Cyber Security Awareness Program ျပဳလုပ္

[ Zawgyi ]

ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ သတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနမွ ႀကီးမႉးျပဳလုပ္တဲ့ Cyber Security Awareness Program ေဆြးေႏြးပြဲကို မတ္ ၁၂ ရက္က ေနျပည္ေတာ္ရွိ Information Access Center (IAC) မွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အခမ္းအနားကို ျမန္မာႏိုင္ငံ အစိုးရဌာနအဖြဲ႕အစည္းမ်ားရွိ ဝန္ထမ္းမ်ား ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ အသိပညာမ်ား တိုးပြားလာၿပီး Cyber Risk မ်ားေလွ်ာ့ခ်ႏိုင္ေစဖို႔ ရည္႐ြယ္ျပဳလုပ္ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

အခမ္းအနားသုိ႔ သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာန၊ ေခတၱၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးစိုင္းေစာလင္းထြန္း တက္ေရာက္ခဲ့ၿပီး အဖြင့္အမွာစကား ေျပာၾကားရာတြ င္ဒီအစီအစဥ္က ရရွိလာတဲ့ အသိပညာေတြကို သက္ဆိုင္ရာ မိမိတို႔ဌာနရွိဝန္ထမ္းေတြကို TOT (Training of Trainers) ပုံစံနဲ႔ ဆက္လက္ မွ်ေဝေပးေစလိုေၾကာင္း၊ Online Program ျဖစ္တဲ့အတြက္ သတ္မွတ္ထားတဲ့ တစ္ႏွစ္အတြင္းမွာ မည္သည့္အခ်ိန္၊ မည္သည့္ေနရာတြင္မဆို ေလ့လာႏိုင္မွာျဖစ္ေၾကာင္း၊ သတ္မွတ္ကာလျပည့္ေသာအခါ ပညာေပးအစီအစဥ္ ေအာင္ျမင္ျခင္း ရွိ/မရွိကို စစ္ေဆးမႈမ်ားျပဳလုပ္သြားမွာျဖစ္ၿပီး အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးသြားမွာျဖစ္ေၾကာင္း၊ ဝန္ထမ္းမ်ားအားလုံး ဆိုက္ဘာလုံၿခဳံေရးဆိုင္ရာ အသိပညာမ်ားတိုးပြားလာၿပီး ႏိုင္ငံေတာ္ရဲ႕ eGovernment အေကာင္အထည္ေဖာ္ေရးက႑ကို တစ္ဖက္တစ္လမ္းမွ အေထာက္အကူျပဳ ႏိုင္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Cyber Security Awareness Program ကို လႊတ္ေတာ္ (၃) ရပ္၊ ဗဟိုဌာနမ်ား၊ ဝန္ႀကီးဌာနမ်ားမွ CIO/ ACIO မ်ား အပါအဝင္ ဌာနဆိုင္ရာတာဝန္ရွိသူ (၁၄၄) ဦး တက္ေရာက္ခဲ့ေၾကာင္း mm-CERT ရဲ႕ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

-ေက်ာ္ေဇယ်

[ Unicode ]

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ကြီးမှူးပြုလုပ်တဲ့ Cyber Security Awareness Program ဆွေးနွေးပွဲကို မတ် ၁၂ ရက်က နေပြည်တော်ရှိ Information Access Center (IAC) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို မြန်မာနိုင်ငံ အစိုးရဌာနအဖွဲ့အစည်းများရှိ ဝန်ထမ်းများ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများ တိုးပွားလာပြီး Cyber Risk များလျှော့ချနိုင်စေဖို့ ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အခမ်းအနားသို့ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစိုင်းစောလင်းထွန်း တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွ င်ဒီအစီအစဉ်က ရရှိလာတဲ့ အသိပညာတွေကို သက်ဆိုင်ရာ မိမိတို့ဌာနရှိဝန်ထမ်းတွေကို TOT (Training of Trainers) ပုံစံနဲ့ ဆက်လက် မျှဝေပေးစေလိုကြောင်း၊ Online Program ဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ တစ်နှစ်အတွင်းမှာ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို လေ့လာနိုင်မှာဖြစ်ကြောင်း၊ သတ်မှတ်ကာလပြည့်သောအခါ ပညာပေးအစီအစဉ် အောင်မြင်ခြင်း ရှိ/မရှိကို စစ်ဆေးမှုများပြုလုပ်သွားမှာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာများတိုးပွားလာပြီး နိုင်ငံတော်ရဲ့ eGovernment အကောင်အထည်ဖော်ရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Cyber Security Awareness Program ကို လွှတ်တော် (၃) ရပ်၊ ဗဟိုဌာနများ၊ ဝန်ကြီးဌာနများမှ CIO/ ACIO များ အပါအဝင် ဌာနဆိုင်ရာတာဝန်ရှိသူ (၁၄၄) ဦး တက်ရောက်ခဲ့ကြောင်း mm-CERT ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။