August 20, 2018

Blockchain နည္းပညာပါဝင္တဲ့ စမတ္ဖုန္းကို HTC ဖန္တီးေန

[Zawgyi]

HTC ဟာ blockchain နည္းပညာ အေထာက္အပံ့ ပါဝင္တဲ့ Android ဖုန္းသစ္တစ္မ်ိဳးကုိ ဖန္တီးေနတယ္လို႔ သိရပါတယ္။

အဲဒီဖုန္းအမည္က Exodus ျဖစ္ၿပီး cryptocurrency ေတြနဲ႔ decentralize ျပဳလုပ္ထားတဲ့ application ေတြ ေထာက္ပံ့ဖို႔ လုံၿခဳံတဲ့ hardware နဲ႔ universal wallet တစ္ခုတို႔ ပါဝင္လာမွာ ျဖစ္ပါတယ္။

HTC ရဲ႕ virtual reality headset Vive ဖန္တီးသူ ဖီးလ္ခ်မ္ဟာ Exodus အပါအဝင္ blockchain နဲ႔ cryptocurrency နဲ႔သက္ဆိုင္တဲ့ အစီအစဥ္ေတြအားလုံး ဖန္တီးရာမွာ တာဝန္ရွိသူ ျဖစ္ပါတယ္။

ကုမၸဏီအေနနဲ႔ exodus ဖုန္းအားလုံးနဲ႔ native blaockchain ကြန္ရက္တစ္ခုဖန္တီးဖို႔ အစီအစဥ္ရွိပါတယ္။ အဲဒီဖုန္းေတြက ဖုန္းသုံးစြဲသူအၾကား crytocurrency ကုန္သြယ္ေရးကုိ လြယ္ကူေခ်ာေမာေစဖို႔ ေပါင္းစည္းေပးမွာ ျဖစ္ပါတယ္။

“Exodus ကတစ္ဆင့္ Bitcoin, Lightning Networks, Ethereum, Dfinity စတဲ့ လုပ္ထုံးလုပ္နည္းေတြကို ေထာက္ပံ့ေပးရမယ့္အတြက္ ကၽြန္ေတာ္တို႔ စိတ္လႈပ္ရွားေနပါတယ္” လို႔ ဖုန္းရဲ႕ hardware နဲ႔ block application ေတြ ေပါင္းစပ္မႈအေပၚ ခ်မ္ကေျပာပါတယ္။ “ကၽြန္ေတာ္တို႔အေနနဲ႔ blockchain စီးပြားေရးေဂဟစနစ္ တစ္ခုလုံးကုိ ေထာက္ပံ့လိုပါတယ္။ လအနည္းငယ္အတြင္း ကၽြန္ေတာ္တို႔နဲ႔ ပူးေပါင္းမယ့္ ကုမၸဏီေတြကို ထုတ္ျပန္သြားမွာပါ” လို႔ ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ HTC အေနနဲ႔ ဖုန္းကိုဝယ္ယူဖို႔အတြက္ cryptocurrency ကုိလက္ခံဖုိ႔ စဥ္းစားေနေပမယ့္ ထုတ္ကုန္ေဈးႏႈန္းကိုေတာ့ မသတ္မွတ္ရေသးပါဘူး။

HTC ရဲ႕ blockchain နည္းပညာပါဝင္တဲ့ စမတ္ဖုန္းထုတ္လုပ္မယ့္ စိတ္ကူးဟာ ပထမဆုံး မဟုတ္ပါဘူး။ Sirin Labs ရဲ႕ ေဒၚလာ ၁,၀၀၀ တန္ blockchain စမတ္ဖုန္းကို ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက မိတ္ဆက္ခဲ့ၿပီး ဒီႏွစ္ ေအာက္တုိဘာလမွာ ျဖန္႔ခ်ိမယ္လုိ႔ သိရပါတယ္။

Blockchain စမတ္ဖုန္းေတြဟာ cold wallet storage ထည့္သြင္းၿပီး လုံၿခဳံေရးနဲ႔ သုံးစြဲသူ အေတြ႕အႀကဳံ ပိုေကာင္းေအာင္ေပးႏိုင္ဖုိ႔ သုံးစြဲသူေတြကုိ ဆြဲေဆာင္ၾကပါတယ္။ ဖုန္းရဲဲ႕ကြန္ရက္ေပၚမွာ mine ျပဳလုပ္ဖုိ႔ အခေၾကးေငြေပးဖို႔မလိုဘဲ အျခားသူေတြနဲ႔ native cryptocurrency ကို တိုက္႐ိုက္ကုန္သြယ္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

ဒါေပမဲ့ အဲဒီ feature ေတြအားလုံးကို သာမန္စမတ္ဖုန္းေပၚမွာ software နဲ႔ လုပ္ေဆာင္ႏိုင္ပါတယ္။ သာမန္စမတ္ဖုန္း ဒါမွမဟုတ္ blockchain ဖုန္းေတြေပၚမွာ Bitcoin နဲ႔ အျခား cryptocurrency ေတြကုန္သြယ္မႈဟာ mine လုပ္ဖို႔ အခေၾကးေငြ ဝန္ေဆာင္ခေပးေခ်တာကေန လဲႊေျပာင္းတာအထိ ျပဳလုပ္ႏိုင္ပါမယ္။ Privacy ကုိ အေလးေပးတဲ့ web browser ေတြနဲ႔ messaging app ေတြကုိ ဘယ္လိုစမတ္ဖုန္းမွာမဆို ထည့္သြင္းႏိုင္ပါတယ္။

စိုးထက္
Ref: TheNextWeb

============

[Unicode]

HTC ဟာ blockchain နည်းပညာ အထောက်အပံ့ ပါဝင်တဲ့ Android ဖုန်းသစ်တစ်မျိုးကို ဖန်တီးနေတယ်လို့ သိရပါတယ်။

အဲဒီဖုန်းအမည်က Exodus ဖြစ်ပြီး cryptocurrency တွေနဲ့ decentralize ပြုလုပ်ထားတဲ့ application တွေ ထောက်ပံ့ဖို့ လုံခြုံတဲ့ hardware နဲ့ universal wallet တစ်ခုတို့ ပါဝင်လာမှာ ဖြစ်ပါတယ်။

HTC ရဲ့ virtual reality headset Vive ဖန်တီးသူ ဖီးလ်ချမ်ဟာ Exodus အပါအဝင် blockchain နဲ့ cryptocurrency နဲ့သက်ဆိုင်တဲ့ အစီအစဉ်တွေအားလုံး ဖန်တီးရာမှာ တာဝန်ရှိသူ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ exodus ဖုန်းအားလုံးနဲ့ native blaockchain ကွန်ရက်တစ်ခုဖန်တီးဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီဖုန်းတွေက ဖုန်းသုံးစွဲသူအကြား crytocurrency ကုန်သွယ်ရေးကို လွယ်ကူချောမောစေဖို့ ပေါင်းစည်းပေးမှာ ဖြစ်ပါတယ်။

“Exodus ကတစ်ဆင့် Bitcoin, Lightning Networks, Ethereum, Dfinity စတဲ့ လုပ်ထုံးလုပ်နည်းတွေကို ထောက်ပံ့ပေးရမယ့်အတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်” လို့ ဖုန်းရဲ့ hardware နဲ့ block application တွေ ပေါင်းစပ်မှုအပေါ် ချမ်ကပြောပါတယ်။ “ကျွန်တော်တို့အနေနဲ့ blockchain စီးပွားရေးဂေဟစနစ် တစ်ခုလုံးကို ထောက်ပံ့လိုပါတယ်။ လအနည်းငယ်အတွင်း ကျွန်တော်တို့နဲ့ ပူးပေါင်းမယ့် ကုမ္ပဏီတွေကို ထုတ်ပြန်သွားမှာပါ” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် HTC အနေနဲ့ ဖုန်းကိုဝယ်ယူဖို့အတွက် cryptocurrency ကိုလက်ခံဖို့ စဉ်းစားနေပေမယ့် ထုတ်ကုန်ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေးပါဘူး။

HTC ရဲ့ blockchain နည်းပညာပါဝင်တဲ့ စမတ်ဖုန်းထုတ်လုပ်မယ့် စိတ်ကူးဟာ ပထမဆုံး မဟုတ်ပါဘူး။ Sirin Labs ရဲ့ ဒေါ်လာ ၁,၀၀၀ တန် blockchain စမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက မိတ်ဆက်ခဲ့ပြီး ဒီနှစ် အောက်တိုဘာလမှာ ဖြန့်ချိမယ်လို့ သိရပါတယ်။

Blockchain စမတ်ဖုန်းတွေဟာ cold wallet storage ထည့်သွင်းပြီး လုံခြုံရေးနဲ့ သုံးစွဲသူ အတွေ့အကြုံ ပိုကောင်းအောင်ပေးနိုင်ဖို့ သုံးစွဲသူတွေကို ဆွဲဆောင်ကြပါတယ်။ ဖုန်းရဲဲ့ကွန်ရက်ပေါ်မှာ mine ပြုလုပ်ဖို့ အခကြေးငွေပေးဖို့မလိုဘဲ အခြားသူတွေနဲ့ native cryptocurrency ကို တိုက်ရိုက်ကုန်သွယ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။

ဒါပေမဲ့ အဲဒီ feature တွေအားလုံးကို သာမန်စမတ်ဖုန်းပေါ်မှာ software နဲ့ လုပ်ဆောင်နိုင်ပါတယ်။ သာမန်စမတ်ဖုန်း ဒါမှမဟုတ် blockchain ဖုန်းတွေပေါ်မှာ Bitcoin နဲ့ အခြား cryptocurrency တွေကုန်သွယ်မှုဟာ mine လုပ်ဖို့ အခကြေးငွေ ဝန်ဆောင်ခပေးချေတာကနေ လွှဲပြောင်းတာအထိ ပြုလုပ်နိုင်ပါမယ်။ Privacy ကို အလေးပေးတဲ့ web browser တွေနဲ့ messaging app တွေကို ဘယ်လိုစမတ်ဖုန်းမှာမဆို ထည့်သွင်းနိုင်ပါတယ်။

စိုးထက်
Ref: TheNextWeb