Desire ဖုန်းသစ်တစ်မျိုးကို HTC ဖြန့်ချိဖွယ်ရှိ

Mobile World Congress 2018 ကျင်းပမယ့်ရက် သိပ်မလိုတော့တဲ့အချိန်မှာ ဖုန်းအသစ်တွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ spec တွေက ပေါက်ကြား ထွက်ပေါ်လာပါတယ်။ အခုအခါမှာတော့ တိကျတဲ့ပေါက်ကြားသတင်းတွေနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ Evan Blass က HTC အနေနဲ့ မကြာခင်မှာ Desire စီးရီးသစ်ကို မိတ်ဆက်ကြေညာဖွယ်ရှိတယ်လို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

HTC အနေနဲ့ codename “Breeze” လို့ခေါ်တဲ့ ဖုန်းတစ်မျိုးကို ဖန်တီးနေတယ်လို့ Blass က ဆိုပါတယ်။ တကယ်လို့ Blass ရဲ့ပြောကြားချက် မှန်ကန်ခဲ့မယ်ဆိုရင် အဲ့ဒီဖုန်းက 18:9 display ပါဝင်တဲ့ entry-level စမတ်ဖုန်းတစ်မျိုးကိုမိတ်ဆက်မယ့် ကြိုးပမ်းမှုတစ်ရပ် ဖြစ်လာမှာပါ။

ဒီဖုန်းဟာ entry-level ဖုန်းဖြစ်နိုင်တဲ့အတွက် spec တွေကလည်း စွမ်းဆောင်ရည်နိမ့်နိုင်ပါတယ်။ Blass ကတော့ အဲ့ဒီဖုန်းမှာ ၅.၅ လက်မ 18:9 display, MediaTek chipset, 2GB RAM, 16GB storag နဲ့ 2,730mAh ဘက်ထရီတို့ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

Blass ရဲ့ပြောကြားချက်တွေ မှန်ကုန်မှု ရှိ၊ မရှိကိုတော့ HTC ရဲ့ တရားဝင်မိတ်ဆက်ကြေညာချိန်အထိ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

-နောင်နောင်
Ref: AndroidAuthority