Chuwi Hi 13

[ Zawgyi ]


အားသာချက်


အားနည်းချက်


အသေးစိတ်ဖော်ပြချက်


-သီဟ

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၃၆၉.၉၉ (Amazon Price)

အားသာချက်

မျက်နှာပြင် အရွယ်အစား ၁၃.၅ လက်မခန့်ရှိတာကြောင့် tablet အဖြစ်သာ မက laptop အဖြစ်နဲ့ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တွဲဖက်သုံးစွဲရတဲ့ keyboard လုပ်ဆောင်ချက်တွေကလည်း ကောင်းမွန်ပြီး ကင်မရာအရည်အသွေးကလည်း ကောင်းမွန်ပါတယ်။

အားနည်းချက်

Original Equipment manufacturer (OEM) ကို install လုပ်ဆောင်တဲ့အခါမှာ အချိန်အနည်းငယ် ကြာမြင့်နိုင်ပြီး ထည့်သွင်းပေးထားတဲ့ RAM ကလည်း 4GB ခန့်သာရှိမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Apollo Lake Celeron N3450 chip ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 2.2 GHz ရှိမှာဖြစ်ပါတယ်။ RAM 4GB (DDR 3) ကို တပ်ဆင်ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့ အတွက် 64GB (eMMC) ပမာဏရှိတဲ့ storage ကို ထည့်သွင်းပေးထားပါတယ်။ Graphic အတွက် Intel HD 500 GPU ကို အသုံးပြုထားပါတယ်။ ဒီ tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Windows 10 Home ကို အသုံးပြုပေးထားပါတယ်။ Chuwi Hi 13 မှာအသုံးပြုထားတဲ့ ကင်မရာတွေရဲ့ megapixel တွေကတော့ rear camera ကို 5 megapixels အသုံးပြုထား ပေးပြီး front camera ကိုတော့ 2 megapixels သာ အသုံးပြု ပေးထားပါတယ်။ ဒီ tablet ကိုHipen H3 Stylus နဲ့ တွဲဖက်သုံးစွဲနိုင်မှာလည်း ဖြစ်ပါတယ်။