Cyeber Security in Myanmar အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

[ Zawgyi ]


ဂျပန်နိုင်ငံက ဆိုက်ဘာလုံခြုံရေး အတွေ့ကြုံကောင်းတွေ၊ အလေ့အထကောင်းတွေကို မြန်မာနိုင်ငံမှာရှိတဲ့ CIO (Chef Information Officer) တွေကို လာရောက်ဝေမျှပေးတဲ့ အခမ်းအနားဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အကြံပြုချက်တွေကို ဂျပန်နိုင်ငံက ဆွေးနွေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ eGoverment ကို သွားရာမှာ အဓိက ကပ်ပါလာမှာက ဆိုက်ဘာလုံခြုံရေးဖြစ်ပြီး အရေးကြီးတဲ့အတွက် ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဂျပန်နိုင်ငံက Mr. HASHIMOTO, Taro Deputy Director, Office of the Director- General for Cybersecurity ,MIC က Cyber Security Policy in Japan ခေါင်းစဉ်နဲ့ လည်းကောင်း၊ Mr.YAMAZAKI, Hiroto Special Advisor, Team 2 Transportation and ICT Group Infrasturcture and Peacebuilding Department, JICA က Techinical Coperation in Cyber Security ခေါင်းစဉ်နဲ့ လည်းကောင်း၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ Director ဦးရဲနိုင်မိုးက Current Cyber Security ခေါင်းစဉ်နဲ့လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။

-ကျော်ဇေယျ

[ Unicode ]

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနဲ့ ဂျပန်နိုင်ငံ MIC (Ministry of Affairs and Commuication ) တို့ ပူးပေါင်းပြုလုပ်တဲ့ Cyber Security in Myanmar အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၉ ရက် (ယနေ့) နံနက်ပိုင်းက နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

ဂျပန်နိုင်ငံက ဆိုက်ဘာလုံခြုံရေး အတွေ့ကြံုကောင်းတွေ၊ အလေ့အထကောင်းတွေကို မြန်မာနိုင်ငံမှာရှိတဲ့ CIO (Chef Information Officer) တွေကို လာရောက်ဝေမျှပေးတဲ့ အခမ်းအနားဖြစ်ပြီး မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ အကြံပြုချက်တွေကို ဂျပန်နိုင်ငံက ဆွေးနွေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ eGoverment ကို သွားရာမှာ အဓိက ကပ်ပါလာမှာက ဆိုက်ဘာလုံခြံုရေးဖြစ်ပြီး အရေးကြီးတဲ့အတွက် ဒီလိုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားမှာ ဂျပန်နိုင်ငံက Mr. HASHIMOTO, Taro Deputy Director, Office of the Director- General for Cybersecurity ,MIC က Cyber Security Policy in Japan ခေါင်းစဉ်နဲ့ လည်းကောင်း၊ Mr.YAMAZAKI, Hiroto Special Advisor, Team 2 Transportation and ICT Group Infrasturcture and Peacebuilding Department, JICA က Techinical Coperation in Cyber Security ခေါင်းစဉ်နဲ့ လည်းကောင်း၊ အမျိုးသားဆိုက်ဘာလုံခြံုရေးဦးစီးဌာနမှ Director ဦးရဲနိုင်မိုးက Current Cyber Security ခေါင်းစဉ်နဲ့လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါတယ်။