August 20, 2018

Chrome ေပၚက အစိမ္းေရာင္ Secure စာလံုးကို ဖယ္ရွားရန္ Google စီစဥ္ေန

[Zawgyi]

Google ဟာ အင္တာနက္ေပၚက လံုၿခံဳတဲ့ဝက္ဘ္ဆိုက္ေတြကို ညႊန္ျပေပးတဲ့ Chrome ရဲ႕ URL ေဘးက အစိမ္းေရာင္ေသာ့နဲ႔ Secure စာလံုးကို ဖယ္ရွားဖို႔ စီစဥ္ေနပါတယ္။

လက္ရိွမွာ Google ရဲ႕ Chrome browser ကိုသံုးၿပီး စာမ်က္ႏွာတစ္ခုကို သြားေရာက္တဲ့အခါ HTTPS ဝက္ဘ္ဆိုက္အားလံုးကို အစိမ္းေရာင္ေသာ့နဲ႔အတူ Secure ဆိုတဲ့ စာလံုးနဲ႔ ေဖာ္ျပေပးမွာျဖစ္ပါတယ္။ ဒါဟာ ကိုယ္လည္ပတ္ေရာက္ရိွေနတဲ့ စာမ်က္ႏွာက encrypt လုပ္ထားၿပီး ဆိုက္ဘာတိုက္ခိုက္မႈေတြကေန ကာကြယ္ထားတယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။ Google ဟာ အင္တာနက္ေပၚမွာ HTTPS ကို ရာႏႈန္းျပည့္ျဖစ္ေစဖို႔အတြက္ ရည္ရြယ္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အခုဆိုရင္ ရည္မွန္းခ်က္ ျပည့္မီဖို႔ အလြန္နီးစပ္ေနတယ္လို႔ ဆိုပါတယ္။

ေမလ ၁၂ ရက္မွာ Windows ေပၚကေန Chrome နဲ႔ အင္တာနက္သံုးသူေတြ လည္ပတ္ၾကည့္႐ႈခဲ့တဲ့ ဝက္ဘ္ဆိုက္ ၈၃ ရာခိုင္ႏႈန္းဟာ HTTPS စာမ်က္ႏွာေတြျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ စာမ်က္ႏွာအားလံုးက HTTPS ျဖစ္သြားတဲ့အခါ လံုၿခံဳစိတ္ခ်ရတဲ့အေၾကာင္း ေဖာ္ျပဖို႔ မလိုေတာ့တဲ့အတြက္ Google က “Secure” ဆိုတဲ့ စာလံုးကို ဖယ္ရွားသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ အဲ့ဒီ “Secure” ဆိုတဲ့ စာလံုးနဲ႔ ေသာ့ပံုကို စက္တင္ဘာလမွာ ဖယ္ရွားသြားမယ္လုိ႔သိရပါတယ္။

ဒီအစီအစဥ္ကို ေဆာင္ရြက္ၿပီးတာနဲ႔ သံုးစြဲသူက HTTPS မဟုတ္တဲ့ ဝက္ဘ္ဆိုက္ေတြကို လည္ပတ္ေရာက္ရိွမိတယ္ဆိုရင္ URL bar မွာ အနီေရာင္ icon နဲ႔အတူ “Not secure” ဆိုတဲ့ စာလံုးနဲ႔ ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ အဲ့ဒါကို ဒီႏွစ္ ေအာက္တိုဘာလကစၿပီး ျပသေပးသြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: CNET

=============

[Unicode]

Google ဟာ အင်တာနက်ပေါ်က လုံခြုံတဲ့ဝက်ဘ်ဆိုက်တွေကို ညွှန်ပြပေးတဲ့ Chrome ရဲ့ URL ဘေးက အစိမ်းရောင်သော့နဲ့ Secure စာလုံးကို ဖယ်ရှားဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာ Google ရဲ့ Chrome browser ကိုသုံးပြီး စာမျက်နှာတစ်ခုကို သွားရောက်တဲ့အခါ HTTPS ဝက်ဘ်ဆိုက်အားလုံးကို အစိမ်းရောင်သော့နဲ့အတူ Secure ဆိုတဲ့ စာလုံးနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ်လည်ပတ်ရောက်ရှိနေတဲ့ စာမျက်နှာက encrypt လုပ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ကာကွယ်ထားတယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ Google ဟာ အင်တာနက်ပေါ်မှာ HTTPS ကို ရာနှုန်းပြည့်ဖြစ်စေဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရည်မှန်းချက် ပြည့်မီဖို့ အလွန်နီးစပ်နေတယ်လို့ ဆိုပါတယ်။

မေလ ၁၂ ရက်မှာ Windows ပေါ်ကနေ Chrome နဲ့ အင်တာနက်သုံးသူတွေ လည်ပတ်ကြည့်ရှုခဲ့တဲ့ ဝက်ဘ်ဆိုက် ၈၃ ရာခိုင်နှုန်းဟာ HTTPS စာမျက်နှာတွေဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စာမျက်နှာအားလုံးက HTTPS ဖြစ်သွားတဲ့အခါ လုံခြံုစိတ်ချရတဲ့အကြောင်း ဖော်ပြဖို့ မလိုတော့တဲ့အတွက် Google က “Secure” ဆိုတဲ့ စာလုံးကို ဖယ်ရှားသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အဲ့ဒီ “Secure” ဆိုတဲ့ စာလုံးနဲ့ သော့ပုံကို စက်တင်ဘာလမှာ ဖယ်ရှားသွားမယ်လို့သိရပါတယ်။

ဒီအစီအစဉ်ကို ဆောင်ရွက်ပြီးတာနဲ့ သုံးစွဲသူက HTTPS မဟုတ်တဲ့ ဝက်ဘ်ဆိုက်တွေကို လည်ပတ်ရောက်ရှိမိတယ်ဆိုရင် URL bar မှာ အနီရောင် icon နဲ့အတူ “Not secure” ဆိုတဲ့ စာလုံးနဲ့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါကို ဒီနှစ် အောက်တိုဘာလကစပြီး ပြသပေးသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: CNET