September 20, 2018

Conan Exiles

[ Zawgyi ]

ဒီတစ္ပတ္မွာေတာ့ Platform စံုစံုနဲ႔ ကစားႏိုင္မယ့္ ဂိမ္းသစ္ တစ္ ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ Conan Exiles ျဖစ္ပါတယ္။ Wins စနစ္သံုးကြန္ ပ်ဴတာတစ္လံုးရွိ႐ံုနဲ႔ ကစား ႏုိင္ပါလိမ့္မယ္။ Console သ မားေတြ အတြက္ကေတာ့ PS4 နဲ႔ေရာ Xbox One နဲ႔ပါ ကစားႏုိင္ဦး မွာပါ။

လူ႐ိုင္းေခတ္က ဘာဘာရီယံေတြအၾကားမွာ ဇာတ္ေကာင္ ကိုနန္အျဖစ္ ေရာက္ရွိ ၀င္ေရာက္ ကစားရမွာပါ။ ေရွ႕ပိုင္းမွာ ၂၀၁၆
ႏွစ္လယ္ကတည္းက ထြက္ရွိဖို႔ျဖစ္ေပမယ့္ ဖန္တီးမႈ အပိုင္းေနာက္က်ေနလို႔ အခုမွ ထြက္လာတာပါ။ စြန္႔စားခန္း ​ဝင္ခ်င္သူေတြ၊ တိုက္ ခိုက္ေရး ဂိမ္းေကာင္းေကာင္း ကစားခ်င္သူေတြ၊ ၿပီးေတာ့ သိပၸံေခတ္ ဆန္ဆန္ မျမင္ဖူးတဲ့ လက္နက္ဆန္းေတြထက္ ေရွး
က်ေပမယ့္ ဓားလက္နက္နဲ႔ လက္ေတြ႕ဆန္ဆန္ တိုက္ခုိက္ရတာ ႏွစ္သက္သူေတြအတြက္ အ ေကာင္းဆံုးျဖစ္မယ့္ ဂိမ္းသစ္ပါ။
အားသာခ်က္အေနနဲ႔ အထက္မွာေျပာသလို Platform စံုစံုကစားႏုိင္သလို Single အေနနဲ႔ေရာ Multi အေနနဲ႔ပါ အဖြဲ႕လိုက္ ကစား
ႏိုင္မယ့္ အခ်က္ေတြက သေဘာက်စရာပါ။ ကစားကြင္းေျမျပင္က သဲကႏၲာရထဲမွာ ဖန္တီးထား တယ္။ အဆံုးမဲ့ ပတ္ဝန္းက်င္ ဂိမ္းပံုစံျဖစ္ၿပီး ကစားကြက္ ေနရာ ေရြးခ်ယ္ ကစားႏုိင္မႈ ရွိမွာပါ။ အဆံုးမဲ့ ပတ္ဝန္းက်င္လုိ႔ ဆိုရတဲ့ အေၾကာင္းကလည္း ဂိမ္းရဲ႕ ဖန္တီးမႈ အပိုင္းမွာလက္ေတြ႕ အျပင္မွာဆိုရင္ ၅၃ ကီလိုမီတာေလာက္ ပတ္လည္ က်ယ္ဝန္းတဲ့ဝန္းက်င္ကို ထည့္သြင္းဖန္တီးထားတာ ျဖစ္လုိ႔ပါပဲ။ ေနာက္ပိုင္းအဆင့္ျမႇင့္ၿပီး ေနာက္ဆက္တြဲ ဂိ္မ္းသစ္ပါ ထုတ္လုပ္မယ္လုိ႔ သိရၿပီးအဆိုပါ ဂိမ္းသစ္မွာေတာ့ ပတ္ဝန္းက်င္အသစ္အေနနဲ႔
Frozen North ဆိုတဲ့ ေရခဲျပင္ဆန္ဆန္ ပတ္ဝန္းက်င္အသစ္ ေရြးခ်ယ္ကစားႏုိင္ေအာင္ ဖန္တီးလာမယ္လုိ႔ သိရပါတယ္။

အဓိကဇာတ္ေကာင္ ကိုနန္နဲ႔သူ႔အဖြဲ႕က လူ႐ိုင္းဘာဘာရီယံေတြနဲ႔ ရင္ဆိုင္တိုက္ခိုက္ရမယ္၊ ဦးတည္ခ်က္ အသစ္ေတြ တစ္ဆင့္
ၿပီးတစ္ဆင့္ ေပၚလာမယ္၊ အဆင့္တစ္ဆင့္ ေအာင္ျမင္တုိင္း ၾကယ္ေတြရမယ္၊ ဒီၾကယ္ေတြကို စုထားၿပီးမိမိရဲ႕ ဇာတ္ေကာင္ကို ခ်ပ္ဝတ္တန္ဆာေတြ၊ လက္နက္ေတြ ပိုေကာင္းေအာင္ အားျဖည့္ရမွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ကိုနန္ဟာ အဓိကဇတ္ေကာင္ ျဖစ္ေပမယ့္ က်ား၊ မ၊ အသံ၊ စြမ္းေဆာင္ရည္ေတြကို စိတ္ႀကိဳက္ေရြးခ်ယ္ ကစားႏုိင္ဦးမွာပါ။ ကနဦး ဂိမ္းစတင္ကစားဖုိ႔ ဇာတ္ေကာင္ ေရြးခ်ယ္ခ်ိန္မွာ လူပံုစံအျပင္ Cimmerian, Stygian, Hyborian, Nordheimer စတဲ့ လူမ်ိဳးပံုစံေတြကိုပါ ေရြးခ်ယ္ကစားႏုိင္မွာပါ။ လူပံုစံ (က်ား၊
မကြဲျပားမႈ)နဲ႔ လူမ်ိဳးကြဲျပားမႈ အေပၚမွာ မူတည္ၿပီးေတာ့ အဝတ္အစား ပံုစံေရာစြမ္းေဆာင္ ရည္နဲ႔ အားသာခ်က္ေတြပါ
ကြာျခားသြားမွာျဖစ္ၿပီး မိမိ သေဘာက်တဲ့ စြမ္းေဆာင္ရည္ပိုင္ဆိုင္တဲ့ ပံုစံကိုေရြးခ်ယ္ကစား ႏိုင္မယ့္ လက္ေတြ႕ဆန္ဆန္ ဂိမ္းလုိ႔ ဆိုရမွာပါ။

ၿပီးေတာ့ ေနာက္ထပ္ လက္ေတြ႕ဆန္တဲ့ အခ်က္က ကစားသူအေနနဲ႔ သြားလာေနရင္းဂိမ္းထဲ ကဇာတ္ေကာင္ကို အိပ္ခ်ိန္ေပးရတာေတြ၊ ေရေသာက္ေစျခင္းေတြ၊ အစာစားေစျခင္းေတြပါ တာဝန္ယူ ကစားရပါလိမ့္မယ္။ တကယ့္ လက္ေတြ႕က်က် ဂိမ္းကစားခ်င္သူေတြ စိတ္ႀကိဳက္ျဖစ္မွာပါ။ ဂိမ္းက အခုလဆန္းကမွ တရားဝင္ျဖန္႔ခ်ိလာတာျဖစ္ၿပီး အခ်ိန္တိုရက္ပိုင္းအတြင္း အေခြ ၅ သိန္းေက်ာ္ ေရာင္းခ်ထားရလုိ႔ လူႀကိဳက္မ်ားေနတဲ့ ဂိမ္းသစ္ဆိုတာ သိသာေနပါတယ္။ သင့္အေနနဲ႔ေရာ လက္ေတြ႕ဆန္ဆန္ ကႏာၱရထဲမွာ ျဖတ္သန္းရွင္သန္မႈ ရွာခ်င္ပါသလား။ Conan Exiles ကို ကစားၾကည့္ဖုိ႔ အၾကံေပးခ်င္ပါတယ္ေနာ္။

-သက္ႏုိင္ဦး (UCSL)

========

[ Unicode ]

Conan Exiles

========

ဒီတစ်ပတ်မှာတော့ Platform စုံစုံနဲ့ ကစားနိုင်မယ့် ဂိမ်းသစ် တစ် ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ Conan Exiles ဖြစ်ပါတယ်။ Wins စနစ်သုံးကွန် ပျူတာတစ်လုံးရှိရုံနဲ့ ကစား နိုင်ပါလိမ့်မယ်။ Console သ မားတွေ အတွက်ကတော့ PS4 နဲ့ရော Xbox One နဲ့ပါ ကစားနိုင်ဦး မှာပါ။

လူရိုင်းခေတ်က ဘာဘာရီယံတွေအကြားမှာ ဇာတ်ကောင် ကိုနန်အဖြစ် ရောက်ရှိ ၀င်ရောက် ကစားရမှာပါ။ ရှေ့ပိုင်းမှာ ၂၀၁၆
နှစ်လယ်ကတည်းက ထွက်ရှိဖို့ဖြစ်ပေမယ့် ဖန်တီးမှု အပိုင်းနောက်ကျနေလို့ အခုမှ ထွက်လာတာပါ။ စွန့်စားခန်း ​ဝင်ချင်သူတွေ၊ တိုက် ခိုက်ရေး ဂိမ်းကောင်းကောင်း ကစားချင်သူတွေ၊ ပြီးတော့ သိပ္ပံခေတ် ဆန်ဆန် မမြင်ဖူးတဲ့ လက်နက်ဆန်းတွေထက် ရှေး
ကျပေမယ့် ဓားလက်နက်နဲ့ လက်တွေ့ဆန်ဆန် တိုက်ခိုက်ရတာ နှစ်သက်သူတွေအတွက် အ ကောင်းဆုံးဖြစ်မယ့် ဂိမ်းသစ်ပါ။
အားသာချက်အနေနဲ့ အထက်မှာပြောသလို Platform စုံစုံကစားနိုင်သလို Single အနေနဲ့ရော Multi အနေနဲ့ပါ အဖွဲ့လိုက် ကစား
နိုင်မယ့် အချက်တွေက သဘောကျစရာပါ။ ကစားကွင်းမြေပြင်က သဲကန္တာရထဲမှာ ဖန်တီးထား တယ်။ အဆုံးမဲ့ ပတ်ဝန်းကျင် ဂိမ်းပုံစံဖြစ်ပြီး ကစားကွက် နေရာ ရွေးချယ် ကစားနိုင်မှု ရှိမှာပါ။ အဆုံးမဲ့ ပတ်ဝန်းကျင်လို့ ဆိုရတဲ့ အကြောင်းကလည်း ဂိမ်းရဲ့ ဖန်တီးမှု အပိုင်းမှာလက်တွေ့ အပြင်မှာဆိုရင် ၅၃ ကီလိုမီတာလောက် ပတ်လည် ကျယ်ဝန်းတဲ့ဝန်းကျင်ကို ထည့်သွင်းဖန်တီးထားတာ ဖြစ်လို့ပါပဲ။ နောက်ပိုင်းအဆင့်မြှင့်ပြီး နောက်ဆက်တွဲ ဂိ်မ်းသစ်ပါ ထုတ်လုပ်မယ်လို့ သိရပြီးအဆိုပါ ဂိမ်းသစ်မှာတော့ ပတ်ဝန်းကျင်အသစ်အနေနဲ့
Frozen North ဆိုတဲ့ ရေခဲပြင်ဆန်ဆန် ပတ်ဝန်းကျင်အသစ် ရွေးချယ်ကစားနိုင်အောင် ဖန်တီးလာမယ်လို့ သိရပါတယ်။

အဓိကဇာတ်ကောင် ကိုနန်နဲ့သူ့အဖွဲ့က လူရိုင်းဘာဘာရီယံတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမယ်၊ ဦးတည်ချက် အသစ်တွေ တစ်ဆင့်
ပြီးတစ်ဆင့် ပေါ်လာမယ်၊ အဆင့်တစ်ဆင့် အောင်မြင်တိုင်း ကြယ်တွေရမယ်၊ ဒီကြယ်တွေကို စုထားပြီးမိမိရဲ့ ဇာတ်ကောင်ကို ချပ်ဝတ်တန်ဆာတွေ၊ လက်နက်တွေ ပိုကောင်းအောင် အားဖြည့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုနန်ဟာ အဓိကဇတ်ကောင် ဖြစ်ပေမယ့် ကျား၊ မ၊ အသံ၊ စွမ်းဆောင်ရည်တွေကို စိတ်ကြိုက်ရွေးချယ် ကစားနိုင်ဦးမှာပါ။ ကနဦး ဂိမ်းစတင်ကစားဖို့ ဇာတ်ကောင် ရွေးချယ်ချိန်မှာ လူပုံစံအပြင် Cimmerian, Stygian, Hyborian, Nordheimer စတဲ့ လူမျိုးပုံစံတွေကိုပါ ရွေးချယ်ကစားနိုင်မှာပါ။ လူပုံစံ (ကျား၊
မကွဲပြားမှု)နဲ့ လူမျိုးကွဲပြားမှု အပေါ်မှာ မူတည်ပြီးတော့ အဝတ်အစား ပုံစံရောစွမ်းဆောင် ရည်နဲ့ အားသာချက်တွေပါ
ကွာခြားသွားမှာဖြစ်ပြီး မိမိ သဘောကျတဲ့ စွမ်းဆောင်ရည်ပိုင်ဆိုင်တဲ့ ပုံစံကိုရွေးချယ်ကစား နိုင်မယ့် လက်တွေ့ဆန်ဆန် ဂိမ်းလို့ ဆိုရမှာပါ။

ပြီးတော့ နောက်ထပ် လက်တွေ့ဆန်တဲ့ အချက်က ကစားသူအနေနဲ့ သွားလာနေရင်းဂိမ်းထဲ ကဇာတ်ကောင်ကို အိပ်ချိန်ပေးရတာတွေ၊ ရေသောက်စေခြင်းတွေ၊ အစာစားစေခြင်းတွေပါ တာဝန်ယူ ကစားရပါလိမ့်မယ်။ တကယ့် လက်တွေ့ကျကျ ဂိမ်းကစားချင်သူတွေ စိတ်ကြိုက်ဖြစ်မှာပါ။ ဂိမ်းက အခုလဆန်းကမှ တရားဝင်ဖြန့်ချိလာတာဖြစ်ပြီး အချိန်တိုရက်ပိုင်းအတွင်း အခွေ ၅ သိန်းကျော် ရောင်းချထားရလို့ လူကြိုက်များနေတဲ့ ဂိမ်းသစ်ဆိုတာ သိသာနေပါတယ်။ သင့်အနေနဲ့ရော လက်တွေ့ဆန်ဆန် ကန္တာရထဲမှာ ဖြတ်သန်းရှင်သန်မှု ရှာချင်ပါသလား။ Conan Exiles ကို ကစားကြည့်ဖို့ အကြံပေးချင်ပါတယ်နော်။

-သက်နိုင်ဦး (UCSL)