September 20, 2018

Computex 2018 ျပပြဲရဲ႕ အေကာင္းဆုံး ထုတ္ကုန္မ်ား

[ Zawgyi ]

ထိုင္ဝမ္ႏိုင္ငံ၊ တိုင္ေပၿမိဳ႕မွာ ႏွစ္စဥ္က်င္းပေနက်ျဖစ္တဲ့ အီလက္ထေရာနစ္ ကုန္စည္ျပပြဲ Computex မွာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံးနဲ႔ အလားအလာအရွိဆုံး ေၾကညာခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။ အဲ့ဒီ Computex 2018 ပြဲမွာ ဒုတိယေျမာက္ dispaly အျဖစ္လည္း အသုံးျပဳႏိုင္တဲ့ touchpad နဲ႔ 32-core mega-CPU ပါဝင္တဲ့ laptop အျပင္ အသံကေနတစ္ဆင့္ အလင္းကို ထိန္းခ်ဳပ္ႏိုင္တဲ့ PC case စတဲ့ အနာဂတ္ နည္းပညာထုတ္ကုန္မ်ားစြာကုိ ျပသခဲ့ပါတယ္။ အဲဒီထုတ္ကုန္အမ်ားစုဟာ ၂၀၁၈ ခုႏွစ္ မကုန္ဆုံးခင္မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ Computex 2018 ပြဲမွာျပသခဲ့တဲ့ ထုတ္ကုန္ေတြထဲက အေကာင္းဆုံးလို႔ သတ္မွတ္ႏိုင္တဲ့ ထုတ္ကုန္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

(၁) အေကာင္းဆုံး Laptop – Asus ZenBook Pro 15

Asus ZenBook Pro 15 မွာ အထင္ရွားဆုံး toupad အျဖစ္လည္း အသုံးျပဳႏိုင္တဲ့ ၅.၅ လက္မ full HD display ပါဝင္ပါတယ္။ ScreenPad လို႔အမည္ရတဲ့ အဲဒီ display/pointer ပါဝင္တဲ့ keyboard က Logitech Craft, Microsoft Surface Dial နဲ႔ Apple Touch Bar တုိ႔ထက္ ထူးျခားၿပီး အထူးအသုံးျပဳႏိုင္တဲ့ cursor ေတြလည္း ပါဝင္လာပါတယ္။

တခ်ိဳ႕ keyboard input method ေတြဟာ ဂရပ္ဖစ္ဒီဇိုင္နာေတြအျပင္ ဗီဒီယိုတည္းျဖတ္သူနဲ႔ အျခားကၽြမ္းက်င္သူေတြအတြက္ပဲ အသုံးဝင္ေပမယ့္ ScreenPad ကိုေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာ အသုံးျပဳႏိုင္ပါတယ္။ ScreenPad ကို ဗီဒီယိုၾကည့္႐ႈတာ ဒါမွမဟုတ္ တြက္ခ်က္မႈျပဳလုပ္ဖို႔ အျခား display အျဖစ္လည္း အသုံးခ်ႏိုင္သလို app တခ်ိဳ႕အတြက္ control အျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။ ScreenPad ကို ပိတ္ပစ္လိုက္ရင္ သာမန္ touchpad တစ္ခုအျဖစ္နဲ႔ပဲ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

(၂) အေကာင္းဆုံး စမတ္ဖုန္း – Asus ROG Phone

Asus ROG Phone ဟာ ကမၻာ့အျမန္ဆုံး စမတ္ဖုန္းျဖစ္တယ္လို႔ ကုမၸဏီတြင္း benchmark စမ္းသပ္မႈအရ သိရပါတယ္။ ROG Phone မွာ 2.96GHz Qualcomm Snapdragon 845 SoC ပါဝင္လာပါတယ္။ စမတ္ဖုန္းက ဆြဲေဆာင္မႈရွိၿပီး snap-on cooling fan လိုထူးျခားတဲ့ တြဲဖက္ပစၥည္းတခ်ိဳ႕လည္း ထုတ္လုပ္ထားပါတယ္။

(၃) အေကာင္းဆုံး Desktop PC – MSI Pro 24X

MSI ကထြက္ရွိလာတဲ့ Pro 24X ဟာ gaming စြမ္းေဆာင္ရည္ျမင့္ Desktop PC ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ ေဈးကြက္မွာ ဝယ္ယူႏိုင္တဲ့ ေဘးေဘာင္ေသးငယ္တဲ့ AIOs နဲ႔မတူဘဲ Pro 24X မွာ ပါဝင္အစိတ္အပုိင္းေတြကို stand ထက္၂၄ လက္မအရြယ္ IPS display ေနာက္မွာ ထည့္သြင္းထားပါတယ္။ Pro 24X မွာ Intel Core i5-7200U ပ႐ိုဆက္ဆာအျပင္ Intel Optane memory, NVME PCle M.2 SSD နဲ႔ အစိတ္အပုိင္းေတြကို အဆင့္ျမႇင့္ဖို႔အတြက္ အလြယ္တကူ ျဖဳတ္လဲႏိုင္ပါတယ္။

(၄) အေကာင္းဆုံး PC ဆန္းသစ္တီထြင္မႈ – Intel ရဲ႕ Single-Watt Laptop ေရွ႕ေျပးပုံစံ

စြမ္းအင္ 1 Watt တည္းနဲ႔ လည္ပတ္ႏိုင္တဲ့ Intel ရဲ႕ ေရွ႕ေျပးပုံစံ laptop ကို Computex 2018 မွာ ျပသခဲ့ပါတယ္။

Dell XPS 13 laptop အတြင္းမွာ Intel နည္းပညာကို ထည့္သြင္းၿပီး ျပသခဲ့တာ ျဖစ္ပါတယ္။ အဲဒီထုတ္ကုန္မွာ brightness 150 nits ပဲရွိေပမယ့္ သင့္ေတာ္တဲ့အလင္းအားရွိပါတယ္။ Intel Power Display လို႔ေခၚတဲ့ အစီအစဥ္အျဖစ္ Intel chipset နဲ႔ driver infrastructure ကိုပူးေပါင္းထည့္သြင္းထားပါတယ္။ အဲဒီနည္းပညာကုိ laptop ထုတ္လုပ္သူေတြ အသုံးျပဳလာမယ္ဆိုရင္ laptop ဘက္ထရီသက္တမ္းကို ေျပာင္းလဲေတာ္လွန္ႏိုင္မွာ ျဖစ္ပါတယ္။ အခုေရွ႕ေျပးပုံစံနဲ႔ ၂၈ နာရီေက်ာ္ၾကာ ဘက္ထရီသက္တမ္း ရရွိမယ္လို႔ Intel ကေျပာထားပါတယ္။

(၅) အေကာင္းဆုံး Display- Asus VG49V

႐ုပ္ထြက္အရည္အေသြး 3,840x 1,080 pixels ရွိတဲ့ ၄၉ လက္မအရြယ္ Asus VG49V ဟာ full HD display ႏွစ္ခုကုိ ေပါင္းစပ္ထားတဲ့ ေမာ္နီတာ ျဖစ္ပါတယ္။ ေဈးကြက္ထဲမွာ စတင္ေရာင္းခ်တဲ့ ပထမဆုံး ၄၉ လက္မ ေမာ္နီတာမဟုတ္ေပမယ့္ display နဲ႔လိုက္ဖက္တဲ့ graphics card အၾကားက fraem rate ကို synchronize လုပ္ဖုိ႔ AMD ရဲ႕ FreeSync နည္းပညာထည့္သြင္းထားပါတယ္။ ဒါ့အျပင္ ထူးျခားတဲ့ “Picture-by-Picture” feature ပါဝင္တဲ့အတြက္ display feed ေတြကို တစ္ဖက္တစ္ခ်က္ ယွဥ္တြဲၾကည့္႐ႈႏိုင္ပါတယ္။

(၆) အေကာင္းဆုံး CPU – AMD ရဲ႕ဒုတိယေျမာက္မ်ိဳးဆက္ Threadripper

AMD ကလည္း အဆင့္ျမင့္ desktop အတြက္ စြမ္းရည္ျမင့္ ဒုတိယေျမာက္မ်ိဳးဆက္ Threadripper CPU ေတြကုိ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ အဲဒီ CPU မွာ 32 core ေတြနဲ႔ 64 thread ေတြအထိ ပါဝင္လာပါတယ္။ Intel ကလည္း ဒီႏွစ္ကုန္ပုိင္းမွာ ထုတ္လုပ္သြားမယ့္ 28-core ေရွ႕ေျပးပုံစံ ပ႐ိုဆက္ဆာေတြကို လက္ေတြ႕ျပသ မိတ္ဆက္ခဲ့ပါတယ္။

အခု CPU ေတြကို ဝါသနာရွင္ေတြက multimedia workstation ေတြဒါမွမဟုတ္ gaming rig ေတြ တည္ေဆာက္ရာမွာ အသုံးျပဳၾကပါတယ္။ ဒါေပမဲ့လည္း ပထမမ်ိဳးဆက္ Threadripper ဟာ Alien Area-51 Threadripper Edition လိုမ်ိဳးထုတ္ကုန္မွာ ပါဝင္ခဲ့ဖူးပါတယ္။

(၇) အေကာင္းဆုံး ဆန္းသစ္တီထြင္မႈအရွိဆုံး Retro နည္းပညာ – Intel Core i7-8086K

Intel ဟာ ကုမၸဏီသက္တမ္း ႏွစ္ (၅၀) ျပည့္အျဖစ္ Intel Core i7-8086K ပ႐ိုဆက္ဆာကို ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ အဲဒီခ်စ္ပ္ဟာ လြန္ခဲ့တဲ့ ႏွစ္ ၄၀ က ထုတ္လုပ္ခဲ့တဲ့ မူလ 8086 ပ႐ိုဆက္ဆာကို ဂုဏ္ျပဳၿပီး ထုတ္လုပ္ထားတာ ျဖစ္တယ္။

အဲဒီခ်စ္ပ္ဟာ 5GHz single-core turbo frequency ပထမဆုံးပါဝင္လာၿပီး core ၆ ခုနဲ႔ thread ၁၂ ခုတို႔ပဲ ပါဝင္လာပါတယ္။

(၈) အေကာင္းဆုံး Graphics Card – PowerColor Radeon RX Vega 56 Nano

ဒီႏွစ္ Computex မွာေတာ့ AMD နဲ႔ Nvidia ႏွစ္ခုစလုံးက အေရးပါတဲ့ graphics-card ေၾကညာခ်က္ေတြ မထုတ္ျပန္ခဲ့ပါဘူး။ Nvidia အေနနဲ႔ မ်ိဳးဆက္သစ္ GeForce GTX card ေတြကို မိတ္ဆက္ဖြယ္ရွိတယ္လုိ႔ ေကာလာဟလထြက္ေပၚခဲ့ေပမယ့္ ထြက္ရွိဖို႔ အခ်ိန္အတန္ၾကာမယ္လုိ႔ အမႈေဆာင္အရာရွိခ်ဴပ္ ဂ်န္ဆန္ဟြမ္က ေျပာခဲ့ပါတယ္။

Computex 2018 မွာသတိျပဳမိတဲ့ GPU ကေတာ့ ပန္ကာတစ္ခုတည္းပါဝင္တဲ့ ထြက္ၿပီးသား Radeon RX Vega 56 ျဖစ္ၿပီး third-party card ထုတ္လုပ္သူက PowerColor ကထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ အလားတူ card ကို Siggraph 2017 မွာ AMD ကအျမည္းမိတ္ဆက္ခဲ့ဖူးပါတယ္။ အဲဒီထုတ္ကုန္ကုိ အြန္လုိင္းမွာ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။

(၉) အေကာင္းဆုံး Storage – Intel Optane 905P M.2

Intel ရဲ႕ Optane SSD ေတြမွာ read နဲ႔ write စြမ္းေဆာင္ရည္ အလြန္ေကာင္းေပမယ့္ သုိေလွာင္ပမာဏ အကန္႔အသတ္ရွိပါတယ္။ သုိေလွာင္မႈအမ်ားဆုံး ပမာဏအႀကီးဆုံးေမာ္ဒယ္ေတြထဲက တစ္ခုျဖစ္တဲ့ Optane 905P က 200GB ပဲရွိၿပီး PCI Express-card အရြယ္ေလာက္ပဲရွိပါတယ္။ အခုအသစ္ထြက္ရွိလာတဲ့ M.2 ဗားရွင္းကေတာ့ M.2 slot ပါဝင္တဲ့ desktop မွာထည့္သြင္းအသုံးျပဳႏိုင္သလို RAID array တစ္ခုထဲမွာ တစ္ၿပိဳင္နက္တည္း ထည့္ႏိုင္ပါတယ္။ M.2 slot အမ်ိဳးမ်ိဳးပါဝင္တဲ့ motherboard ဒါမွမဟုတ္ အထူးျပဳလုပ္ထားတဲ့ M.2 RAID ကတ္ကုိလညး္ အသုံးျပဳႏိုင္ပါတယ္။ သုံးစြဲသူက Inte Optane M.2 ကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ storage 1.2TB ပမာဏအထိ အမ်ားဆုံး ရရွိေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

(၁၀) အေကာင္းဆုံး PC Case – In Win 300 Series (အသံထိန္းခ်ဳပ္မႈပါဝင္)

PC case ေတြထုတ္လုပ္တဲ့ In Win ဟာ RG-lighting concept နဲ႔ 300 Series ကိုအဆင့္ျမႇင့္တင္ထားတဲ့ ဗားရွင္းကို Computex မွာျပသခဲ့ပါတယ္။ အဲဒီ case ရဲ႕သတၱဳေအာက္ခံ ေရွ႕ဘက္မွာ RGB LED ၁၄၄ ခု ပါဝင္ၿပီး pattern အမ်ိဳးမ်ိဳးနဲ႔ လင္းေအာင္ ပ႐ိုဂရမ္ေရးဆြဲႏိုင္သလို basic ဂိမ္းေတြလည္း ကစားႏိုင္ပါတယ္။

ဒါ့အျပင္ In Win ရဲ႕ software ကေနတစ္ဆင့္ case ကုိထိန္းခ်ဳပ္တာအျပင္ အသံနဲ႔လည္း အလင္းကုိ ေစခိုင္းႏိုင္ပါတယ္။ အခု case မွာ အျဖဴေရာင္အလင္းလည္း ပါဝင္လာပါတယ္။

စိုးထက္
Ref: PCMag

[ Unicode ]

ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ အီလက်ထရောနစ် ကုန်စည်ပြပွဲ Computex မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ အလားအလာအရှိဆုံး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ Computex 2018 ပွဲမှာ ဒုတိယမြောက် dispaly အဖြစ်လည်း အသုံးပြုနိုင်တဲ့ touchpad နဲ့ 32-core mega-CPU ပါဝင်တဲ့ laptop အပြင် အသံကနေတစ်ဆင့် အလင်းကို ထိန်းချုပ်နိုင်တဲ့ PC case စတဲ့ အနာဂတ် နည်းပညာထုတ်ကုန်များစွာကို ပြသခဲ့ပါတယ်။ အဲဒီထုတ်ကုန်အများစုဟာ ၂၀၁၈ ခုနှစ် မကုန်ဆုံးခင်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ Computex 2018 ပွဲမှာပြသခဲ့တဲ့ ထုတ်ကုန်တွေထဲက အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ ထုတ်ကုန်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) အကောင်းဆုံး Laptop – Asus ZenBook Pro 15

Asus ZenBook Pro 15 မှာ အထင်ရှားဆုံး toupad အဖြစ်လည်း အသုံးပြုနိုင်တဲ့ ၅.၅ လက်မ full HD display ပါဝင်ပါတယ်။ ScreenPad လို့အမည်ရတဲ့ အဲဒီ display/pointer ပါဝင်တဲ့ keyboard က Logitech Craft, Microsoft Surface Dial နဲ့ Apple Touch Bar တို့ထက် ထူးခြားပြီး အထူးအသုံးပြုနိုင်တဲ့ cursor တွေလည်း ပါဝင်လာပါတယ်။

တချို့ keyboard input method တွေဟာ ဂရပ်ဖစ်ဒီဇိုင်နာတွေအပြင် ဗီဒီယိုတည်းဖြတ်သူနဲ့ အခြားကျွမ်းကျင်သူတွေအတွက်ပဲ အသုံးဝင်ပေမယ့် ScreenPad ကိုတော့ နေရာတော်တော်များများမှာ အသုံးပြုနိုင်ပါတယ်။ ScreenPad ကို ဗီဒီယိုကြည့်ရှုတာ ဒါမှမဟုတ် တွက်ချက်မှုပြုလုပ်ဖို့ အခြား display အဖြစ်လည်း အသုံးချနိုင်သလို app တချို့အတွက် control အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ScreenPad ကို ပိတ်ပစ်လိုက်ရင် သာမန် touchpad တစ်ခုအဖြစ်နဲ့ပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

(၂) အကောင်းဆုံး စမတ်ဖုန်း – Asus ROG Phone

Asus ROG Phone ဟာ ကမ္ဘာအမြန်ဆုံး စမတ်ဖုန်းဖြစ်တယ်လို့ ကုမ္ပဏီတွင်း benchmark စမ်းသပ်မှုအရ သိရပါတယ်။ ROG Phone မှာ 2.96GHz Qualcomm Snapdragon 845 SoC ပါဝင်လာပါတယ်။ စမတ်ဖုန်းက ဆွဲဆောင်မှုရှိပြီး snap-on cooling fan လိုထူးခြားတဲ့ တွဲဖက်ပစ္စည်းတချို့လည်း ထုတ်လုပ်ထားပါတယ်။

(၃) အကောင်းဆုံး Desktop PC – MSI Pro 24X

MSI ကထွက်ရှိလာတဲ့ Pro 24X ဟာ gaming စွမ်းဆောင်ရည်မြင့် Desktop PC ဖြစ်ပါတယ်။ လက်ရှိအချိန် ဈေးကွက်မှာ ဝယ်ယူနိုင်တဲ့ ဘေးဘောင်သေးငယ်တဲ့ AIOs နဲ့မတူဘဲ Pro 24X မှာ ပါဝင်အစိတ်အပိုင်းတွေကို stand ထက်၂၄ လက်မအရွယ် IPS display နောက်မှာ ထည့်သွင်းထားပါတယ်။ Pro 24X မှာ Intel Core i5-7200U ပရိုဆက်ဆာအပြင် Intel Optane memory, NVME PCle M.2 SSD နဲ့ အစိတ်အပိုင်းတွေကို အဆင့်မြှင့်ဖို့အတွက် အလွယ်တကူ ဖြုတ်လဲနိုင်ပါတယ်။

(၄) အကောင်းဆုံး PC ဆန်းသစ်တီထွင်မှု – Intel ရဲ့ Single-Watt Laptop ရှေ့ပြေးပုံစံ

စွမ်းအင် 1 Watt တည်းနဲ့ လည်ပတ်နိုင်တဲ့ Intel ရဲ့ ရှေ့ပြေးပုံစံ laptop ကို Computex 2018 မှာ ပြသခဲ့ပါတယ်။

Dell XPS 13 laptop အတွင်းမှာ Intel နည်းပညာကို ထည့်သွင်းပြီး ပြသခဲ့တာ ဖြစ်ပါတယ်။ အဲဒီထုတ်ကုန်မှာ brightness 150 nits ပဲရှိပေမယ့် သင့်တော်တဲ့အလင်းအားရှိပါတယ်။ Intel Power Display လို့ခေါ်တဲ့ အစီအစဉ်အဖြစ် Intel chipset နဲ့ driver infrastructure ကိုပူးပေါင်းထည့်သွင်းထားပါတယ်။ အဲဒီနည်းပညာကို laptop ထုတ်လုပ်သူတွေ အသုံးပြုလာမယ်ဆိုရင် laptop ဘက်ထရီသက်တမ်းကို ပြောင်းလဲတော်လှန်နိုင်မှာ ဖြစ်ပါတယ်။ အခုရှေ့ပြေးပုံစံနဲ့ ၂၈ နာရီကျော်ကြာ ဘက်ထရီသက်တမ်း ရရှိမယ်လို့ Intel ကပြောထားပါတယ်။

(၅) အကောင်းဆုံး Display- Asus VG49V

ရုပ်ထွက်အရည်အသွေး 3,840x 1,080 pixels ရှိတဲ့ ၄၉ လက်မအရွယ် Asus VG49V ဟာ full HD display နှစ်ခုကို ပေါင်းစပ်ထားတဲ့ မော်နီတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ စတင်ရောင်းချတဲ့ ပထမဆုံး ၄၉ လက်မ မော်နီတာမဟုတ်ပေမယ့် display နဲ့လိုက်ဖက်တဲ့ graphics card အကြားက fraem rate ကို synchronize လုပ်ဖို့ AMD ရဲ့ FreeSync နည်းပညာထည့်သွင်းထားပါတယ်။ ဒါ့အပြင် ထူးခြားတဲ့ “Picture-by-Picture” feature ပါဝင်တဲ့အတွက် display feed တွေကို တစ်ဖက်တစ်ချက် ယှဉ်တွဲကြည့်ရှုနိုင်ပါတယ်။

(၆) အကောင်းဆုံး CPU – AMD ရဲ့ဒုတိယမြောက်မျိုးဆက် Threadripper

AMD ကလည်း အဆင့်မြင့် desktop အတွက် စွမ်းရည်မြင့် ဒုတိယမြောက်မျိုးဆက် Threadripper CPU တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲဒီ CPU မှာ 32 core တွေနဲ့ 64 thread တွေအထိ ပါဝင်လာပါတယ်။ Intel ကလည်း ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်သွားမယ့် 28-core ရှေ့ပြေးပုံစံ ပရိုဆက်ဆာတွေကို လက်တွေ့ပြသ မိတ်ဆက်ခဲ့ပါတယ်။

အခု CPU တွေကို ဝါသနာရှင်တွေက multimedia workstation တွေဒါမှမဟုတ် gaming rig တွေ တည်ဆောက်ရာမှာ အသုံးပြုကြပါတယ်။ ဒါပေမဲ့လည်း ပထမမျိုးဆက် Threadripper ဟာ Alien Area-51 Threadripper Edition လိုမျိုးထုတ်ကုန်မှာ ပါဝင်ခဲ့ဖူးပါတယ်။

(၇) အကောင်းဆုံး ဆန်းသစ်တီထွင်မှုအရှိဆုံး Retro နည်းပညာ – Intel Core i7-8086K

Intel ဟာ ကုမ္ပဏီသက်တမ်း နှစ် (၅၀) ပြည့်အဖြစ် Intel Core i7-8086K ပရိုဆက်ဆာကို ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီချစ်ပ်ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ က ထုတ်လုပ်ခဲ့တဲ့ မူလ 8086 ပရိုဆက်ဆာကို ဂုဏ်ပြုပြီး ထုတ်လုပ်ထားတာ ဖြစ်တယ်။

အဲဒီချစ်ပ်ဟာ 5GHz single-core turbo frequency ပထမဆုံးပါဝင်လာပြီး core ၆ ခုနဲ့ thread ၁၂ ခုတို့ပဲ ပါဝင်လာပါတယ်။

(၈) အကောင်းဆုံး Graphics Card – PowerColor Radeon RX Vega 56 Nano

ဒီနှစ် Computex မှာတော့ AMD နဲ့ Nvidia နှစ်ခုစလုံးက အရေးပါတဲ့ graphics-card ကြေညာချက်တွေ မထုတ်ပြန်ခဲ့ပါဘူး။ Nvidia အနေနဲ့ မျိုးဆက်သစ် GeForce GTX card တွေကို မိတ်ဆက်ဖွယ်ရှိတယ်လို့ ကောလာဟလထွက်ပေါ်ခဲ့ပေမယ့် ထွက်ရှိဖို့ အချိန်အတန်ကြာမယ်လို့ အမှုဆောင်အရာရှိချူပ် ဂျန်ဆန်ဟွမ်က ပြောခဲ့ပါတယ်။

Computex 2018 မှာသတိပြုမိတဲ့ GPU ကတော့ ပန်ကာတစ်ခုတည်းပါဝင်တဲ့ ထွက်ပြီးသား Radeon RX Vega 56 ဖြစ်ပြီး third-party card ထုတ်လုပ်သူက PowerColor ကထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အလားတူ card ကို Siggraph 2017 မှာ AMD ကအမြည်းမိတ်ဆက်ခဲ့ဖူးပါတယ်။ အဲဒီထုတ်ကုန်ကို အွန်လိုင်းမှာ ရောင်းချနေပြီ ဖြစ်ပါတယ်။

(၉) အကောင်းဆုံး Storage – Intel Optane 905P M.2

Intel ရဲ့ Optane SSD တွေမှာ read နဲ့ write စွမ်းဆောင်ရည် အလွန်ကောင်းပေမယ့် သိုလှောင်ပမာဏ အကန့်အသတ်ရှိပါတယ်။ သိုလှောင်မှုအများဆုံး ပမာဏအကြီးဆုံးမော်ဒယ်တွေထဲက တစ်ခုဖြစ်တဲ့ Optane 905P က 200GB ပဲရှိပြီး PCI Express-card အရွယ်လောက်ပဲရှိပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ M.2 ဗားရှင်းကတော့ M.2 slot ပါဝင်တဲ့ desktop မှာထည့်သွင်းအသုံးပြုနိုင်သလို RAID array တစ်ခုထဲမှာ တစ်ပြိုင်နက်တည်း ထည့်နိုင်ပါတယ်။ M.2 slot အမျိုးမျိုးပါဝင်တဲ့ motherboard ဒါမှမဟုတ် အထူးပြုလုပ်ထားတဲ့ M.2 RAID ကတ်ကိုလညး် အသုံးပြုနိုင်ပါတယ်။ သုံးစွဲသူက Inte Optane M.2 ကို ပုံစံအမျိုးမျိုးနဲ့ storage 1.2TB ပမာဏအထိ အများဆုံး ရရှိအောင် ပြုလုပ်နိုင်ပါတယ်။

(၁၀) အကောင်းဆုံး PC Case – In Win 300 Series (အသံထိန်းချုပ်မှုပါဝင်)

PC case တွေထုတ်လုပ်တဲ့ In Win ဟာ RG-lighting concept နဲ့ 300 Series ကိုအဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းကို Computex မှာပြသခဲ့ပါတယ်။ အဲဒီ case ရဲ့သတ္တုအောက်ခံ ရှေ့ဘက်မှာ RGB LED ၁၄၄ ခု ပါဝင်ပြီး pattern အမျိုးမျိုးနဲ့ လင်းအောင် ပရိုဂရမ်ရေးဆွဲနိုင်သလို basic ဂိမ်းတွေလည်း ကစားနိုင်ပါတယ်။

ဒါ့အပြင် In Win ရဲ့ software ကနေတစ်ဆင့် case ကိုထိန်းချုပ်တာအပြင် အသံနဲ့လည်း အလင်းကို စေခိုင်းနိုင်ပါတယ်။ အခု case မှာ အဖြူရောင်အလင်းလည်း ပါဝင်လာပါတယ်။

စိုးထက်
Ref: PCMag