဲ့ ဖန်တီးထားပါတယ်။ Kara, Corner နဲ့ Markus တို့ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Quantic Dream ကို ပုံစံရယူဖန်တီးထားတဲ့ဂိမ်းဖြစ်ပြီး Kara ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ထားရှိဖန်တီးထားတာပါ။ အခုဂိမ်းကိုဖန်တီးဖို့ အမေရိကန်နိုင်ငံ၊ မက်ချီကန်က ဒက်ထရွိုက်မြို့ရဲ့ပုံစံအတိုင်း ရယူထားတယ်လို့ ဆိုပါတယ်။

ဂိမ်းက Single အနေနဲ့ပဲကစားနိုင်မှာပါ။ ဂိမ်းအစမှာ သင့်ကိုမေးခွန်းတွေမေးပါလိမ့်မယ်။ ဒီမေးခွန်းတွေကို သင့်ရွေးချယ်ဖြေဆိုတဲ့ အပေါ်မှာမူတည်ပြီးတော့ ဂိမ်းရဲ့ဇာတ်လမ်းသွားက ကွဲသွားပါလိမ့်မယ်။ ၂၀၃၈ ခုနှစ်ရောက်သွားပြီး သိပ္ပံခေတ်မှာ စက်ရုံပုံစံ မှတ်ဉာဏ်တုနဲ့ လူသားတွေကို အိမ်အကူတွေအဖြစ် ထားရှိခိုင်းစေတယ်။ Kara ဆိုတာ ဒီလိုအိမ်အကူစက်ရုပ်တွေ ထဲကတစ်ဦး။ Corner ကတော့ ရဲတစ်ယောက်။ Markus ကလည်း Kara လိုအရင်က စက်ရုပ်ကနေ ခံစားချက်ဖြစ်တည်လာပြီး လူသားလို နေထိုင်နိုင်ဖို့ ထွက်ပြေးနေသူ။

လူသားတွေအတွက်တော့ အခုလိုခံစားချက် ကိုုယ်ပိုင်ရှိလာတဲ့ Kara လိုစက်ရုပ်တွေက အမိန့်နာခံမှု နည်းမယ့်ရန်သူတွေပေါ့။ ရှင်းလင်း ပစ်သင့်တယ်ဆိုတဲ့အတွေးနဲ့ လိုက်ဖမ်းမယ်။ ပစ်ခတ်ကြမယ်ပေါ့။ ဒီတော့ လူသားတွေရန်ကရော စက်ရုပ်အချင်းချင်း တိုက်ခိုက်မှုတွေကိုပါ အောင်မြင်အောင် ကျော်ဖြတ်တိုက်ခိုက်ကစားရပါလိမ့်မယ်။

ဂိမ်းကအခန်းဆက်ပုံစံ ဖန်တီးမှုမဟုတ်ဘဲ ဇာတ်လမ်းသွားပုံစံ ဖန်တီးထားတာပါ။ အစပိုင်းမှာတော့ Corner က Kara ကို လူဆိုးအဖြစ် လိုက်ဖမ်းပေမယ့် နောက်တော့ Kara အကြောင်း သေချာသိလာပြီး အကူအညီပေးမှုတွေ ရှိလာလို့ နောက်ပိုင်းခက်ခဲတဲ့ အခန်းတွေမှာ Corner ရဲ့အကူအညီက တန်ဖိုးကြီးလာ ပါလိမ့်မယ်။ Markus ကတော့ အဖြည့်ခံသက်သက်လောက်ပဲဖြစ်ပြီး အဓိကဇာတ်ကောင် မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူလည်းလုံခြုံရေး စက်ရုပ်သဘောမျိုးဖြစ်လို့ အစွမ်းတွေရှိတယ်၊ ဂိမ်းအတွင်း အသုံးဝင်မှုကောင်းလို့ မေ့ထားလို့တော့ မရပါဘူး။ Become Human ဆိုတဲ့အတိုင်း Kara တို့အနေနဲ့ လူသားလိုလွတ်လပ်ဖို့ သင့်ရဲ့ကစားနိုင်မှုက အရေးကြီးလာပါလိမ့်မယ်။

Sony ရဲ့ဖန်တီးမှုဖြစ်လို့ ရုပ်ထွက်အရမ်းကောင်းပါတယ်။ သိရသလောက် အခုဂိမ်းအတွက်တင် ကုန်ကျစရိတ် ယူရိုဒေါ်လာသန်း ၃၀ လောက် ရင်းနှီးထားတာပါ။ ကင်မရာရိုက်ချက်ပေါင်း ၃ သောင်းခွဲနဲ့ သရုပ်ဖော်ပုံပေါင်း ရ သောင်းကျော်ကို ပူးတွဲဖန်တီးထားတယ်လို့ ဆိုပါတယ်။ IGN ကနေ ပေးအပ်တဲ့ အကောင်းဆုံးစွန့်စားခန်း ဂိမ်းဆုကိုတောင်ရထားလို့ စက်ရုပ်ကနေ ခံစားချက်ဖြစ်တည်ပြီး လူသားဖြစ်နိုင်ဖို့ အားထုတ်သူတွေရဲ့ ဇာတ်သိမ်းက သင့်လက်ထဲမှာပါ။ လူသားလိုလွတ်မြောက်တဲ့ဘဝရဖို့ သင့်အနေနဲ့
ရှင်သန်နိုင်မှာလား။ ဇာတ်ကောင်တစ်ကောင်ပြီး တစ်ကောင်ပြောင်းကစားရင်းပဲ စက်ရုပ်အိမ်အကူဘဝနဲ့ လည််နေရမှာလား။ သင့်ရဲ့စိန်ခေါ်နိုင်မှုစွမ်းရည်က အဓိကကျလာပါလိမ့်မယ်။

သက်နိုင်ဦး (UCSL)