Bridge Level Camera Nikon Coolpix B500

[ Zawgyi ]



-ကျော်ဇေယျ

[ Unicode ]

စွယ်စုံ ရိုက်ကူးနိုင်မယ့် Nikon Coolpix B500 ကင်မရာဖြစ်ပါတယ်။ Bridge Level Camera ဖြစ်တဲ့အတွက် မှန်ဘီလူး အဖြုတ်အတပ် လဲလှယ်ခြင်းကို မလုပ်ဆောင်နိုင်ပေမယ့် စွယ်စုံရိုက်ကူးနိုင်ပါတယ်။

1/2.3″ BSI CMOS Sensor ထောက်ပံ့ပေးထားပါတယ်။ ဓာတ်ပုံကို 16MP (Up to 7.4fps) အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဗီဒီယိုကို Full HD 1920 x [email protected] 30 fps နဲ့ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်ဖမ်းမှန် ဘီလူး အနေနဲ့ Optical: 40x (Dynamic: 80x ) ဆွဲယူရိုက်နိုင်လို့ ၃၅ မမ မြင်ကွင်းနဲ့တွက်ရင် 22.4mm to 900mm အထိ ဆွဲယူရိုက်နိုင်တဲ့အတွက် စွယ်စုံရိုက်ကူးနိုင်တဲ့ အနေအထားပါ။ Mode ၁၈ မျိုးအပြင် Easy Auto Mode တွေထောက်ပံ့ထားပါတယ်။ Shutter Speed ကို 1/4000 အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။ ၃ လက်မ အရွယ်အစား 921k-Dot Tilting LCD ထောက်ပံ့ ပါ၀င်ပါတယ်။ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုလည်း Smartphone/Tablet အစရှိတဲ့ device တွေနဲ့ အရွှေ့အပြောင်းပြုလုပ်နိုင်ပါတယ်။ ၀ယ်ယူစဉ်မှာ အိတ်နဲ့SD Card ပါ၀င်မှာဖြစ်ပါတယ်။ တန်ဖိုးက ၃၆ဝ,ဝဝဝ ကျပ်ဖြစ်ပါတယ်။ အရွယ်အစားက 113.5 x 78.3 x 94.9 mm ဖြစ်ပြီး အလေးချိန်က 541g ရှိပါတယ်။ ROYAL Camera ဖုန်း ၀၁ ၈၃၉ ၈၃၇၀ နဲ့ ၀၁ ၃၉ ၁၆၁၅ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။