ClipGrabကို Ubuntu OS တြင္ ထည့္သြင္းျခင္း

[ Zawgyi ]

ClipGrab ဆိုတာကေတာ့ YouTube, Vimeo, Dailymotion အစရွိတဲ့ ဝက္ဘ္ဆိုက္က ဗီဒီယိုေတြကို download လုပ္ယူႏိုင္ေအာင္ စီစဥ္ေပးထားတဲ့ ေဆာ့ဖ္ဝဲတစ္ခုျဖစ္ပါတယ္။ အဆုိပါ ဝက္ဘ္ဆိုက္ေတြက ဗီဒီယိုေတြကို အလြယ္တကူနဲ႔ ရယူႏိုင္မွာ ျဖစ္ပါတယ္။
Ubuntu OS မွာ ClipGrab ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕ Terminal ကို Ctrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရ မွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီ ဆိုရင္ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။ ClipGrabကို Ubuntu မွာ ထည့္သြင္း အသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြ ကေတာ့ –

sudo add-apt-repository ppa:clipgrab-team/ppa
sudo apt-get update
sudo apt-get install clipgrab

ဆိုတဲ့ command ေတြကို အသံုးျပဳရမွာ ျဖစ္ပါတယ္။ အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားပါလိမ့္မယ္။ ဒါဆိုရင္ Ubuntu OS မွာ ClipGrab ေဆာ့ဖ္ဝဲကို
ထည့္သြင္းတဲ့ အဆင့္ၿပီးဆံုးၿပီျဖစ္ ပါတယ္။

-သီဟ

[ Unicode ]

ClipGrab ဆိုတာကတော့ YouTube, Vimeo, Dailymotion အစရှိတဲ့ ဝက်ဘ်ဆိုက်က ဗီဒီယိုတွေကို download လုပ်ယူနိုင် အောင် စီစဉ်ပေးထားတဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ အဆိုပါ ဝက်ဘ်ဆိုက်တွေက ဗီဒီယိုတွေကို အလွယ်တကူနဲ့ ရယူနိုင်မှာ ဖြစ်ပါတယ်။
Ubuntu OS မှာ ClipGrab ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။ ClipGrabကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:clipgrab-team/ppa
sudo apt-get update
sudo apt-get install clipgrab

ဆိုတဲ့ command တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက် ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါ တည်း ထည့်သွင်းပေးသွားပါ လိမ့်မယ်။ ဒါဆိုရင် Ubuntu OS မှာ ClipGrab ဆော့ဖ်ဝဲကို
ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီဖြစ် ပါတယ်။