CES 2019 မွာျပသသြားတဲ့ အထူးဆန္းဆုံး ထုတ္ကုန္မ်ား

[ Zawgyi ]

ဒီႏွစ္မွာေတာ့ ထုံးစံအတိုင္းပဲ CES ျပပြဲကုိ နီဗားဒါျပည္နယ္၊ လတ္စ္ဗီးဂတ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့ပါတယ္။ CES (Consumer Electronics Show) ျပပြဲကို ဇန္နဝါရီလ ၈ ရက္ကေန ၁၁ ရက္အထိ ေလးရက္တိုင္ ျပဳလုပ္ခဲ့ပါတယ္။ ျပပြဲမွာပါဝင္ခဲ့တဲ့ နည္းပညာ ထုတ္ကုန္ေတြက ဆန္းသစ္မႈရွိသလို စိတ္ဝင္စားစရာလည္း ေကာင္းပါတယ္။ CES 2019 ျပပြဲက ထူးဆန္းတဲ့ ထုတ္ကုန္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Monit စမတ္ ကေလးအတြင္းခံ

ကေလးရဲ႕အတြင္းခံ အျပင္ဘက္မွာ တပ္ဆင္ႏိုင္တဲ့ Bluetooth sensor တစ္ခုျဖစ္ပါတယ္။ ကေလးငယ္က အေပါ့၊ အေလးသြားတာကို ေျခရာခံေပးႏိုင္ၿပီး သတိေပးခ်က္ကို ေပးပုိ႔သြားမွာ ျဖစ္ပါတယ္။

Kitoki Wooden ေလ႐ွဴသြင္းကိရိယာ

အခုကိရိယာဟာ vape ေသာက္တဲ့အရာ မဟုတ္ပါဘူး။ သုံးစြဲသူကို စိတ္သက္သာရာရေအာင္ လုပ္ေပးႏိုင္တဲ့ ေလ႐ွဴသြင္းကိရိယာျဖစ္ပါတယ္။ အဲဒီကိရိယာကို ဂ်ပန္ကုမၸဏီ Kitoki က သစ္ကတိုးသားနဲ႔ ျပဳလုပ္ထားပါတယ္။

Orii

Orii ဆိုတာ bone-conduction လက္စြပ္ျဖစ္ပါတယ္။ ဖုန္းနဲ႔ခ်ိတ္ဆက္ အသုံးျပဳၿပီး ဖုန္းေခၚဆိုမႈေတြကို လက္ခံစကားေျပာႏိုင္ပါတယ္။ ပုံထဲမွာျပထားတဲ့အတိုင္း လက္စြပ္ကုိဝတ္ၿပီး နားမွာေထာက္ၿပီးစကား ေျပာဆိုင္ႏိုင္ပါတယ္။

Umay

Umay ဟာ အပူခ်ိန္ေပးကုသမႈေပးႏိုင္တဲ့ထုတ္ကုန္ျဖစ္ၿပီး ေဈးႏႈန္းကေတာ့ ၁၇၉ ေဒၚလာျဖစ္ပါတယ္။ မ်က္စိေတြေညာင္းညာတဲ့အခါ အေၾကာေျပေလ်ာ့ေအာင္ လုပ္ေပးႏိုင္တဲ့ ကိရိယာျဖစ္ပါတယ္။ ဒါ့အျပင္ ကြန္ပ်ဴတာေတြအ ၾကည့္မ်ားတဲ့အခါ မ်က္လုံးေျခာက္ေသြ႕မႈျဖစ္တာေတြကို ေပ်ာက္ကင္းေအာင္လည္း ျပဳလုပ္ႏိုင္ပါတယ္။

Hyundai Elevate ကား

Hyundai ဟာ Elevate လို႔အမည္ရတဲ့ ကား concept တစ္မ်ိဳးကို ျပသခဲ့ပါတယ္။ အဲဒီကားဟာ အျမန္လမ္းေပၚမွာ ေမာင္းႏွင္ႏိုင္ၿပီး ၅ ေပျမင့္တဲ့ နံရံေတြကုိ တက္ႏိုင္သလုိ အက်ယ္ ၅ ေပဟေနတဲ့ အေပါက္ကိုလည္း ေက်ာ္လႊားႏိုင္ပါတယ္။

Cosmo ဖုန္း

ယူေကအေျခစိုက္ Planet Computers ကထုတ္လုပ္တဲ့ Cosmo ဖုန္းမွာ keyboard ပါဝင္လာပါတယ္။ ဖုန္းမွာ keyboard ပါဝင္လာတဲ့ ထုတ္ကုန္ေတြ တစ္ေက်ာ့ျပန္ေခတ္စား ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က CES ျပပြဲမွာျပသခဲ့တဲ့ Gemini ဖုန္းရဲ႕တန္ဖိုးႀကီးဗားရွင္းလည္း ျဖစ္ပါတယ္။

Verde ေျပးစက္

Verde ကထုတ္လုပ္တဲ့ ေျပးစက္ကေတာ့ တစ္မူထူးျခားပါတယ္။ ေျပးစက္ေပၚမွာေျပးေနစဥ္မွာပဲ အိမ္အတြက္စြမ္းအင္ကုိ ထုတ္လုပ္ေပးႏိုင္ပါတယ္။

Sony GTK-PG10

Sony ရဲ႕ပါတီစပီကာမွာ စားပြဲနဲ႔ ခြက္ထည့္ထားႏိုင္တဲ့အရာလည္း ပါဝင္လာပါတယ္။ ေရစိုလည္းခံတယ္လို႔သိရပါတယ္။

Sphero Specdrums

Specdrum ဟာ အေရာင္အေျခခံ ဂီတႏုတ္စ္ေတြ တီးခတ္ႏိုင္တဲ့ Bluetooth ေထာက္ပံ့မႈပါ လက္စြပ္ျဖစ္ပါတယ္။

Y-Brush

ခံတြင္းကို စကၠန္႔ပုိင္းအတြင္းရွင္းသန္႔ေပးႏိုင္တဲ့ သြားပြတ္တံတစ္မ်ိဳးပါ။

GoSun ဆိုလာမီးဖို

GoSun ဆိုလာမီးဖိုဟာ အပူခ်ိန္ ဖာရင္ဟိုက္ ၅၅၀ အထိ မီးအပူေပးႏိုင္ဖို႔ ေနေရာင္ျခည္စြမ္းအင္ကုိ အသုံးျပဳပါတယ္။

Urgonlight

Urgonlight ဟာ က်န္းမာတဲ့အိပ္စက္မႈအတြက္ ဦးေႏွာက္လိႈင္းပုံစံေတြကုိ ဖြံ႕ၿဖိဳးေအာင္ ဦးေႏွာက္ကုိေလ့က်င့္ေပးႏိုင္တဲ့ app တစ္မ်ိဳးျဖစ္ပါတယ္။

Bread Bot

Bread Bot ဟာ vending machine နဲ႔ေပါင္မုန္႔လုပ္စက္ကုိ ေပါင္းစပ္ထားတဲ့ ထုတ္ကုန္တစ္မ်ိဳးျဖစ္ပါတယ္။

VoloGo

ႀကိဳးမဲ့ေခါင္းမႈတ္စက္ျဖစ္ၿပီး အနီေအာင္ေရာင္ျခည္ နည္းပညာအသုံးျပဳထားပါတယ္။ ဘက္ထရီကေတာ့ ၁၄ မိနစ္ အသုံးျပဳႏိုင္ပါတယ္။

DFree ultrasound sensor

ဆီးနဲ႔ဝမ္း မထိန္းႏို္င္တဲ့လူေတြအတြက္ ဒီဇိုင္းထုတ္ထားတဲ့ ထုတ္ကုန္ျဖစ္ပါတယ္။

[ Unicode ]

ဒီနှစ်မှာတော့ ထုံးစံအတိုင်းပဲ CES ပြပွဲကို နီဗားဒါပြည်နယ်၊ လတ်စ်ဗီးဂတ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ CES (Consumer Electronics Show) ပြပွဲကို ဇန်နဝါရီလ ၈ ရက်ကနေ ၁၁ ရက်အထိ လေးရက်တိုင် ပြုလုပ်ခဲ့ပါတယ်။ ပြပွဲမှာပါဝင်ခဲ့တဲ့ နည်းပညာ ထုတ်ကုန်တွေက ဆန်းသစ်မှုရှိသလို စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ CES 2019 ပြပွဲက ထူးဆန်းတဲ့ ထုတ်ကုန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Monit စမတ် ကလေးအတွင်းခံ

ကလေးရဲ့အတွင်းခံ အပြင်ဘက်မှာ တပ်ဆင်နိုင်တဲ့ Bluetooth sensor တစ်ခုဖြစ်ပါတယ်။ ကလေးငယ်က အပေါ့၊ အလေးသွားတာကို ခြေရာခံပေးနိုင်ပြီး သတိပေးချက်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

Kitoki Wooden လေရှူသွင်းကိရိယာ အခုကိရိယာဟာ vape သောက်တဲ့အရာ မဟုတ်ပါဘူး။ သုံးစွဲသူကို စိတ်သက်သာရာရအောင် လုပ်ပေးနိုင်တဲ့ လေရှူသွင်းကိရိယာဖြစ်ပါတယ်။ အဲဒီကိရိယာကို ဂျပန်ကုမ္ပဏီ Kitoki က သစ်ကတိုးသားနဲ့ ပြုလုပ်ထားပါတယ်။

Orii

Orii ဆိုတာ bone-conduction လက်စွပ်ဖြစ်ပါတယ်။ ဖုန်းနဲ့ချိတ်ဆက် အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုတွေကို လက်ခံစကားပြောနိုင်ပါတယ်။ ပုံထဲမှာပြထားတဲ့အတိုင်း လက်စွပ်ကိုဝတ်ပြီး နားမှာထောက်ပြီးစကား ပြောဆိုင်နိုင်ပါတယ်။

Umay

Umay ဟာ အပူချိန်ပေးကုသမှုပေးနိုင်တဲ့ထုတ်ကုန်ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၇၉ ဒေါ်လာဖြစ်ပါတယ်။ မျက်စိတွေညောင်းညာတဲ့အခါ အကြောပြေလျော့အောင် လုပ်ပေးနိုင်တဲ့ ကိရိယာဖြစ်ပါတယ်။ ဒါ့အပြင် ကွန်ပျူတာတွေအ ကြည့်များတဲ့အခါ မျက်လုံးခြောက်သွေ့မှုဖြစ်တာတွေကို ပျောက်ကင်းအောင်လည်း ပြုလုပ်နိုင်ပါတယ်။

Hyundai Elevate ကား

Hyundai ဟာ Elevate လို့အမည်ရတဲ့ ကား concept တစ်မျိုးကို ပြသခဲ့ပါတယ်။ အဲဒီကားဟာ အမြန်လမ်းပေါ်မှာ မောင်းနှင်နိုင်ပြီး ၅ ပေမြင့်တဲ့ နံရံတွေကို တက်နိုင်သလို အကျယ် ၅ ပေဟနေတဲ့ အပေါက်ကိုလည်း ကျော်လွှားနိုင်ပါတယ်။

Cosmo ဖုန်း

ယူကေအခြေစိုက် Planet Computers ကထုတ်လုပ်တဲ့ Cosmo ဖုန်းမှာ keyboard ပါဝင်လာပါတယ်။ ဖုန်းမှာ keyboard ပါဝင်လာတဲ့ ထုတ်ကုန်တွေ တစ်ကျော့ပြန်ခေတ်စား နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က CES ပြပွဲမှာပြသခဲ့တဲ့ Gemini ဖုန်းရဲ့တန်ဖိုးကြီးဗားရှင်းလည်း ဖြစ်ပါတယ်။

Verde ပြေးစက်

Verde ကထုတ်လုပ်တဲ့ ပြေးစက်ကတော့ တစ်မူထူးခြားပါတယ်။ ပြေးစက်ပေါ်မှာပြေးနေစဉ်မှာပဲ အိမ်အတွက်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။

Sony GTK-PG10

Sony ရဲ့ပါတီစပီကာမှာ စားပွဲနဲ့ ခွက်ထည့်ထားနိုင်တဲ့အရာလည်း ပါဝင်လာပါတယ်။ ရေစိုလည်းခံတယ်လို့သိရပါတယ်။

Sphero Specdrums

Specdrum ဟာ အရောင်အခြေခံ ဂီတနုတ်စ်တွေ တီးခတ်နိုင်တဲ့ Bluetooth ထောက်ပံ့မှုပါ လက်စွပ်ဖြစ်ပါတယ်။

Y-Brush

ခံတွင်းကို စက္ကန့်ပိုင်းအတွင်းရှင်းသန့်ပေးနိုင်တဲ့ သွားပွတ်တံတစ်မျိုးပါ။

GoSun ဆိုလာမီးဖို

GoSun ဆိုလာမီးဖိုဟာ အပူချိန် ဖာရင်ဟိုက် ၅၅၀ အထိ မီးအပူပေးနိုင်ဖို့ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပါတယ်။

Urgonlight

Urgonlight ဟာ ကျန်းမာတဲ့အိပ်စက်မှုအတွက် ဦးနှောက်လှိုင်းပုံစံတွေကို ဖွံ့ဖြိုးအောင် ဦးနှောက်ကိုလေ့ကျင့်ပေးနိုင်တဲ့ app တစ်မျိုးဖြစ်ပါတယ်။

Bread Bot

Bread Bot ဟာ vending machine နဲ့ပေါင်မုန့်လုပ်စက်ကို ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။

VoloGo

ကြိုးမဲ့ခေါင်းမှုတ်စက်ဖြစ်ပြီး အနီအောင်ရောင်ခြည် နည်းပညာအသုံးပြုထားပါတယ်။ ဘက်ထရီကတော့ ၁၄ မိနစ် အသုံးပြုနိုင်ပါတယ်။

DFree ultrasound sensor

ဆီးနဲ့ဝမ်း မထိန်းနို်င်တဲ့လူတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။