August 19, 2018

Cyber Law ဥပေဒမူၾကမ္း ၂၀၁၉ အေစာပိုင္းတြင္ထြက္ရွိရန္လ်ာထား

[Zawgyi]

Cyber Law ဥပေဒမူၾကမ္းကို ၂၀၁၉ အေစာပိုင္းမွာ ထြက္ရွိဖို႔ လ်ာထားတယ္လို႔ သိရ ပါတယ္။

e-Government အေကာင္အထည္ေဖာ္ေရးလုပ္ငန္းေကာ္မတီရဲ႕ ပထမအႀကိမ္လုပ္ငန္းညွိ ႏိႈင္းအစည္းအေ၀းမွာ e-Government အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီ ဒုတိယဥကၠ႒၊ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးသန္႔စင္ ေမာင္ကေျပာ ၾကားခဲ့တာျဖစ္ပါတယ္။ e-Governance လုပ္ငန္းေတြ အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ရာမွာ လုပ္ငန္းစဥ္ သုံးခုရွိေၾကာင္း၊ ပထမလုပ္ငန္းစဥ္အေနနဲ႔ ဥပေဒမူေဘာင္ခ်မွတ္သြားရမွာျဖစ္ေၾကာင္း၊ လက္ရွိမွာ Cyber Legal and Policy Framework (Cyber Law) ကို ေရးဆြဲသြားႏိုင္ဖို႔ ကမၻာ့ဘဏ္ ေခ်းေငြနဲ႔ ေဆာင္ရြက္ ေနၿပီး၂၀၁၉ခုႏွစ္ အေစာပိုင္းမွာ ဥပေဒမူၾကမ္း ရရွိေစဖို႔ လ်ာထား ေဆာင္ရြက္လ်က္ ရွိေၾကာင္းထည့္သြင္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

ဒုတိယလုပ္ငန္းစဥ္ကေတာ့ ICT Infrastructure ပိုင္း ျဖစ္ၿပီးအဲဒီအပိုင္းမွာ မိုဘိုင္းဆက္သြယ္ေရးကြန္ရက္ဟာ လူဦးေရရဲ႕ ၉၀ရာခိုင္ႏွုန္းခန္႔ကို လႊမ္းျခဳံမိၿပီးျဖစ္တဲ့ အတြက္ အဲဒါကိုအသံုးခ်ၿပီး Mobile Application ေတြကို ဦးစားေပးေဆာင္ရြက္သြားရန္ အထူးလိုအပ္မွာျဖစ္ေၾကာင္း၊ e-Government Integrated Data Center (eGIDC) တည္ေဆာက္ျခင္း စီမံကိန္းကို အစိုးရဌာနအားလုံးမွ အသုံးျပဳသြားနိုင္ေအာင္ ရည္ရြယ္ၿပီး ကိုးရီးယားသမၼတနိုင္ငံရဲ႕ EDCF ေခ်းေငြနဲ႔ေဆာင္ရြက္ေနေၾကာင္း၊ တတိယလုပ္ငန္းစဥ္မွာ Application Software ေတြနဲ႔ ျပည္သူသို႔ e-Service ေတြ ဝန္ေဆာင္မႈေပးႏိုင္ဖို႔ ေဆာင္ရြက္တာျဖစ္ေၾကာင္း၊ အဲဒီမွာ သေဘာသဘာဝ တူညီတဲ့ လုပ္ငန္းေတြကို သက္ဆိုင္ရာဌာနက တာဝန္ယူ အေကာင္အထည္ေဖာ္ၿပီး အားလုံးမွ်ေဝ အသုံးျပဳႏိုင္ ေအာင္ ေဆာင္ရြက္ရမယ့္လုပ္ငန္း (Common and Shared Application) အပိုင္းနဲ႔ သေဘာသဘာဝ မတူညီတဲ့ လုပ္ငန္းေတြကို သက္ဆိုင္ရာဌာနအလိုက္ ေဆာင္ရြက္သြားရမယ့္ (Ministry Specific Applications) အပိုင္းတို႔ ျဖစ္ေၾကာင္းထည့္ သြင္းေျပာၾကားခဲ့တယ္လို႔သိရပါတယ္။

 

[Unicode]

Cyber Law ဥပဒေမူကြမ်းကို ၂၀၁၉ အစောပိုင်းမှာ ထွက်ရှိဖို့ လျာထားတယ်လို့ သိရ ပါတယ်။

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီရဲ့ ပထမအကြိမ်လုပ်ငန်းညှိ နှိုင်းအစည်းအဝေးမှာ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်ကပြော ကြားခဲ့တာဖြစ်ပါတယ်။ e-Governance လုပ်ငန်းတွေ အကောင် အထည်ဖော် ဆောင်ရွက်ရာမှာ လုပ်ငန်းစဉ် သုံးခုရှိကြောင်း၊ ပထမလုပ်ငန်းစဉ်အနေနဲ့ ဥပဒေမူဘောင်ချမှတ်သွားရမှာဖြစ်ကြောင်း၊ လက်ရှိမှာ Cyber Legal and Policy Framework (Cyber Law) ကို ရေးဆွဲသွားနိုင်ဖို့ ကမ္ဘာ့ဘဏ် ချေးငွေနဲ့ ဆောင်ရွက် နေပြီး၂၀၁၉ခုနှစ် အစောပိုင်းမှာ ဥပဒေမူကြမ်း ရရှိစေဖို့ လျာထား ဆောင်ရွက်လျက် ရှိကြောင်းထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။

ဒုတိယလုပ်ငန်းစဉ်ကတော့ ICT Infrastructure ပိုင်း ဖြစ်ပြီးအဲဒီအပိုင်းမှာ မိုဘိုင်းဆက်သွယ်ရေးကွန်ရက်ဟာ လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံမိပြီးဖြစ်တဲ့ အတွက် အဲဒါကိုအသုံးချပြီး Mobile Application တွေကို ဦးစားပေးဆောင်ရွက်သွားရန် အထူးလိုအပ်မှာဖြစ်ကြောင်း၊ e-Government Integrated Data Center (eGIDC) တည်ဆောက်ခြင်း စီမံကိန်းကို အစိုးရဌာနအားလုံးမှ အသုံးပြုသွားနိုင်အောင် ရည်ရွယ်ပြီး ကိုးရီးယားသမ္မတနိုင်ငံရဲ့ EDCF ချေးငွေနဲ့ဆောင်ရွက်နေကြောင်း၊ တတိယလုပ်ငန်းစဉ်မှာ Application Software တွေနဲ့ ပြည်သူသို့ e-Service တွေ ဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်တာဖြစ်ကြောင်း၊ အဲဒီမှာ သဘောသဘာဝ တူညီတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနက တာဝန်ယူ အကောင်အထည်ဖော်ပြီး အားလုံးမျှဝေ အသုံးပြုနိုင် အောင် ဆောင်ရွက်ရမယ့်လုပ်ငန်း (Common and Shared Application) အပိုင်းနဲ့ သဘောသဘာဝ မတူညီတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်သွားရမယ့် (Ministry Specific Applications) အပိုင်းတို့ ဖြစ်ကြောင်းထည့် သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။