September 20, 2018
Dead Cells
[ Zawgyi ]
-သက်နိုင်ဦး (UCSL)
[ Unicode ]
မြင်နေကျပုံစံမဟုတ်တဲ့ ဇာတ်လမ်းသွားဆန်းဆန်းဂိမ်းက စားချင်သူတွေ အတွက်ကတော့ အခုလဆန်းကမှ ထွက်ရှိထား တဲ့ Dead Cells က စိတ်ကြိုက် ဖြစ်ပါလိမ့်မယ်။ Platform စုံနဲ့ ကစားနိုင်အောင် ဖန်တီးထား တယ်။ ဒါပေမဲ့ ဇာတ်ကောင်က တစ်ကောင်တည်းဖြစ်လို့ Multi တော့ ကစားလို့မရနိုင်ပါဘူး။အ လွယ်တမ်းပြောရရင်တော့တိုက် ခိုက်ရေးဂိမ်းလို့ဆိုရမှာပေါ့။ Wins စနစ်လည်း အဆင်ပြေတယ်၊ macOS လည်း ရတယ်၊ Linux သမားတွေလည်း ထည့်ကစားပါ၊ PS4ကိုင်ထားသူတွေလည်း ကစားနိုင်မယ်၊ Xbox One နဲ့လည်းရပြီးတော့ Nintendo Switch ထဲမှာပါ ကစားနိုင်လို့ အခုမှအသစ်ထွက်လာပြီးဒီလောက် Platform စုံအောင် ကစားနိုင်တဲ့ဂိမ်းက လက်ချိုးရေလို့တောင် ရနိုင်ပါတယ်။
ဇာတ်ကောင်က လူပုံစံသေနေပြီးသား သန္ဓေပြောင်း သတ္တဝါရဲ့နေရာကို ဝင်ကစားရမှာပါ။ ခန္ဓာသေသွားပေမယ့် ဆဲလ်တွေ ပြန်လည် ရှင်သန်ပြီး ရန်သူတွေကို ရင်ဆိုင်ရမှာပါ။ ဒီတော့ နောက်တစ်ခါ ဆဲလ်တွေမသေအောင်၊ ကိုယ်ပြန်မသေအောင် အနိုင်ရအောင် တိုက်ခိုက်ရမှာပါ။ ကစားသူအနေနဲ့ လက်နက်မျိုးစုံကို ကိုင်တွယ်အသုံးပြုနိုင် ပါလိမ့််မယ်။ ပြီးတော့ ရန်သူတွေကို တိုက်ခိုက်ပြီး ကျောက်မျက်တွေ ရယူစုဆောင်းရမယ်၊ ဒီကျောက်မျက်တွေနဲ့ ကိုယ်လိုအပ်တဲ့ Item ပြည့်အောင်စပ်ပြီး အဆင့်မြှင့်ရမှာ ဖြစ်ပါတယ်။ အဆင့်တိုင်း ရန်သူက အင်အားကောင်းလာသလို အရွယ်အစားပါ ကြီးမားလာလို့ တစ်ဆင့်ပြီး တစ်ဆင့် စိန်ခေါ်မှု ကြီးလာပြီး စိတ်ဝင်စားစရာ ကောင်းစေတဲ့ဂိမ်းပါ။
သင့်အနေနဲ့ အဆင့်တစ်ဆင့်မှာ အသက်တစ်သက်ပဲ ရပါလိမ့်မယ်။ တကယ်လို့တစ်ကြိမ် သေသွားရင်တော့ ရောက်လက်စအဆင့်ရဲ့ အစကနေ ပြန်ကစားရပါလိမ့်မယ်။ The Binding of Isaac ဂိမ်းကစားဖူးသူတွေ အနေနဲ့တော့ ဖန်တီးမှုချင်းဆင်လို့ ကစားရပိုပြီး အဆင်ပြေမယ် ထင်ပါတယ်။ အဆင့်တစ်ဆင့် အောင်မြင်တိုင်း လက်နက်အသစ် အသုံးပြုနိုင်မှုတွေ၊ ခံနိုင်ရည် အားတွေ၊ စွမ်းဆောင်ရည်တွေ၊ Item အသုံးပြုနိုင်မှုတွေ မြင့်လာမှာပါ။ ပြီးတော့ တစ်ဆင့်အောင်တိုင်း အပိုဆုကြေးလည်းရလို့ လိုအပ်တာတွေ ဝယ်ဖို့ပိုလွယ်စေပါတယ်။ တစ်ခုသိထားရမှာက တစ်ဆင့်အောင်ပြီး လက်နက်အသစ် ပွင့်လာပေမယ့် အဆိုပါလက်နက်အသစ်က နောက် တစ်ဆင့်မှာသုံးဖို့ မသေချာဘဲ မှန်ကန်တဲ့ လက်နက်ကို ရွေးချယ်ကစားတတ်ဖို့ လိုအပ်တာပဲ ဖြစ်ပါတယ်။
ဂိမ်းရဲ့အဆင့်တိုင်းက ပုံသေရန်သူနဲ့ အနေအထား မဟုတ်ဘဲ ကျပန်းပြောင်းလဲနေမှာဖြစ်လို့ ပုံသေတွက်ထားလို့ မရပြန်ပါဘူး။ ရန်သူရဲ့ ခေါင်းဆောင်ကိုတော့ Keepers လို့ခေါ်ပြီး လက်ရှိ Version မှာ Keepers ၄ ကောင်ပါရှိပါတယ်။ Incomplete One, The Watcher, The Assassin နဲ့ The Hand of the King တွေ ဖြစ်ပြီး သူတို့ကို ရှာဖွေသတ်ဖြတ်ရမှာပါ။ နောက်ပိုင်း Upgrade လုပ်ဖို့ ရှိတယ်လို့သိရ ပြီး ဂိမ််းအခန်းဆက်ရော Keepers ပါ အရေအတွက် တိုးလာဖို့ ရှိနေပါတယ်။ Online အနေနဲ့လည်း ကစားနိုင်ပြီး ကစားသူက Stream လွှင့်ထားမယ်ဆိုရင် တခြား Online ရှိသူတွေက ဘယ်လိုကစားသလဲ Live ကြည့်နိုင်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ကိုယ်က မက စားတတ်သေးဘူး ဆိုရင်တော့ Onlineမှာ တက်ကြည့်ပြီး ပညာယူ ကစားနိုင်မယ့် သဘောကျစရာ ကောင်းတဲ့ ဂိမ်းသစ်ပါပဲ။