Darkwood

[ Zawgyi ]

အခုတစ္ပတ္ေတာ့ သည္းထိတ္ရင္ဖို ကစားရမယ့္ သရဲဂိမ္း ဆန္ဆန္ ဂိမ္းသစ္ေလးနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ ဇာတ္လမ္းသြားပံုစံ စခန္းသြားအေနနဲ႔ ေျမပံုအတိုင္း ခရီးအဆံုးထိေအာင္ ရွင္သန္ႏိုင္ဖို႔ ႀကိဳးစားရမယ္၊ တကယ္ဆို အခုဂိမ္းက Mini ပံုစံနဲ႔ ၂၀၁၄ ကတည္းက ထြက္ေနခဲ့တာ ျဖစ္ေပမယ့္ ၂၀၁၇ အတြင္းမွာမွ ေျမပံုျပည့္ ကစားႏိုင္တဲ့ ဂိမ္းျဖစ္လာတယ္၊ ႐ုရွနယ္ေျမ တစ္ခုမွာ ပိတ္မိေရာက္ရွိေနတဲ့ ဇာတ္ေကာင္တစ္ေယာက္အေနနဲ႔ ေအာင္ျမင္ေအာင္ လြတ္လမ္းရွာေဖြ ကစားရမွာပါ။ အရင္က Wins စနစ္ အတြက္ပဲ ကစားႏုိင္ေအာင္ ဖန္တီးထားခ့ဲေပမယ့္ အခုႏွစ္ေတြ အတြင္းမွာ Darkwood ကစားသူ ျမင့္တက္ေအာင္ျမင္လာတာေၾကာင့္ အခုဆိုရင္ MacOS, SteamOS, Ununtu ေတြအျပင္ Console နဲ႔ဆိုရင္ PS4, Xbox One, Nintendo Switch အစံုနဲ႔ကစား ႏုိင္လာတာ ေတြ႕ရပါတယ္။

Single အေနနဲ႔ပဲ ကစားႏုိင္မွာျဖစ္ၿပီး သည္းထိတ္ရင္ဖိုဂိမ္းျဖစ္လုိ႔ သရဲေၾကာက္တတ္သူေတြ တစ္ေယာက္တည္း ကစားႏုိင္ဖို႔ ခက္မယ္လုိ႔ေတာင္ ဆိုရပါမယ္။ အသံပိုင္း ဖန္တီးထည့္သြင္းထား မႈကလည္း တိတ္ဆိတ္မႈ မ်ားတယ္၊ ထိတ္လန္႔ခန္းေတြမွာ အသံျမႇင့္ထားလို႔ ႐ုတ္တရက္ ေၾကာက္လန္႔စိုးထိတ္ေစမႈ အျပည့္ေပးႏိုင္တာလည္း ေတြ႕ရပါတယ္။ ေျမပံုအတုိင္း ကစားရတဲ့ ဂိမ္းျဖစ္ေပမယ့္ Semi-open World ပံုစံကိုယ့္စိတ္ႀကိဳက္ သြားလို႔ရပါတယ္။ ေျမပံုအဆံုးသတ္ကိုပဲ ေက်ာ္လုိ႔ မရတာတစ္ခုပါပဲ။

အေမွာင္ခန္းမ်ားေပမယ့္ ေန႔၊ ည တစ္လွည့္စီ လက္ေတြ႕ဆန္ဆန္ ျဖတ္သန္းသြားလာရမႈ ရွိတယ္၊ မိမိသြားရာ လမ္းတစ္ေလွ်ာက္ လိုအပ္တဲ့ ပစၥည္းေတြကို ေကာက္ယူသိမ္းဆည္းရမႈ ရွိမယ္၊ စုေဆာင္းထားႏုိင္မႈရွိမယ္၊ တိုက္ခိုက္မႈ လုပ္ႏုိင္မယ္၊ လက္နဲ႔ တိုက္ခိုက္မႈအျပင္ ေသနတ္လို လက္နက္ေတြ ေကာက္ယူထားႏုိင္မယ္ဆိုရင္ ေသနတ္သံုးႏုိင္မွာလည္း ျဖစ္ပါတယ္။ ေန႔ပိုင္းမွာ ကစားသူကျမင္ ကြင္းက်ယ္က်ယ္ ပိုျမင္ႏုိင္မယ္၊ Item နဲ႔ဆင္တဲ့ လိုအပ္တဲ့ ပစၥည္းရွာေဖြ စုေဆာင္းမႈ ပိုလုပ္ႏိုင္မယ္။ ၿပီးေတာ့ လိုအပ္တ့ဲ ျပင္ဆင္မႈေတြ၊ အိမ္နဲ႔တူတဲ့ ကစားသူစခန္းခ်ရာ အေဆာက္အဦကို လံုၿခံဳေအာင္ ျပင္ဆင္မႈေတြ လုပ္ေဆာင္ရမွာပါ။ ညဘက္မွာေတာ့ ကစားသူအေနနဲ႔ ရွင္သန္ႏုိင္ဖို႔ တစ္ခုတည္းကိုပဲ ဦးစားေပးကစားရေတာ့မွာပါ။ ေနရာစံုကေန အႏၲရာယ္စံုက်ေရာက္လာႏုိင္ၿပီး မိမိကိုဇာတ္သိမ္းေပးသြား ေစႏုိင္ပါတယ္။ ေမွာ္က်ိန္စာမိေနတယ္လုိ႔ ဆိုႏုိင္မယ့္ ေတာနက္ထဲမွာ Zombie ဆန္ဆန္ လူသားေတြရဲ႕ တိုက္ခိုက္မႈကို တစ္ညလံုးရင္ဆိုင္ ေက်ာ္ျဖတ္ၿပီး မိုးလင္းသည္အထိေအာင္ ရွင္သန္ႏုိင္ရမွာ ျဖစ္ပါတယ္။

Trader လို႔ ေခၚတဲ့ ေစ်းသည္တစ္ဦးပါမယ္၊ သူကေတာ့ ကစားသူကိုလိုအပ္တဲ့ ပစၥည္းေတြ လဲလွယ္ေရာင္းခ်ေပးမယ့္သူပါ။ ကစားသူက သူရွာေဖြထားသမွ် ပစၥည္းေတြကို Trader ဆီမွာ သတ္မွတ္ႏႈန္းထားအတိုင္း လဲလွယ္ႏုိင္ပါတယ္။ ပိုမိုခက္ခဲတဲ့ ရန္သူကိုရင္ဆိုင္ဖို႔ ပိုေကာင္းတဲ့ လက္နက္ေတြ ၀ယ္ယူရာမွာ Trader ဆီက ရယူရမွာပါ။ ဂိမ္းရဲ႕ အဓိကဖန္တီးထားမႈကေတာ့ သင့္အေနနဲ႔ တကယ္တမ္း ေတာနက္ထဲမွာ တစ္ေယာက္တည္းဆိုရင္ ဘယ္လိုရွင္သန္ေအာင္ ႀကိဳးစားေနထိုင္မလဲဆိုတ့ဲ သေဘာပါ။ ေျမပံုအစိတ္အပိုင္းတစ္ခု ေအာင္ျမင္ၿပီးတိုင္း ေနာက္ထပ္ ေျမပံုတစ္ခု Lock ပြင့္မယ္၊ ဒါေပမဲ့ မိမိအႏုိင္ရၿပီးသား ေျမပံုက Lock ျပန္က်ၿပီး မိမိရင္မဆိုင္ဖူးတဲ့ ရန္သူအသစ္ေတြနဲ႔ ျပန္ေစာင့္ ေနမယ္၊ အခုဂိမ္းကစိတ္ရွည္ရွည္ ဂိမ္းကစားတတ္သူေတြ သေဘာက်မယ့္ ပံုစံပါ။ အခ်ိန္ေပးကစားရမယ္၊ မိမိကိုယ္ကို ကာကြယ္မႈရေစဖို႔ ေထာင္ေခ်ာက္ေတြေထာင္၊ လက္နက္ေတြစုၿပီး ေမွာ္၀င္ညကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားရမွာပါ။ သင့္ အေနနဲ႔ေရာ Darkwood ဆိုတဲ့ ေတာနက္ထဲ တစ္ေယာက္တည္း သြားမၾကည့္ခ်င္ဘူးလား?

[ Unicode ]

အခုတစ်ပတ်တော့ သည်းထိတ်ရင်ဖို ကစားရမယ့် သရဲဂိမ်း ဆန်ဆန် ဂိမ်းသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းသွားပုံစံ စခန်းသွားအနေနဲ့ မြေပုံအတိုင်း ခရီးအဆုံးထိအောင် ရှင်သန်နိုင်ဖို့ ကြိုးစားရမယ်၊ တကယ်ဆို အခုဂိမ်းက Mini ပုံစံနဲ့ ၂၀၁၄ ကတည်းက ထွက်နေခဲ့တာ ဖြစ်ပေမယ့် ၂၀၁၇ အတွင်းမှာမှ မြေပုံပြည့် ကစားနိုင်တဲ့ ဂိမ်းဖြစ်လာတယ်၊ ရုရှနယ်မြေ တစ်ခုမှာ ပိတ်မိရောက်ရှိနေတဲ့ ဇာတ်ကောင်တစ်ယောက်အနေနဲ့ အောင်မြင်အောင် လွတ်လမ်းရှာဖွေ ကစားရမှာပါ။ အရင်က Wins စနစ် အတွက်ပဲ ကစားနိုင်အောင် ဖန်တီးထားခဲ့ပေမယ့် အခုနှစ်တွေ အတွင်းမှာ Darkwood ကစားသူ မြင့်တက်အောင်မြင်လာတာကြောင့် အခုဆိုရင် MacOS, SteamOS, Ununtu တွေအပြင် Console နဲ့ဆိုရင် PS4, Xbox One, Nintendo Switch အစုံနဲ့ကစား နိုင်လာတာ တွေ့ရပါတယ်။

Single အနေနဲ့ပဲ ကစားနိုင်မှာဖြစ်ပြီး သည်းထိတ်ရင်ဖိုဂိမ်းဖြစ်လို့ သရဲကြောက်တတ်သူတွေ တစ်ယောက်တည်း ကစားနိုင်ဖို့ ခက်မယ်လို့တောင် ဆိုရပါမယ်။ အသံပိုင်း ဖန်တီးထည့်သွင်းထား မှုကလည်း တိတ်ဆိတ်မှု များတယ်၊ ထိတ်လန့်ခန်းတွေမှာ အသံမြှင့်ထားလို့ ရုတ်တရက် ကြောက်လန့်စိုးထိတ်စေမှု အပြည့်ပေးနိုင်တာလည်း တွေ့ရပါတယ်။ မြေပုံအတိုင်း ကစားရတဲ့ ဂိမ်းဖြစ်ပေမယ့် Semi-open World ပုံစံကိုယ့်စိတ်ကြိုက် သွားလို့ရပါတယ်။ မြေပုံအဆုံးသတ်ကိုပဲ ကျော်လို့ မရတာတစ်ခုပါပဲ။

အမှောင်ခန်းများပေမယ့် နေ့၊ ည တစ်လှည့်စီ လက်တွေ့ဆန်ဆန် ဖြတ်သန်းသွားလာရမှု ရှိတယ်၊ မိမိသွားရာ လမ်းတစ်လျှောက် လိုအပ်တဲ့ ပစ္စည်းတွေကို ကောက်ယူသိမ်းဆည်းရမှု ရှိမယ်၊ စုဆောင်းထားနိုင်မှုရှိမယ်၊ တိုက်ခိုက်မှု လုပ်နိုင်မယ်၊ လက်နဲ့ တိုက်ခိုက်မှုအပြင် သေနတ်လို လက်နက်တွေ ကောက်ယူထားနိုင်မယ်ဆိုရင် သေနတ်သုံးနိုင်မှာလည်း ဖြစ်ပါတယ်။ နေ့ပိုင်းမှာ ကစားသူကမြင် ကွင်းကျယ်ကျယ် ပိုမြင်နိုင်မယ်၊ Item နဲ့ဆင်တဲ့ လိုအပ်တဲ့ ပစ္စည်းရှာဖွေ စုဆောင်းမှု ပိုလုပ်နိုင်မယ်။ ပြီးတော့ လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ အိမ်နဲ့တူတဲ့ ကစားသူစခန်းချရာ အဆောက်အဦကို လုံခြုံအောင် ပြင်ဆင်မှုတွေ လုပ်ဆောင်ရမှာပါ။ ညဘက်မှာတော့ ကစားသူအနေနဲ့ ရှင်သန်နိုင်ဖို့ တစ်ခုတည်းကိုပဲ ဦးစားပေးကစားရတော့မှာပါ။ နေရာစုံကနေ အန္တရာယ်စုံကျရောက်လာနိုင်ပြီး မိမိကိုဇာတ်သိမ်းပေးသွား စေနိုင်ပါတယ်။ မှော်ကျိန်စာမိနေတယ်လို့ ဆိုနိုင်မယ့် တောနက်ထဲမှာ Zombie ဆန်ဆန် လူသားတွေရဲ့ တိုက်ခိုက်မှုကို တစ်ညလုံးရင်ဆိုင် ကျော်ဖြတ်ပြီး မိုးလင်းသည်အထိအောင် ရှင်သန်နိုင်ရမှာ ဖြစ်ပါတယ်။

Trader လို့ ခေါ်တဲ့ စျေးသည်တစ်ဦးပါမယ်၊ သူကတော့ ကစားသူကိုလိုအပ်တဲ့ ပစ္စည်းတွေ လဲလှယ်ရောင်းချပေးမယ့်သူပါ။ ကစားသူက သူရှာဖွေထားသမျှ ပစ္စည်းတွေကို Trader ဆီမှာ သတ်မှတ်နှုန်းထားအတိုင်း လဲလှယ်နိုင်ပါတယ်။ ပိုမိုခက်ခဲတဲ့ ရန်သူကိုရင်ဆိုင်ဖို့ ပိုကောင်းတဲ့ လက်နက်တွေ ၀ယ်ယူရာမှာ Trader ဆီက ရယူရမှာပါ။ ဂိမ်းရဲ့ အဓိကဖန်တီးထားမှုကတော့ သင့်အနေနဲ့ တကယ်တမ်း တောနက်ထဲမှာ တစ်ယောက်တည်းဆိုရင် ဘယ်လိုရှင်သန်အောင် ကြိုးစားနေထိုင်မလဲဆိုတဲ့ သဘောပါ။ မြေပုံအစိတ်အပိုင်းတစ်ခု အောင်မြင်ပြီးတိုင်း နောက်ထပ် မြေပုံတစ်ခု Lock ပွင့်မယ်၊ ဒါပေမဲ့ မိမိအနိုင်ရပြီးသား မြေပုံက Lock ပြန်ကျပြီး မိမိရင်မဆိုင်ဖူးတဲ့ ရန်သူအသစ်တွေနဲ့ ပြန်စောင့် နေမယ်၊ အခုဂိမ်းကစိတ်ရှည်ရှည် ဂိမ်းကစားတတ်သူတွေ သဘောကျမယ့် ပုံစံပါ။ အချိန်ပေးကစားရမယ်၊ မိမိကိုယ်ကို ကာကွယ်မှုရစေဖို့ ထောင်ချောက်တွေထောင်၊ လက်နက်တွေစုပြီး မှော်ဝင်ညကို ကျော်ဖြတ်ဖို့ ကြိုးစားရမှာပါ။ သင့် အနေနဲ့ရော Darkwood ဆိုတဲ့ တောနက်ထဲ တစ်ယောက်တည်း သွားမကြည့် ချင်ဘူးလား?