Dell Chromebook 3189

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၃၄၉

အားသာခ်က္

အၾကမ္းခံတဲ့ကိုယ္ထည္၊ ေကာင္းမြန္တဲ့ အသံထြက္ပိုင္းေတြရွိတဲ့အျပင္ ဘက္ထရီနဲ႔ကို အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာက ဒီ Laptop ရဲ႕ အားသာခ်က္ျဖစ္ပါတယ္။

အားနည္းခ်က္

တုံ႔ျပန္မႈေကာင္းမြန္တဲ့ Touch screen ကေတာ့ အနည္းငယ္ မွိန္တယ္လို႔ ခံစားရပါတယ္။ ေနာက္တစ္ခုက Multitasking အေနနဲ႔ ေဆာ့ဖ္ဝဲႏွစ္ခုေလာက္ တစ္ၿပိဳင္နက္အသုံးျပဳျခင္းအတြက္ စြမ္းေဆာင္ရည္ပိုင္း အနည္းငယ္ အားနည္းတယ္လို႔ ဆိုရပါမယ္။

သုံးသပ္ခ်က္

ေက်ာင္းသားသုံးအေနနဲ႔ ဖန္တီးထားတဲ့ ဒီ Laptop က 2-in-1 ပုံစံနဲ႔ Tablet PC လို Laptop လိုမ်ဳိး အသုံးျပဳႏုိင္တဲ့အျပင္ ဗိုင္းရပ္စ္အလြယ္တကူ မ၀င္ႏုိင္တာေတြက အဆင္ေျပလွပါတယ္။ Dell Chromebook 3189 မွာ Google Operating System ကို အသုံးျပဳထားၿပီး Google အေနနဲ႔ ေနာက္ပိုင္း OS update ေတြမွာ Android apps ေတြကို အသုံးျပဳႏုိင္ေအာင္ ေထာက္ပံ့ေပးသြားမယ္ဆို ပိုေကာင္းပါမယ္။ ၁၁ လက္မအရြယ္ Laptop တစ္လုံးက စြမ္းေဆာင္ရည္ပိုင္းနဲ႔ Display က အရမ္းအေကာင္ႀကီး မဟုတ္ေပမယ့္ အၾကမ္းခံတဲ့ကုိယ္ထည္၊ ေကာင္းမြန္တဲ့အသံထြက္နဲ႔ တစ္ေန႔တာအသုံးျပဳႏိုင္တဲ့ ဘက္ထရီ သက္တမ္းေတြက သေဘာက်စရာေကာင္းတာေတြက ေက်ာင္းသားလူငယ္ေတြနဲ႔ အၾကမ္းခံတဲ့ 2-in-1 အမ်ဳိးအစားကို ရွာေနတဲ့ မိဘေတြအတြက္ ေရြးခ်ယ္သင့္တဲ့ Laptop တစ္လုံးလို႔ ဆိုရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၁.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1366×768 pixel ထိ ေထာက္ပံ့ေပးႏုိင္္တဲ့ Touch-screen အမ်ဳိးအစားျဖစ္ပါတယ္။ Intel Celeron N3060 Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Intel HD Graphics 400 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 4GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 32 GB eMMC ကို အသုံးျပဳထားပါတယ္။ Webcam ကေတာ့ 720p အမ်ဳိးအစားျဖစ္ၿပီး Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါတယ္။ Wi-Fi 802.11ac, Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္ပါတယ္။ USB 3.0 ေပါက္၊ HDMI ေပါက္နဲ႔ SD ကတ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၉ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာျဖစ္ ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၄၉

အားသာချက်

အကြမ်းခံတဲ့ကိုယ်ထည်၊ ကောင်းမွန်တဲ့ အသံထွက်ပိုင်းတွေရှိတဲ့အပြင် ဘက်ထရီနဲ့ကို အချိန် ကြာကြာအသုံးပြုနိုင်တာက ဒီ Laptop ရဲ့ အားသာချက်ဖြစ်ပါတယ်။

အားနည်းချက်

တုံ့ပြန်မှုကောင်းမွန်တဲ့ Touch screen ကတော့ အနည်းငယ် မှိန်တယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုက Multitasking အနေနဲ့ ဆော့ဖ်ဝဲနှစ်ခုလောက် တစ်ပြိုင်နက်အသုံးပြုခြင်းအတွက် စွမ်းဆောင်ရည်ပိုင်း အနည်းငယ် အားနည်းတယ်လို့ ဆိုရပါမယ်။

သုံးသပ်ချက်

ကျောင်းသားသုံးအနေနဲ့ ဖန်တီးထားတဲ့ ဒီ Laptop က 2-in-1 ပုံစံနဲ့ Tablet PC လို Laptop လိုမျိုး အသုံးပြုနိုင်တဲ့အပြင် ဗိုင်းရပ်စ်အလွယ်တကူ မဝင်နိုင်တာတွေက အဆင်ပြေလှပါတယ်။ Dell Chromebook 3189 မှာ Google Operating System ကို အသုံးပြုထားပြီး Google အနေနဲ့ နောက်ပိုင်း OS update တွေမှာ Android apps တွေကို အသုံးပြုနိုင်အောင် ထောက်ပံ့ပေးသွားမယ်ဆို ပိုကောင်းပါမယ်။ ၁၁ လက်မအရွယ် Laptop တစ်လုံးက စွမ်းဆောင်ရည်ပိုင်းနဲ့ Display က အရမ်းအကောင်ကြီး မဟုတ်ပေမယ့် အကြမ်းခံတဲ့ကိုယ်ထည်၊ ကောင်းမွန်တဲ့အသံထွက်နဲ့ တစ်နေ့တာအသုံးပြုနိုင်တဲ့ ဘက်ထရီ သက်တမ်းတွေက သဘောကျစရာကောင်းတာတွေက ကျောင်းသားလူငယ်တွေနဲ့ အကြမ်းခံတဲ့ 2-in-1 အမျိုးအစားကို ရှာနေတဲ့ မိဘတွေအတွက် ရွေးချယ်သင့်တဲ့ Laptop တစ်လုံးလို့ ဆိုရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၁.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1366×768 pixel ထိ ထောက်ပံ့ပေးနိုင််တဲ့ Touch-screen အမျိုးအစားဖြစ်ပါတယ်။ Intel Celeron N3060 Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel HD Graphics 400 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 4GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 32 GB eMMC ကို အသုံးပြုထားပါတယ်။ Webcam ကတော့ 720p အမျိုးအစားဖြစ်ပြီး Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac, Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ USB 3.0 ပေါက်၊ HDMI ပေါက်နဲ့ SD ကတ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ် ပါတယ်။

Ref: www.laptopmag.com