Cloud gaming လုပ္ငန္းေဆာင္ရြက္ဖို႔ Microsoft နဲ႔ Sony ပူးေပါင္း

[ Zawgyi ]

Xbox နဲ႔ PlayStation ဂိမ္းစက္ေတြအၾကား အားၿပိဳင္ေနၾကတဲ့ Microsoft နဲ႔ sony တို႔ဟာ ဂိမ္းနဲ႔ content ထုတ္လႊင့္ေရးဝန္ေဆာင္မႈကုိ Microsoft Azure မွာေထာက္ပံ့ဖို႔ အနာဂတ္ cloud ေျဖရွင္းနည္း ဖြံ႕ၿဖိဳးတုိးတက္ေရးအတြက္ ပူးေပါင္းလိုက္တယ္လို႔ ထုတ္ျပန္လိုက္ပါတယ္။

အခုပူးေပါင္းမႈကို Microsoft က အေစာပုိင္းမွာ သတင္းထုတ္ျပန္ခဲ့ၿပီး သေဘာတူညီမႈစာခ်ဳပ္ မူၾကမ္းကို လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။

ကုမၸဏီႏွစ္ခုဟာ cloud ေတြထက္ပိုမိုသာလြန္တဲ့ ကိစၥေတြလည္း ပူးေပါင္းလုပ္ကုိင္သြားမယ္လို႔ Microsoft က ထုတ္ျပန္ထားပါတယ္။ Microsoft ဟာ Azure အခ်က္အလက္စင္တာေတြကုိ Sony အသုံးျပဳဖုိ႔ ကမ္းလွမ္းထားပါတယ္။ Sony အေနနဲ႔ PlayStation Now ဝန္ေဆာင္မႈကုိ တုိးခ်ဲ႕လာႏိုင္ၿပီး Google Stadia နဲ႔ၿပိဳင္ဆိုင္လာႏိုင္မွာ ျဖစ္ပါတယ္။

Microsoft နဲ႔ Sony တို႔ဟာ game streaming လုပ္ငန္းထဲကုိ ထိုးေဖာက္ဝင္ေရာက္ၿပီး အေထာက္အပံ့ေပးဖို႔ ျပင္ဆင္ေနပါတယ္။ Sony အေနနဲ႔ PS Now ဝန္ေဆာင္မႈကုိ ႏိုင္ငံေပါင္း ၇ ႏိုင္ငံအထိ တိုးခ်ဲ႕ထားပါတယ္။ Microsoft မွာ Xbox ကေန ကြန္ပ်ဴတာနဲ႔ ဖုန္းကုိ streaming လုပ္ႏိုင္တဲ့ Project xCloud ရွိပါတယ္။ အဲဒီဝန္ေဆာင္မႈကို ၿပီးခဲ့တဲ့ႏွစ္က ထုတ္ေဖာ္ျပသထားပါတယ္။

စိုးထက္
Ref: TheNextWeb

[ Unicode ]

Xbox နဲ့ PlayStation ဂိမ်းစက်တွေအကြား အားပြိုင်နေကြတဲ့ Microsoft နဲ့ sony တို့ဟာ ဂိမ်းနဲ့ content ထုတ်လွှင့်ရေးဝန်ဆောင်မှုကို Microsoft Azure မှာထောက်ပံ့ဖို့ အနာဂတ် cloud ဖြေရှင်းနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းလိုက်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အခုပူးပေါင်းမှုကို Microsoft က အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပြီး သဘောတူညီမှုစာချုပ် မူကြမ်းကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီနှစ်ခုဟာ cloud တွေထက်ပိုမိုသာလွန်တဲ့ ကိစ္စတွေလည်း ပူးပေါင်းလုပ်ကိုင်သွားမယ်လို့ Microsoft က ထုတ်ပြန်ထားပါတယ်။ Microsoft ဟာ Azure အချက်အလက်စင်တာတွေကို Sony အသုံးပြုဖို့ ကမ်းလှမ်းထားပါတယ်။ Sony အနေနဲ့ PlayStation Now ဝန်ဆောင်မှုကို တိုးချဲ့လာနိုင်ပြီး Google Stadia နဲ့ပြိုင်ဆိုင်လာနိုင်မှာ ဖြစ်ပါတယ်။

Microsoft နဲ့ Sony တို့ဟာ game streaming လုပ်ငန်းထဲကို ထိုးဖောက်ဝင်ရောက်ပြီး အထောက်အပံ့ပေးဖို့ ပြင်ဆင်နေပါတယ်။ Sony အနေနဲ့ PS Now ဝန်ဆောင်မှုကို နိုင်ငံပေါင်း ရ နိုင်ငံအထိ တိုးချဲ့ထားပါတယ်။ Microsoft မှာ Xbox ကနေ ကွန်ပျူတာနဲ့ ဖုန်းကို streaming လုပ်နိုင်တဲ့ Project xCloud ရှိပါတယ်။ အဲဒီဝန်ဆောင်မှုကို ပြီးခဲ့တဲ့နှစ်က ထုတ်ဖော်ပြသထားပါတယ်။

Ref: TheNextWeb