Chindwin-PSB Institute တွင် One Year Top-up Degree Programme တက်ရောက်နိုင်

[ Zawgyi ]




-ဝေဝေ

[ Unicode]

ယူကေတက္ကသိုလ်ဖြစ်တဲ့ University of Portsmouth နဲ့ပူးပေါင်းပြီး One Year Top-up Degree Programme တွေကို ပြည်တွင်းရှိ Chindwin-PSB Institute မှာ တက်ရောက်သင်ကြားနိုင်မယ်လို့ သိရပါတယ်။

One Year Top-up Degree Programme တွေဖြစ်တဲ့ B.A (Hons) Business and Management, BEng (Hons) Civil Engineering, BEng (Hons) Electronic Engineering နဲ့ BEng (Hons) Mechanical Engineering အတန်းတွေကို သင်ကြားနိုင်မှာဖြစ်ပြီး အတွေ့အကြုံရှိ ဝါရင့် ပြည်တွင်း/ပြည်ပ ဆရာ၊ ဆရာမ တွေနဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းတက်နေစဉ်အတွင်း ပြင်ပလုပ်ငန်းခွင်တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိအောင် Industrial Trip တွေ သွားရောက်နိင်အောင်လည်း စီစဉ်ပေးထားပါတယ်။ Business and Management, Civil Engineering, Electronic Engineering နဲ့ Mechanical Engineering ဘာသာရပ်တွေရဲ့ Final Year Top-up Degree Programme တွေကို သက်ဆိုင်ရာဘာသာရပ်ရဲ့ Pearson BTEC Higher National Diploma ရရှိထားသူတွေ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ SQA HND Diploma, NCC Advanced Diploma, Recognized Higher Diploma and Advanced Diploma, ABE Advanced Diploma ရရှိထားသူတွေအနေနဲ့လည်း လျှောက်ထားတက်ရောက်နိုင်မယ်လို့ သိရပါတယ်။

ကျောင်းသားဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Chindwin-PSB Institute Hotline ဖုန်း – ၀၉ ၉၅၄၀၀၅၉၅၉ နဲ့ ၀၁ – ၅၀၂၅၀၈ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။