Chromebook လုိမ်ိဳး ထုတ္ကုန္ေတြနဲ႔ dual-screen အတြက္ Windows Lite ကို Microsoft ဖန္တီးေန

[ Zawgyi ]

Microsoft ဟာ dual-screen ထုတ္ကုန္နဲ႔ Chromebook ထုတ္ကုန္ေတြအတြက္ ေပါ့ပါးတဲ့ Windows ဗားရွင္းသစ္ကုိ ဖန္တီးေနပါတယ္။ Microsoft ဟာ dual screen ေတြနဲ႔ Windows user interface ကုိထည့္သြင္းဖုိ႔ လုပ္ကုိင္ေနတယ္လို႔ The Verge ကို သတင္းအရင္းအျမစ္ေတြက ေျပာေနၾကပါတယ္။ ထုတ္ကုန္သစ္ေတြကုိေတာ့ ဒီႏွစ္ ေႏွာင္းပုိင္းေလာက္မွာ မိတ္ဆက္မွာျဖစ္ၿပီး ခ်စ္ပ္နဲ႔ ထုတ္လုပ္တဲ့ကုမၸဏီအေပၚ မူတည္ေနပါတယ္။

Microsoft ရဲ႕ software သစ္လွ်ိဳ႕ဝွက္အမည္က “Windows Lite” ျဖစ္ၿပီး dual-screen ထုတ္ကုန္ေတြကုိ အသားေပးထားတဲ့ အေပါ့စား Windows ဗားရွင္းတစ္မ်ိဳး ျဖစ္ပါတယ္။ Intel ဟာ ကုိယ္ပုိင္ hardware ထုတ္ကုန္သစ္ဖန္တီးဖို႔ OEM ထုတ္လုပ္သူေတြကုိ တြန္းအားေပးေနၿပီး Microsoft ရဲ႕ Courier concept လိုမ်ိဳး dual-screen laptop ေတြ ဒါမွမဟုတ္ ေခါက္ႏိုင္တဲ့ display ေတြကုိ အနာဂတ္မွာ ျမင္ေတြ႕ရႏိုင္ပါတယ္။ Microsoft အေနနဲ႔ အဲဒီ အေျခအေနကုိ အသာစီးယူမယ့္ ကြန္ပ်ဴတာထုတ္လုပ္သူေတြအတြက္ Windows က အဆင္သင့္ျဖစ္ေနေအာင္ ျပဳလုပ္ေနပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Microsoft ဟာ dual-screen ထုတ်ကုန်နဲ့ Chromebook ထုတ်ကုန်တွေအတွက် ပေါ့ပါးတဲ့ Windows ဗားရှင်းသစ်ကို ဖန်တီးနေပါတယ်။ Microsoft ဟာ dual screen တွေနဲ့ Windows user interface ကိုထည့်သွင်းဖို့ လုပ်ကိုင်နေတယ်လို့ The Verge ကို သတင်းအရင်းအမြစ်တွေက ပြောနေကြပါတယ်။ ထုတ်ကုန်သစ်တွေကိုတော့ ဒီနှစ် နှောင်းပိုင်းလောက်မှာ မိတ်ဆက်မှာဖြစ်ပြီး ချစ်ပ်နဲ့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ် မူတည်နေပါတယ်။

Microsoft ရဲ့ software သစ်လျှို့ဝှက်အမည်က “Windows Lite” ဖြစ်ပြီး dual-screen ထုတ်ကုန်တွေကို အသားပေးထားတဲ့ အပေါ့စား Windows ဗားရှင်းတစ်မျိုး ဖြစ်ပါတယ်။ Intel ဟာ ကိုယ်ပိုင် hardware ထုတ်ကုန်သစ်ဖန်တီးဖို့ OEM ထုတ်လုပ်သူတွေကို တွန်းအားပေးနေပြီး Microsoft ရဲ့ Courier concept လိုမျိုး dual-screen laptop တွေ ဒါမှမဟုတ် ခေါက်နိုင်တဲ့ display တွေကို အနာဂတ်မှာ မြင်တွေ့ရနိုင်ပါတယ်။ Microsoft အနေနဲ့ အဲဒီ အခြေအနေကို အသာစီးယူမယ့် ကွန်ပျူတာထုတ်လုပ်သူတွေအတွက် Windows က အဆင်သင့်ဖြစ်နေအောင် ပြုလုပ်နေပါတယ်။

-Ref: TheVerge