Cookie TV Mobile Application မိတ္ဆက္

[ Zawgyi ]

ႏိုင္ငံတကာက ႐ုပ္သံလိုင္းေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားေတြကို စမတ္ဖုန္းေပၚကေနတစ္ဆင့္ ၾကည့္ႏိုင္မယ့္ Cookie TV Application ကို မိတ္ဆက္ခဲ့ပါတယ္။

Cookie TV Mobile Application မွာ တစ္ကားခ်င္းစီ စိတ္ႀကိဳက္ ဝယ္ယူၾကည့္႐ႈႏိုင္မယ့္ Pay per Movie နဲ႔ ရုပ္ရွင္ဇာတ္ကားေတြ စုစည္းထားတဲ့ Movie Album ဆိုၿပီး ပါဝင္ပါတယ္။ ႐ုပ္ရွင္ဇာတ္ကားေတြကို အဂၤလိပ္၊ ျမန္မာစာတန္းထိုးေတြနဲ႔ ၾကည့္႐ႈႏိုင္မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္တို႔ မိုဘိုင္းပလက္ေဖာင္းမွာ ႐ုပ္ရွင္ဇာတ္ကားေတြအျပင္ ႏိုင္ငံတကာမွာပါျပသေနတဲ့ တိုက္ရိုက္ ႐ုပ္သံလိုင္းေတြကိုလည္း ၾကည့္ႏိုင္မွာပါ၊ ဝန္ေဆာင္မႈႏႈန္းထားေတြကုိလည္း အတတ္ႏိုင္ဆံုးျဖစ္ေအာင္ သတ္မွတ္ေပးထားပါတယ္” လို႔ Cookie TV မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ႏိုင္ငံတကာမွာ ျပသလ်က္ရွိတဲ့ ႐ုပ္သံလိုင္းေတြျဖစ္တဲ့ Disney, Warner Bros, NBC Universal, 20 Century Fox, Paramount, Sony, Lionsgate မွ ရုပ္ရွင္ဇာတ္ကားေတြအျပင္ HBO, Warner TV, Fox Sports, DreamWorks နဲ႔ National Geographic Channels စတဲ့ ႐ုပ္သံလိုင္းေတြကိုပါ ၾကည့္ႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။

႐ုပ္ရုင္ေတြၾကည့္႐ႈျခင္းအတြက္ “႐ိုရွင္း” အစီအစဥ္နဲ႔ “ထိရွ” အစီအစဥ္ႏွစ္ခုရွိၿပီး ရက္ ၃၀ စာ “႐ိုရွင္း” အစီအစဥ္အတြက္ ၄,၉၀၀ က်ပ္ က်သင့္မွာျဖစ္ကာ “ထိရွ” အစီအစဥ္အတြက္ ရက္ ၃၀ စာ ၇,၉၀၀ က်ပ္ က်သင့္မွာျဖစ္တယ္လို႔ သိရပါတယ္။

-ေအာင္သက္ကို

[ Unicode ]

နိုင်ငံတကာကရုပ်သံလိုင်းတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို စမတ်ဖုန်းပေါ်ကနေတစ်ဆင့် ကြည့်နိုင်မယ့် Cookie TV Application ကို မိတ်ဆက်ခဲ့ပါတယ်။

Cookie TV Mobile Application မှာ တစ်ကားချင်းစီ စိတ်ကြိုက် ဝယ်ယူကြည့်ရှုနိုင်မယ့် Pay per Movie နဲ့ ရုပ်ရှင်ဇာတ်ကားတွေ စုစည်းထားတဲ့ Movie Album ဆိုပြီး ပါဝင်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေကို အင်္ဂလိပ်၊ မြန်မာစာတန်းထိုးတွေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့ မိုဘိုင်းပလက်ဖောင်းမှာ ရုပ်ရှင်ဇာတ်ကားတွေအပြင် နိုင်ငံတကာမှာပါပြသနေတဲ့ တိုက်ရိုက် ရုပ်သံလိုင်းတွေကိုလည်း ကြည့်နိုင်မှာပါ၊ ဝန်ဆောင်မှုနှုန်းထားတွေကိုလည်း အတတ်နိုင်ဆုံးဖြစ်အောင် သတ်မှတ်ပေးထားပါတယ်” လို့ Cookie TV မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာမှာ ပြသလျက်ရှိတဲ့ ရုပ်သံလိုင်းတွေဖြစ်တဲ့ Disney, Warner Bros, NBC Universal, 20 Century Fox, Paramount, Sony, Lionsgate မှ ရုပ်ရှင်ဇာတ်ကားတွေအပြင် HBO, Warner TV, Fox Sports, DreamWorks နဲ့ National Geographic Channels စတဲ့ ရုပ်သံလိုင်းတွေကိုပါ ကြည့်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်ရုင်တွေကြည့်ရှုခြင်းအတွက် “ရိုရှင်း” အစီအစဉ်နဲ့ “ထိရှ” အစီအစဉ်နှစ်ခုရှိပြီး ရက် ၃၀ စာ “ရိုရှင်း” အစီအစဉ်အတွက် ၄,၉၀၀ ကျပ် ကျသင့်မှာဖြစ်ကာ “ထိရှ” အစီအစဉ်အတွက် ရက် ၃၀ စာ ရ,၉၀၀ ကျပ် ကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။