Design Thinking for Blockchains ႏွီးေႏွာဖလွယ္ပြဲက်င္းပမည္

[ Zawgyi ]

Design Thinking for Blockchains ႏွီးေႏွာဖလွယ္ပြဲကို စက္တင္ဘာလ ၂၉ ရက္၊ ေန႔လယ္ ၁ နာရီမွ ၃ နာရီအထိ Sule Shangri-La Hotel (ပင္းယခန္းမ) မွာ က်င္းပသြားမယ္လုိ႔ သိရပါတယ္။

ဒီပြဲကို James Cook University Singapore နဲ႔ MSI ႏိုင္ငံျခားပညာေရးဝန္ေဆာင္မႈတို႔ ပူးေပါင္း က်င္းပျခင္းျဖစ္ၿပီး အိုင္တီ နည္းပညာနဲ႔ စီးပြားေရးနယ္ပယ္ကို အၿပိဳင္အဆိုင္ ထိုးေဖာက္နည္းအျပင္၊ အဓိကက်တဲ့ Blockchains Technology ကို နားလည္ေစျခင္း ၊ ဒီဇိုင္း ၊ အုိင္တီနည္းပညာနဲ႔ စီးပြားေရးတို႔ကို အက်ိဳးရွိစြာအသံုးခ်နည္းစတဲ့ အခ်က္အလက္ေတြကို သိေစဖို႔ ျပဳလုပ္တာျဖစ္တယ္လို႔ သိရပါတယ္။

ေဆြးေႏြးပြဲေန႔မွာ James Cook University (Singapore Campus) ရဲ႕ Information Technology Lecturer ျဖစ္တဲ့ Dr. Shailey Chawla နဲ႔ Ms. Zin Mar Soe @ Yuki Regional Manager (IndoChina) တို႔မွ အေသးစိတ္ ေဆြးေႏြးေပးသြားမယ္လို႔ သိရပါတယ္။ James Cook University မွ ႏိုဝင္ဘာလ ေက်ာင္းဖြင့္ခ်ိန္အတြက္ ပညာသင္ေထာက္ပံ့ေၾကး စင္ကာပူေဒၚလာ ၁၀၀၀ မွ ၅၀၀၀ ႏွင့္ Application Fees ေက်ာင္းဝင္ေၾကး စင္ကာပူေဒၚလာ ၂၅၀ တို႔ကိုေပးအပ္သြားမယ္လို႔ သိရပါတယ္။

ေဆြးေႏြးပြဲသို႔ ဆယ္တန္းေအာင္ ၊ IGCSE နဲ႔ GCE ‘O’ Level ေအာင္ျမင္ၿပီးသူေတြ ၊ GCE ‘A’ Level နဲ႔ တကၠသိုလ္ တက္ေရာက္ ေနသူေတြ ၊ အစိုးရနဲ႔ ပုဂၢလိကတို႔ရဲ႕ Diploma နဲ႔ Bachelor ၿပီးဆံုး ေအာင္ျမင္ထားသူေတြ သြားေရာက္ေမးျမန္း ေဆြးေႏြးႏိုင္မွာ ျဖစ္ပါတယ္။ ပြဲတက္ေရာက္လုိသူေတြ အေနနဲ႔ ဖုန္း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ႔ ၀၁-၃၈၁၄၀၈ ကို ဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

Design Thinking for Blockchains နှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၂၉ ရက်၊ နေ့လယ် ၁ နာရီမှ ၃ နာရီအထိ Sule Shangri-La Hotel (ပင်းယခန်းမ) မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပွဲကို James Cook University Singapore နဲ့ MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှုတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး အိုင်တီ နည်းပညာနဲ့ စီးပွားရေးနယ်ပယ်ကို အပြိုင်အဆိုင် ထိုးဖောက်နည်းအပြင်၊ အဓိကကျတဲ့ Blockchains Technology ကို နားလည်စေခြင်း ၊ ဒီဇိုင်း ၊ အိုင်တီနည်းပညာနဲ့ စီးပွားရေးတို့ကို အကျိုးရှိစွာအသုံးချနည်းစတဲ့ အချက်အလက်တွေကို သိစေဖို့ ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနေ့မှာ James Cook University (Singapore Campus) ရဲ့ Information Technology Lecturer ဖြစ်တဲ့ Dr. Shailey Chawla နဲ့ Ms. Zin Mar Soe @ Yuki Regional Manager (IndoChina) တို့မှ အသေးစိတ် ဆွေးနွေးပေးသွားမယ်လို့ သိရပါတယ်။ James Cook University မှ နိုဝင်ဘာလ ကျောင်းဖွင့်ချိန်အတွက် ပညာသင်ထောက်ပံ့ကြေး စင်ကာပူဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ နှင့် Application Fees ကျောင်းဝင်ကြေး စင်ကာပူဒေါ်လာ ၂၅၀ တို့ကိုပေးအပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲသို့ ဆယ်တန်းအောင် ၊ IGCSE နဲ့ GCE ‘O’ Level အောင်မြင်ပြီးသူတွေ ၊ GCE ‘A’ Level နဲ့ တက္ကသိုလ် တက်ရောက် နေသူတွေ ၊ အစိုးရနဲ့ ပုဂ္ဂလိကတို့ရဲ့ Diploma နဲ့ Bachelor ပြီးဆုံး အောင်မြင်ထားသူတွေ သွားရောက်မေးမြန်း ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ပွဲတက်ရောက်လိုသူတွေ အနေနဲ့ ဖုန်း – ၀၉၅၁၀၃၉၁၅၊ ၀၉၄၂၀၀၃၇၆၁၆ နဲ့ ၀၁-၃၈၁၄၀၈ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။