Captain Toad: Treasure Tracker

ဒီတစ္ပတ္ မိတ္ဆက္ေပးခ်င္ တာကေတာ့ Mario နဲ႔ ႐ုပ္ထြက္ခ်င္းဆင္တူတဲ့ ခ်စ္စရာ႐ုပ္ထြက္ေလးနဲ႔ ဂိမ္းသစ္ေလးတစ္ခု အေၾကာင္းပါ။ သူ႔နာမည္က Toad ပါ။ တိုက္ခုိက္ေရး ဂိမ္းဆိုလည္းဟုတ္တယ္၊ ပေဟဠိဂိမ္းဆိုရင္လည္း ဟုတ္တယ္၊ အထူးသျဖင့္ေတာ့ Mario မွာ ခရီးသြားပံုစံ စခန္းသြားဂိမ္းကစားရတာျဖစ္ၿပီး အခုဂိမ္းကေတာ့ အခန္းတစ္ခန္းခ်င္းစီက အေဆာက္အဦ တစ္ခုပံုစံ ဝင္ေရာက္ေက်ာ္ျဖတ္
ႏုိင္ေအာင္ ကစားရတာေလးက ကြဲျပားၿပီး အျမင္ဆန္းေနေစပါတယ္။ Nintendo ကိုယ္တုိင္ သူ႔ဆီကေန ထုတ္လုပ္ထားတဲ့ Switch နဲ႔ 3DS ေတြ အားလံုးနဲ႔ ကစားႏုိင္ေအာင္ ဖန္တီးထားတာပါ။

Wii U စနစ္နဲ႔ ကစားႏုိင္ေအာင္ ၂၀၁၄ ကတည္းက ထြက္ရွိထားတာ ျဖစ္ေပမယ့္ ျပည္တြင္းမွာေတာ့ အသံုးနည္းေတာ့ ကစားသူ နည္းပါလိမ့္မယ္။ အခုေတာ့ Switch ေရာ 3DS နဲ႔ပါ ကစားႏုိင္လာပါၿပီ။ အခုေနာက္ဆံုးထြက္ Version မွာ ထူးျခားခ်က္က
ေရွ႕ထြက္ Version မွာ Single အေနနဲ႔ပဲ ကစားႏုိင္ခဲ့ေပမယ့္ အခု Multi ပံုစံ ႏွစ္္ေယာက္တြဲ ကစားႏုိင္္လာပါတယ္။ Single အေနနဲ႔ ကစားရင္ေတာ့ Captain Toad အေနနဲ႔ ကစားရမွာျဖစ္ၿပီး ႏွစ္ေယာက္တြဲ ကစားရင္ေတာ့ Toad နဲ႔ တြဲဖက္ Toadette ပါလာ ပါလိမ့္မယ္။ အဆင့္တစ္ဆင့္ ေအာင္ျမင္ဖို႔အတြက္ ဘယ္အထိသြားရမယ္၊ ရန္သူဘယ္ေလာက္ ကို သတ္ရမယ္ဆိုတာမရွိဘဲ တစ္ဆင့္ တစ္ဆင့္ခ်င္းစီတိုင္းမွာ ေရႊၾကယ္တစ္ခုရရင္ အဆိုပါ အဆင့္ ေအာင္ျမင္မွာျဖစ္လို႔ ေရႊၾကယ္ရဖို႔ အဓိက ႀကိဳးစားရမွာပါ။

Super Mario 3D World နဲ႔ပါ ခ်ိတ္ဆက္ဂိမ္းျဖစ္လုိ႔ မိမိ ကစားလက္စ အဆင့္ေတြကို ေရာၿပီး Save ထားလိ႔ုရတယ္၊ Cap Toad ရဲ႕ စြမ္းရည္နဲ႔ သြားလာ ႏုိင္မႈေတြက Super Mario 3D World ထဲက ဇာတ္ေကာင္နဲ႔ လံုး၀ နီးပါးဆင္တာလည္း ေတြ႕ရပါတယ္။ အဆင့္ျမႇင့္ထားမႈေတြ အေနနဲ႔ လက္ေတြ႕ဆန္ဆန္ ပတ္လည္ ျမင္ကြင္းအားလံုး ကိုစိတ္ႀကိဳက္ လွည့္ၾကည့္လာ ႏုိင္တယ္၊ ရလဒ္ကေတာ့ ဖြက္ထားတဲ့ Itemနဲ႔ Bonus ေတြကို ရွာယူဖို႔ လြယ္သြားပါတယ္။ ကစားသူက တစ္ခါမေသခင္ ရန္သူရဲ႕ တိုက္ခိ္ု္က္မႈ တစ္ႀကိမ္ကို ခံႏုိင္ရည္ရွိတယ္၊ ဒုတိယတစ္ခ်က္ ထိခိုက္ရင္ေတာ့ ေသသြားမွာပါ။ အသက္ကို အားျပန္ျဖည့္ဖုိ႔ေတာ့ Mario မွာလို မိႈေတြစားၿပီး အား
ျဖည့္ထားႏုိင္မွာလည္း ျဖစ္ပါ တယ္။ တစ္ခ်က္ထိခိုက္မိထားရင္ သတိထား၊ မဟုတ္ရင္ မိႈစား ထားဖိ႔ုလိုအပ္မွာေပါ့ဗ်ာ။

ဇာတ္ေကာင္က လမ္းေလွ်ာက္ႏုိင္တယ္၊ ေျပးႏုိင္တယ္၊ ဒါေပမဲ့ အထုပ္အပိုးပါေနလို႔ ခုန္လုိ႔ေတာ့ မရေတာ့ပါဘူး။ ဒီတစ္ ခ်က္က Mario ဇာတ္ေကာင္နဲ႔ ကြဲျပားေနေစပါတယ္။ အနီးအ နားက သစ္ပင္ေတြကုိုလည္း Coin ရွာဖို႔ျဖစ္ျဖစ္ ရန္သူကိုတိုက္ဖို႔ျဖစ္ျဖစ္ လိုအပ္သလို ဆြဲသံုးႏိုင္ေအာင္ ဖန္တီးထားပါ ေသးတယ္။ လက္နက္ အေနနဲ႔ေတာ့ Donkey Kong ဂိမ္းထဲ လက္နက္ျဖစ္တဲ့တူနဲ႔ ဆင္တဲ့ Super Pickax နဲ႔ ရန္သူကို တိုက္ခုိက္ႏုိင္မွာ ျဖစ္ပါတယ္။ မိမိသြားရာ လမ္းေၾကာင္းကို ရွင္္းလင္းဖို႔လည္း သံုးႏုိင္ပါတယ္။ ဥပမာ အုတ္နံရံေတြကို ၿဖိဳဖို႔အတြက္ေပါ့။ အခုႏွစ္ ထြက္ရွိထားတဲ့ miniGame ေတြထဲမွာေတာ့ အေကာင္းဆံုးထြက္ရွိမႈနဲ႔ ဆြဲ ေဆာင္မႈအရွိိဆံုး ဂိမ္းတစ္ခုအျဖစ္ သတ္မွတ္ခံထားရတာလည္း ျဖစ္ပါတယ္။ Mario ႏွစ္သက္သူေတြ အမ်ားႀကီးရွိိေနတဲ့ ျပည္တြင္းမွာ Cap Toad ကလည္း အျမင္ဆန္းဆန္းနဲ႔ ကစားလုိ႔ေကာင္း မယ့္ ဂိမ္းသစ္တစ္ခုဆိုတာ အ ေသအခ်ာပါ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

ဒီတစ်ပတ် မိတ်ဆက်ပေးချင် တာကတော့ Mario နဲ့ ရုပ်ထွက်ချင်းဆင်တူတဲ့ ချစ်စရာရုပ်ထွက်လေးနဲ့ ဂိမ်းသစ်လေးတစ်ခု အကြောင်းပါ။ သူ့နာမည်က Toad ပါ။ တိုက်ခိုက်ရေး ဂိမ်းဆိုလည်းဟုတ်တယ်၊ ပဟေဠိဂိမ်းဆိုရင်လည်း ဟုတ်တယ်၊ အထူးသဖြင့်တော့ Mario မှာ ခရီးသွားပုံစံ စခန်းသွားဂိမ်းကစားရတာဖြစ်ပြီး အခုဂိမ်းကတော့ အခန်းတစ်ခန်းချင်းစီက အဆောက်အဦ တစ်ခုပုံစံ ဝင်ရောက်ကျော်ဖြတ်
နိုင်အောင် ကစားရတာလေးက ကွဲပြားပြီး အမြင်ဆန်းနေစေပါတယ်။ Nintendo ကိုယ်တိုင် သူ့ဆီကနေ ထုတ်လုပ်ထားတဲ့ Switch နဲ့ 3DS တွေ အားလုံးနဲ့ ကစားနိုင်အောင် ဖန်တီးထားတာပါ။

Wii U စနစ်နဲ့ ကစားနိုင်အောင် ၂၀၁၄ ကတည်းက ထွက်ရှိထားတာ ဖြစ်ပေမယ့် ပြည်တွင်းမှာတော့ အသုံးနည်းတော့ ကစားသူ နည်းပါလိမ့်မယ်။ အခုတော့ Switch ရော 3DS နဲ့ပါ ကစားနိုင်လာပါပြီ။ အခုနောက်ဆုံးထွက် Version မှာ ထူးခြားချက်က
ရှေ့ထွက် Version မှာ Single အနေနဲ့ပဲ ကစားနိုင်ခဲ့ပေမယ့် အခု Multi ပုံစံ နှစ််ယောက်တွဲ ကစားနိုင််လာပါတယ်။ Single အနေနဲ့ ကစားရင်တော့ Captain Toad အနေနဲ့ ကစားရမှာဖြစ်ပြီး နှစ်ယောက်တွဲ ကစားရင်တော့ Toad နဲ့ တွဲဖက် Toadette ပါလာ ပါလိမ့်မယ်။ အဆင့်တစ်ဆင့် အောင်မြင်ဖို့အတွက် ဘယ်အထိသွားရမယ်၊ ရန်သူဘယ်လောက် ကို သတ်ရမယ်ဆိုတာမရှိဘဲ တစ်ဆင့် တစ်ဆင့်ချင်းစီတိုင်းမှာ ရွှေကြယ် တစ်ခုရရင် အဆိုပါ အဆင့် အောင်မြင်မှာဖြစ်လို့ ရွှေကြယ်ရဖို့ အဓိက ကြိုးစားရမှာပါ။

Super Mario 3D World နဲ့ပါ ချိတ်ဆက်ဂိမ်းဖြစ်လို့ မိမိ ကစားလက်စ အဆင့်တွေကို ရောပြီး Save ထားလို့ရတယ်၊ Cap Toad ရဲ့ စွမ်းရည်နဲ့ သွားလာ နိုင်မှုတွေက Super Mario 3D World ထဲက ဇာတ်ကောင်နဲ့ လုံးဝ နီးပါးဆင်တာလည်း တွေ့ရပါတယ်။ အဆင့်မြှင့်ထားမှုတွေ အနေနဲ့ လက်တွေ့ဆန်ဆန် ပတ်လည် မြင်ကွင်းအားလုံး ကိုစိတ်ကြိုက် လှည့်ကြည့်လာ နိုင်တယ်၊ ရလဒ်ကတော့ ဖွက်ထားတဲ့ Itemနဲ့ Bonus တွေကို ရှာယူဖို့ လွယ်သွားပါတယ်။ ကစားသူက တစ်ခါမသေခင် ရန်သူရဲ့ တိုက်ခိ်ု်က်မှု တစ်ကြိမ်ကို ခံနိုင်ရည်ရှိတယ်၊ ဒုတိယတစ်ချက် ထိခိုက်ရင်တော့ သေသွားမှာပါ။ အသက်ကို အားပြန်ဖြည့်ဖို့တော့ Mario မှာလို မှိုတွေစားပြီး အား
ဖြည့်ထားနိုင်မှာလည်း ဖြစ်ပါ တယ်။ တစ်ချက်ထိခိုက်မိထားရင် သတိထား၊ မဟုတ်ရင် မှိုစား ထားဖို့လိုအပ်မှာပေါ့ဗျာ။

ဇာတ်ကောင်က လမ်းလျှောက်နိုင်တယ်၊ ပြေးနိုင်တယ်၊ ဒါပေမဲ့ အထုပ်အပိုးပါနေလို့ ခုန်လို့တော့ မရတော့ပါဘူး။ ဒီတစ် ချက်က Mario ဇာတ်ကောင်နဲ့ ကွဲပြားနေစေပါတယ်။ အနီးအ နားက သစ်ပင်တွေကိုုလည်း Coin ရှာဖို့ဖြစ်ဖြစ် ရန်သူကိုတိုက်ဖို့ဖြစ်ဖြစ် လိုအပ်သလို ဆွဲသုံးနိုင်အောင် ဖန်တီးထားပါ သေးတယ်။ လက်နက် အနေနဲ့တော့ Donkey Kong ဂိမ်းထဲ လက်နက်ဖြစ်တဲ့တူနဲ့ ဆင်တဲ့ Super Pickax နဲ့ ရန်သူကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ မိမိသွားရာ လမ်းကြောင်းကို ရှင််းလင်းဖို့လည်း သုံးနိုင်ပါတယ်။ ဥပမာ အုတ်နံရံတွေကို ဖြိုဖို့အတွက်ပေါ့။ အခုနှစ် ထွက်ရှိထားတဲ့ miniGame တွေထဲမှာတော့ အကောင်းဆုံးထွက်ရှိမှုနဲ့ ဆွဲ ဆောင်မှုအရှိိဆုံး ဂိမ်းတစ်ခုအဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။ Mario နှစ်သက်သူတွေ အများကြီးရှိိနေတဲ့ ပြည်တွင်းမှာ Cap Toad ကလည်း အမြင်ဆန်းဆန်းနဲ့ ကစားလို့ကောင်း မယ့် ဂိမ်းသစ်တစ်ခုဆိုတာ အ သေအချာပါ။

-သက်နိုင်ဦး (UCSL)