August 20, 2018

Dell Precision 3530

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၂၉၆ဝ
Ref: www.laptopmag.com

အားသာခ်က္

အၾကမ္းခံႏုိင္တဲ့ကိုယ္ထည္က သေဘာက်စရာေကာင္းလွသလို လုံၿခဳံေရးစနစ္လည္းေထာက္ပံ့ပါ၀င္တာက ဒီ Laptop ရဲ႕အားသာ
ခ်က္ျဖစ္ပါတယ္။ သက္ေသာင့္သက္သာနဲ႔အသုံးျပဳႏုိင္မယ့္ ကီးဘုတ္၊ က်ယ္ေလာင္ေကာင္းမြန္တဲ့ စပီကာစနစ္၊ ျမန္ဆန္တဲ့ စြမ္းေဆာင္ရည္ ရွိၿပီး ဘက္ထရီနဲ႔ကို အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။

အားနည္းခ်က္

Laptop ဒီဇုိင္းကေတာ့ အၾကမ္းခံႏုိင္ေအာင္ရည္ရြယ္ ထုတ္လုပ္ထားတာျဖစ္တဲ့အတြက္ အရမ္းႀကီးဆြဲေဆာင္မႈေတာ့ မရွိလွပါဘူး။
ေနာက္တစ္ခု Display က ေတာက္ပမႈနဲ႔ ကာလာပိုင္း အဆင္ေျပလွေပမယ့္ ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ ယွဥ္ရင္ေတာ့ သိပ္အားရမႈ မရွိလွပါဘူး။

သုံးသပ္ခ်က္

Dell Precision 3530 က အၾကမ္းခံၿပီး စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္လွတဲ့ Laptop တစ္လုံးျဖစ္သလို ႐ုိက္ကူးအသုံးျပဳရတာ ေကာင္းမြန္လွတဲ့ ကီးဘုတ္၊ အသံထြက္က်ယ္ေလာင္တဲ့ စပီကာနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တဲ့ ဘက္ထရီစနစ္ေတြရွိတဲ့ Laptop တစ္
လုံးပါ။ Xeon processor နဲ႔ Nvidia Quadro P600 ဂရပ္ဖစ္စနစ္ေတြ ေထာက္ပံ့ပါဝင္ေပမယ့္ စြမ္းေဆာင္ရည္ေကာင္းၿပီး ဒီဇုိင္းလွတဲ့ Laptop ကို ကိုင္ခ်င္သူေတြအတြက္ကေတာ့ ေရြးခ်ယ္စရာမဟုတ္လွပါဘူး။ ၁၅.၆ လက္မ Display က ဒီထက္ပိုေကာင္းသင့္တယ္လို႔
ထင္ပါတယ္။ ဒါေပမဲ့ ခရီးၾကမ္း သြားလာရ သြားလာလႈပ္ရွားေနရသူေတြအတြက္ကေတာ့ လုံၿခဳံေရးဆုိင္ရာ လက္ေဗြစနစ္ေထာက္ပံ့
ပါဝင္ၿပီး အလြယ္တကူ မက်ဳိးပဲ့ႏုိင္တဲ့ အၾကမ္းခံတဲ့ ကိုယ္ထည္ဒီဇုိင္းရွိတဲ့ စြမ္းေဆာင္ရည္ျမင့္ Laptop တစ္လုံးျဖစ္တဲ့ Dell Precision 3530 က ေရြးခ်ယ္စရာေကာင္း တစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိေထာက္ပံ့ေပးႏုိင္တဲ့ IPS LCD panel အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 2.7GHz ရွိတဲ့ Intel Xeon Processor E-2176M processor ကိုအသုံးျပဳထားၿပီး RAM 32GB နဲ႔ အခ်က္အလက္သိုေလွာင္ႏုိင္မႈကေတာ့ 512SSD HDD ရွိမွာျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Nvidia Quadro P600 GPU (4GB) ေထာက္ပံ့ပါဝင္ၿပီး တုံ႔ျပန္မႈေကာင္းမြန္လွတဲ့အျပင္ Windows 10 gesture စနစ္ေထာက္ပံ့ပါဝင္တဲ့ Touchpad က ၃.၉x၂.ဝ လက္မအရြယ္အစား ရွိပါတယ္။ Intel Dual Band Wireless AC 9560, 802.11ac, MU-MIMO Dual Band 2×2၊ Bluetooth 5.0၊ Smart card slot ေပါက္၊ Thunderbolt 3၊ USB 3.1 ေပါက္၊ security lock slot ေပါက္၊ Fingerprint reader နဲ႔ HDMI 2.0 ေပါက္ေတြ ပါဝင္ပါတယ္။ WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔အြန္လုိင္းအဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၈ နာရီနဲ႔ ၅၃ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၂.၃ ကီလိုဂရမ္ (၅.၁၄ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode

တန်ဖိုး – ကန်ဒေါ်လာ ၂၉၆ဝ
Ref: www.laptopmag.com

အားသာချက်

အကြမ်းခံနိုင်တဲ့ကိုယ်ထည်က သဘောကျစရာကောင်းလှသလို လုံခြုံရေးစနစ်လည်းထောက်ပံ့ပါ၀င်တာက ဒီ Laptop ရဲ့အားသာ
ချက်ဖြစ်ပါတယ်။ သက်သောင့်သက်သာနဲ့အသုံးပြုနိုင်မယ့် ကီးဘုတ်၊ ကျယ်လောင်ကောင်းမွန်တဲ့ စပီကာစနစ်၊ မြန်ဆန်တဲ့ စွမ်းဆောင်ရည် ရှိပြီး ဘက်ထရီနဲ့ကို အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်

Laptop ဒီဇိုင်းကတော့ အကြမ်းခံနိုင်အောင်ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အရမ်းကြီးဆွဲဆောင်မှုတော့ မရှိလှပါဘူး။
နောက်တစ်ခု Display က တောက်ပမှုနဲ့ ကာလာပိုင်း အဆင်ပြေလှပေမယ့် ပြိုင်ဘက်မော်ဒယ်တွေနဲ့ ယှဉ်ရင်တော့ သိပ်အားရမှု မရှိလှပါဘူး။

သုံးသပ်ချက်

Dell Precision 3530 က အကြမ်းခံပြီး စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်လှတဲ့ Laptop တစ်လုံးဖြစ်သလို ရိုက်ကူးအသုံးပြုရတာ ကောင်းမွန်လှတဲ့ ကီးဘုတ်၊ အသံထွက်ကျယ်လောင်တဲ့ စပီကာနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တဲ့ ဘက်ထရီစနစ်တွေရှိတဲ့ Laptop တစ်လုံးပါ။ Xeon processor နဲ့ Nvidia Quadro P600 ဂရပ်ဖစ်စနစ်တွေ ထောက်ပံ့ပါဝင်ပေမယ့် စွမ်းဆောင်ရည်ကောင်းပြီး ဒီဇိုင်းလှတဲ့ Laptop ကို ကိုင်ချင်သူတွေအတွက်ကတော့ ရွေးချယ်စရာမဟုတ်လှပါဘူး။ ၁၅.၆ လက်မ Display က ဒီထက်ပိုကောင်းသင့်တယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ခရီးကြမ်း သွားလာရ သွားလာလှုပ်ရှားနေရသူတွေအတွက်ကတော့ လုံခြုံရေးဆိုင်ရာ လက်ဗွေစနစ်ထောက်ပံ့ပါဝင်ပြီး အလွယ်တကူ မကျိုးပဲ့နိုင်တဲ့ အကြမ်းခံတဲ့ ကိုယ်ထည်ဒီဇိုင်းရှိတဲ့ စွမ်းဆောင်ရည်မြင့် Laptop တစ်လုံးဖြစ်တဲ့ Dell Precision 3530 က ရွေးချယ်စရာကောင်း တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိထောက်ပံ့ပေးနိုင်တဲ့ IPS LCD panel အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 2.7GHz ရှိတဲ့ Intel Xeon Processor E-2176M processor ကိုအသုံးပြုထားပြီး RAM 32GB နဲ့ အချက်အလက်သိုလှောင်နိုင်မှုကတော့ 512SSD HDD ရှိမှာဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Nvidia Quadro P600 GPU (4GB) ထောက်ပံ့ပါဝင်ပြီး တုံ့ပြန်မှုကောင်းမွန်လှတဲ့အပြင် Windows 10 gesture စနစ်ထောက်ပံ့ပါဝင်တဲ့ Touchpad က ၃.၉x၂.ဝ လက်မအရွယ်အစား ရှိပါတယ်။ Intel Dual Band Wireless AC 9560, 802.11ac, MU-MIMO Dual Band 2×2၊ Bluetooth 5.0၊ Smart card slot ပေါက်၊ Thunderbolt 3၊ USB 3.1 ပေါက်၊ security lock slot ပေါက်၊ Fingerprint reader နဲ့ HDMI 2.0 ပေါက်တွေ ပါဝင်ပါတယ်။ WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့အွန်လိုင်းအဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၈ နာရီနဲ့ ၅၃ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၂.၃ ကီလိုဂရမ် (၅.၁၄ ပေါင်) ရှိမှာဖြစ်ပါတယ်။