September 21, 2018

Dell XPS 15 (2-in-1)

[ Zawgyi ]

အားသာခ်က္

ျမန္ဆန္ေကာင္းမြန္လွတဲ့ Laptop စြမ္းေဆာင္ရည္နဲ႔ ႐ုပ္ထြက္အရည္ အေသြးျမင့္မားလွတဲ့ 4K screen ေတြက သေဘာက်စရာ ေကာင္းလွပါတယ္။ ကီးဘုတ္ ကလည္း အသုံးျပဳရတာ အထူးကို ေကာင္းမြန္လွပါတယ္။

အားနည္းခ်က္

ဘက္ထရီန႔ဲ အသုံးျပဳႏုိင္မႈကေတာ့ ပုံမွန္ေလာက္ပဲရွိတယ္လို႔ ဆိုရမွာျဖစ္ၿပီး Dell XPS အမ်ဳိးအစား Laptop ေတြမွာ ေတြ႕ရတတ္တဲ့
ပုံစံအတုိင္း Webcam က အသုံးျပဳရတာ စိတ္တုိင္းအက်လွႀကီး မဟုတ္တာကို ခံစားရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

Laptop ရဲ႕ ျမင္ကြင္းအက်ယ္ကေတာ့ ၁၅.၆ လက္မရွိၿပီး ႐ုပ္ထြက္အရည္အေသြးကို 3840×2160 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ 4K Display က Touchscreen အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 3.1 GHz ရွိတဲ့ 8th Gen Intel Core i7-8705G processor ကို အသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 1TB PCIe NVMe SSD ကို တပ္ဆင္ထားပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ AMD Radon RX Vega M GL ေထာက္ပံ့ပါ၀င္ၿပီး 3DMark Ice Storm Unlimited လိုမ်ဳိး ဂရပ္ဖစ္ ဂိမ္းစမ္းသပ္မႈရဲ႕ ရလဒ္အမွတ္ ၁၅ဝ၂၅၇ ထိရွိတာက ပုံမွန္ ၈၂၁၂၂ ထက္ အထူးျမင့္မား လွတဲ့ရလဒ္ျဖစ္ပါတယ္။ Touchpad ကေတာ့ ၄.၁x၃.၁ လက္မအရြယ္အစား ရွိပါတယ္။ WiFi 802.11ac၊ Bluetooth 4.1 ေထာက္ပံ့ပါ၀င္ၿပီး SD card reader ေပါက္၊ USB 2.0၊
USB 3.1 with Type-C၊ HDMI ေပါက္နဲ႔ Thunderbolt 3 ေပါက္ ေတြပါ၀င္ပါတယ္။ ဘက္ထရီနဲ႔ ကို ၆ နာရီနဲ႔ ၂၈ မိနစ္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၉ ကီလိုဂရမ္ (၄.၃ ၅ ေပါင္) ရွိမွာျဖစ္ပါတယ္။

သုံးသပ္ခ်က္

စြမ္းေဆာင္ရည္ျမင့္မားၿပီး ပါးလႊာတဲ့ 2-in-1 အမ်ဳိးအစား Laptop ကို ကိုင္ခ်င္သူေတြအ XPS 15 ကေတာ့ အထူးပဲသင့္ေလ်ာ္လွပါတယ္။ 2-in-1 အမ်ဳိးအစားပါးလႊာတဲ့ Laptop ေတြထဲမွေတာ့ စြမ္းေဆာင္ရည္နဲ႔ ဂရပ္ဖစ္ပိုင္းအထူးျမင့္မားလွတဲ့ Laptop တစ္လုံးျဖစ္သလို 4K Display ကလည္း ပေရာ္ဖက္ရွင္နယ္ ဒီဇုိင္းနာေတြနဲ႔ ဗီဒီယုိတည္းျဖတ္သူေတြ၊ 3D ႐ုပ္ ၾကြဇာတ္ေကာင္ဖန္တီးသူေတြအတြက္ ေစ်းႏႈန္းႀကီးလွတဲ့ ဒီ Laptop က ေရြးခ်ယ္စရာတစ္ခု အေနနဲ႔ရွိေနမွာျဖစ္ပါတယ္။

တန္ဖိုး – ကန္ေဒၚလာ ၂၅၄၉
Ref – www.laptopmag.com

-ရဲထြဋ္ဝင္း

================

[ Unicode ]

Dell XPS 15 (2-in-1)

================

အားသာချက်

မြန်ဆန်ကောင်းမွန်လှတဲ့ Laptop စွမ်းဆောင်ရည်နဲ့ ရုပ်ထွက်အရည် အသွေးမြင့်မားလှတဲ့ 4K screen တွေက သဘောကျစရာ ကောင်းလှပါတယ်။ ကီးဘုတ် ကလည်း အသုံးပြုရတာ အထူးကို ကောင်းမွန်လှပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကတော့ ပုံမှန်လောက်ပဲရှိတယ်လို့ ဆိုရမှာဖြစ်ပြီး Dell XPS အမျိုးအစား Laptop တွေမှာ တွေ့ရတတ်တဲ့
ပုံစံအတိုင်း Webcam က အသုံးပြုရတာ စိတ်တိုင်းအကျလှကြီး မဟုတ်တာကို ခံစားရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Laptop ရဲ့ မြင်ကွင်းအကျယ်ကတော့ ၁၅.၆ လက်မရှိပြီး ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ 4K Display က Touchscreen အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 3.1 GHz ရှိတဲ့ 8th Gen Intel Core i7-8705G processor ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 1TB PCIe NVMe SSD ကို တပ်ဆင်ထားပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ AMD Radon RX Vega M GL ထောက်ပံ့ပါ၀င်ပြီး 3DMark Ice Storm Unlimited လိုမျိုး ဂရပ်ဖစ် ဂိမ်းစမ်းသပ်မှုရဲ့ ရလဒ်အမှတ် ၁၅ဝ၂၅၇ ထိရှိတာက ပုံမှန် ၈၂၁၂၂ ထက် အထူးမြင့်မား လှတဲ့ရလဒ်ဖြစ်ပါတယ်။ Touchpad ကတော့ ၄.၁x၃.၁ လက်မအရွယ်အစား ရှိပါတယ်။ WiFi 802.11ac၊ Bluetooth 4.1 ထောက်ပံ့ပါ၀င်ပြီး SD card reader ပေါက်၊ USB 2.0၊
USB 3.1 with Type-C၊ HDMI ပေါက်နဲ့ Thunderbolt 3 ပေါက် တွေပါ၀င်ပါတယ်။ ဘက်ထရီနဲ့ ကို ၆ နာရီနဲ့ ၂၈ မိနစ်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၉ ကီလိုဂရမ် (၄.၃ ၅ ပေါင်) ရှိမှာဖြစ်ပါတယ်။

သုံးသပ်ချက်

စွမ်းဆောင်ရည်မြင့်မားပြီး ပါးလွှာတဲ့ 2-in-1 အမျိုးအစား Laptop ကို ကိုင်ချင်သူတွေအ XPS 15 ကတော့ အထူးပဲသင့်လျော်လှပါတယ်။ 2-in-1 အမျိုးအစားပါးလွှာတဲ့ Laptop တွေထဲမှတော့ စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်ပိုင်းအထူးမြင့်မားလှတဲ့ Laptop တစ်လုံးဖြစ်သလို 4K Display ကလည်း ပရော်ဖက်ရှင်နယ် ဒီဇိုင်းနာတွေနဲ့ ဗီဒီယိုတည်းဖြတ်သူတွေ၊ 3D ရုပ် ကြွဇာတ်ကောင်ဖန်တီးသူတွေအတွက် စျေးနှုန်းကြီးလှတဲ့ ဒီ Laptop က ရွေးချယ်စရာတစ်ခု အနေနဲ့ရှိနေမှာဖြစ်ပါတယ်။

တန်ဖိုး – ကန်ဒေါ်လာ ၂၅၄၉
Ref – www.laptopmag.com

-ရဲထွဋ်ဝင်း