August 16, 2018

BlazBlue: Cross Tag Battle

[ Zawgyi ]

အခုေနာက္ပိုင္းထြက္ ဂိမ္းအမ်ားစုက ႐ုပ္ထြက္ကို ဦးစားေပးဖန္တီး လာၾကတယ္၊ အနည္းဆံုး 3D ႐ုပ္ထြက္ေလာက္ထိေအာင္ ရွိၾကတယ္ေပါ့။ ဒါေပမဲ့ အခုမိတ္ဆက္ေပးခ်င္တဲ့ ဂိမ္းကေတာ့ 2D ႐ုပ္ထြက္ပဲရွိမွာပါ။ တစ္ဖက္မွာ ႐ုပ္ထြက္ပိုင္း အားနည္းခ်င္တယ္လို႔ ဆိုႏုိင္ေပမယ့္ ကြန္ပ်ဴတာနဲ႔ ဂိမ္းကစားမယ့္ သူေတြအတြက္က အစ GPU ေကာင္းေကာင္း ထည့္စရာမလိုဘဲ ကစားလာႏုိင္မွာျဖစ္လုိ႔ အေပ်ာ္တမ္းသမားေတြ အတြက္ကေတာ့ အဆင္ေျပမွာပါ။ တကယ္လည္း အခုဂိမ္းက အေပ်ာ္တမ္းသမားေတြအတြက္ စိတ္ႀကိဳက္ျဖစ္မယ့္ ဂိမ္းမ်ိဳးပါ။

Platform အစံုကစားႏုိင္မယ္လို႔ ဆိုရမွာပါ။ PS4 နဲ႔ေရာ Nintendo Switch လို Concole ေတြနဲ႔လည္းရမယ္၊ Wins စနစ္္ေတာင္ မေရြးဘဲ ကြန္ပ်ဴတာေတြနဲ႔လည္း ကစားႏိုင္ပါလိမ့္မယ္။ တိုက္ခုိက္ေရး ဂိမ္းျဖစ္ၿပီး အဖြဲ႕လိုက္လည္း ကစားႏုိင္မယ္။ Single အေနနဲ႔လည္း ရမယ္ေပါ့။ ဂ်ပန္အေျခစိုက္ Arc System Works ရဲ႕ ထုတ္လုပ္မႈ ျဖစ္ၿပီး အာရွေစ်းကြက္မွာေတာ့ ရႏိုင္ေနပါၿပီ။ အေမရိကနဲ႔  ဥေရာပကိုေတာ့ အခုလလယ္ပိုင္းမွာမွ ေရာက္မွာပါ။

ဂိမ္းထဲမွာ စၾကာဝဠာသံုးခု ပါဝင္ဖန္တီးထားတယ္၊ ကစားသူက မိမိစၾကာဝဠာ မဟုတ္တဲ့ တျခားနယ္ပယ္မွာ ေရာက္ေနတဲ့သူေတြ၊ ဇာတ္ေကာင္ေတြအေနနဲ႔ ကိုယ့္ရဲ႕စၾကာဝဠာကို ျပန္ႏုိင္ဖုိ႔ Keystone လိုအပ္တယ္၊ ဒီ Keystone က ၄ ျခမ္းကြဲေနတယ္။ Single အေနနဲ႔ ကစားမယ္ဆိုရင္ ဒီအစိတ္အပိုင္း ၄ ခုစလံုးကို တစ္ေယာက္တည္း လိုက္ရွာၿပီး ကိုယ့္စႀကၤာဝဠာကို ျပန္ေရာက္ဖုိ႔ ႀကိဳးစားရမယ္။ အဖြဲ႕လိုက္ ကစားရင္ေတာ့ ပိုၿပီးလြယ္လြယ္နဲ႔ တစ္ေယာက္ကို တစ္ေယာက္ ကူညီရင္းရွာႏုိင္၊ ေအာင္ျမင္ႏုိင္ဖို႔ လြယ္မွာပါ။ ေရွ႕ထြက္ BlazBlue, Persona 4 Arena , Under Night In-Birth တိုနဲ႔ဆင္ေပမယ့္ ဖန္တီးထားပံုခ်င္းေရာဇာတ္လမ္း သြားပါ နည္းနည္း ဆန္းလာပါ တယ္။ ၿပီးေတာ့ အခုဂိမ္းမွာ အသစ္ထည့္ထားတဲ့ Feature အသစ္တစ္ခု ရွိပါတယ္။ အဲဒါ ကေတာ့ ဂိမ္းထဲက AI စနစ္နဲ႔ ရန္သူကိုပဲ တိုက္ခိုက္ရမႈအျပင္ ကစားသူ အခ်င္းခ်င္း တစ္ဖက္ ၂ ေယာက္စီ ျပန္လည္ခ်ိန္းဆို တိုက္ခိုက္ႏုိင္မႈ ရွိလာျခင္းပါ။ AI စနစ္ကို ေဘးဖယ္ထားလိုက္ၿပီး ၂ ေယာက္စီ အုပ္စုဖြဲ႕ကာ Keystone ကိုရေအာင္ စုစည္းေအာင္ ျမင္ ေအာင္ ကစားႏုိင္လာပါတယ္။ သေဘာက်စရာပါ။

ဂိမ္းထဲမွာ မိမိစိတ္ႀကိဳက္ ေရြးခ်ယ္ကစားႏုိင္မယ့္ ဇာတ္ေကာင္ ၄၀ အထိ ပါလာပါတယ္။ ေရွ႕ထြက္ ဂိမ္းမွာ ၂၀ ေယာက္ကိုပဲ ေရြးခ်ယ္ ကစားႏုိင္ခဲ့တာပါ။ ၿပီးေတာ့ ဝန္းက်င္သစ္လည္း ၂၀ ေလာက္ ထပ္ထည့္ထားတယ္လုိ႔ သိရပါတယ္။ ကနဦးဂိမ္းေခြမွာေတာ့ မူရင္းဇာတ္ေကာင္ ၂၀ ကိုပဲ Free ထည့္ထားမယ္၊ ေနာက္ဆက္တြဲ ဇာတ္ေကာင္အသစ္ ၂၀ ကို အင္တာနက္ကေန Down ရမယ္၊ ၂ ေကာင္က အခမဲ့ရမယ္၊ ၁၈ ေကာင္ကေတာ့ ဝယ္ရမွာပါ။ ဒါေပမဲ့ မူရင္းဇာတ္ေကာင္ ၂၀ နဲ႔ပဲ ကစားေနလုိ႔ရေပမယ့္လည္း ေရွ႕ထြက္ဂိမ္းကိုပဲ ကစားေနရသလို ျဖစ္ေနမွာမို႔ ဇာတ္ေကာင္ အသစ္ေတြဝယ္ Down လုိက္တာ ပိုေကာင္းပါလိမ့္မယ္။

နာမည္ေက်ာ္ ဂိမ္းမဂၢဇင္း Famitsu ကေတာ့ ဝါရင့္ဂိမ္းသံုး သပ္ခ်က္ေပးတဲ့ ဝက္ဘ္ဆိုက္ ၄ ခုရဲ႕ ေပးမွတ္ ၁၀ မွတ္အေပၚမွာ ရမွတ္ ၉၊ ၈၊ ၉၊ ၉ မွတ္ေတြကို အေျခခံၿပီး အခု BlazBlue: Cross Tag Battle ကိုေပးမွတ္ ၄၀ အတြက္ ၃၅ မွတ္ေတာင္ ေပးထားတာ ေတြ႕ရပါတယ္။ စာရင္းေတြ အရ Famitsu ရဲ႕ အခုေပးမွတ္က ပထမ ၆ လအတြင္း ထြက္ရွိသမွ် ဂိမ္းေတြထဲမွာ ရမွတ္အမ်ားဆံုး စာရင္းဝင္ဂိမ္းတစ္ခု ျဖစ္လာၿပီး အာရွနဲ႔ ဥေရာပမွာ ေကာင္းေကာင္း ေအာင္ျမင္မႈ ရႏုိင္မယ္လုိ႔ ခန္႔မွန္းခံထားရတဲ့ ဂိမ္းသစ္ပါပဲဗ်ာ။

-သက္ႏိုင္ဦး (UCSL)

[ Unicode ]

အခုနောက်ပိုင်းထွက် ဂိမ်းအများစုက ရုပ်ထွက်ကို ဦးစားပေးဖန်တီး လာကြတယ်၊ အနည်းဆုံး 3D ရုပ်ထွက်လောက်ထိအောင် ရှိကြတယ်ပေါ့။ ဒါပေမဲ့ အခုမိတ်ဆက်ပေးချင်တဲ့ ဂိမ်းကတော့ 2D ရုပ်ထွက်ပဲရှိမှာပါ။ တစ်ဖက်မှာ ရုပ်ထွက်ပိုင်း အားနည်းချင်တယ်လို့ ဆိုနိုင်ပေမယ့် ကွန်ပျူတာနဲ့ ဂိမ်းကစားမယ့် သူတွေအတွက်က အစ GPU ကောင်းကောင်း ထည့်စရာမလိုဘဲ ကစားလာနိုင်မှာဖြစ်လို့ အပျော်တမ်းသမားတွေ အတွက်ကတော့ အဆင်ပြေမှာပါ။ တကယ်လည်း အခုဂိမ်းက အပျော်တမ်းသမားတွေအတွက် စိတ်ကြိုက်ဖြစ်မယ့် ဂိမ်းမျိုးပါ။

Platform အစုံကစားနိုင်မယ်လို့ ဆိုရမှာပါ။ PS4 နဲ့ရော Nintendo Switch လို Concole တွေနဲ့လည်းရမယ်၊ Wins စနစ််တောင် မရွေးဘဲ ကွန်ပျူတာတွေနဲ့လည်း ကစားနိုင်ပါလိမ့်မယ်။ တိုက်ခိုက်ရေး ဂိမ်းဖြစ်ပြီး အဖွဲ့လိုက်လည်း ကစားနိုင်မယ်။ Single အနေနဲ့လည်း ရမယ်ပေါ့။ ဂျပန်အခြေစိုက် Arc System Works ရဲ့ ထုတ်လုပ်မှု ဖြစ်ပြီး အာရှစျေးကွက်မှာတော့ ရနိုင်နေပါပြီ။ အမေရိကနဲ့ ဥရောပကိုတော့ အခုလလယ်ပိုင်းမှာမှ ရောက်မှာပါ။

ဂိမ်းထဲမှာ စကြာဝဠာသုံးခု ပါဝင်ဖန်တီးထားတယ်၊ ကစားသူက မိမိစကြာဝဠာ မဟုတ်တဲ့ တခြားနယ်ပယ်မှာ ရောက်နေတဲ့သူတွေ၊ ဇာတ်ကောင်တွေအနေနဲ့ ကိုယ့်ရဲ့စကြာဝဠာကို ပြန်နိုင်ဖို့ Keystone လိုအပ်တယ်၊ ဒီ Keystone က ၄ ခြမ်းကွဲနေတယ်။ Single အနေနဲ့ ကစားမယ်ဆိုရင် ဒီအစိတ်အပိုင်း ၄ ခုစလုံးကို တစ်ယောက်တည်း လိုက်ရှာပြီး ကိုယ့်စင်္ကြာဝဠာကို ပြန်ရောက်ဖို့ ကြိုးစားရမယ်။ အဖွဲ့လိုက် ကစားရင်တော့ ပိုပြီးလွယ်လွယ်နဲ့ တစ်ယောက်ကို တစ်ယောက် ကူညီရင်းရှာနိုင်၊ အောင်မြင်နိုင်ဖို့ လွယ်မှာပါ။ ရှေ့ထွက် BlazBlue, Persona 4 Arena , Under Night In-Birth တိုနဲ့ဆင်ပေမယ့် ဖန်တီးထားပုံချင်းရောဇာတ်လမ်း သွားပါ နည်းနည်း ဆန်းလာပါ တယ်။ ပြီးတော့ အခုဂိမ်းမှာ အသစ်ထည့်ထားတဲ့ Feature အသစ်တစ်ခု ရှိပါတယ်။ အဲဒါ ကတော့ ဂိမ်းထဲက AI စနစ်နဲ့ ရန်သူကိုပဲ တိုက်ခိုက်ရမှုအပြင် ကစားသူ အချင်းချင်း တစ်ဖက် ၂ ယောက်စီ ပြန်လည်ချိန်းဆို တိုက်ခိုက်နိုင်မှု ရှိလာခြင်းပါ။ AI စနစ်ကို ဘေးဖယ်ထားလိုက်ပြီး ၂ ယောက်စီ အုပ်စုဖွဲ့ကာ Keystone ကိုရအောင် စုစည်းအောင် မြင် အောင် ကစားနိုင်လာပါတယ်။ သဘောကျစရာပါ။

ဂိမ်းထဲမှာ မိမိစိတ်ကြိုက် ရွေးချယ်ကစားနိုင်မယ့် ဇာတ်ကောင် ၄၀ အထိ ပါလာပါတယ်။ ရှေ့ထွက် ဂိမ်းမှာ ၂၀ ယောက်ကိုပဲ ရွေးချယ် ကစားနိုင်ခဲ့တာပါ။ ပြီးတော့ ဝန်းကျင်သစ်လည်း ၂၀ လောက် ထပ်ထည့်ထားတယ်လို့ သိရပါတယ်။ ကနဦးဂိမ်းခွေမှာတော့ မူရင်းဇာတ်ကောင် ၂၀ ကိုပဲ Free ထည့်ထားမယ်၊ နောက်ဆက်တွဲ ဇာတ်ကောင်အသစ် ၂၀ ကို အင်တာနက်ကနေ Down ရမယ်၊ ၂ ကောင်က အခမဲ့ရမယ်၊ ၁၈ ကောင်ကတော့ ဝယ်ရမှာပါ။ ဒါပေမဲ့ မူရင်းဇာတ်ကောင် ၂၀ နဲ့ပဲ ကစားနေလို့ရပေမယ့်လည်း ရှေ့ထွက်ဂိမ်းကိုပဲ ကစားနေရသလို ဖြစ်နေမှာမို့ ဇာတ်ကောင် အသစ်တွေဝယ် Down လိုက်တာ ပိုကောင်းပါလိမ့်မယ်။

နာမည်ကျော် ဂိမ်းမဂ္ဂဇင်း Famitsu ကတော့ ဝါရင့်ဂိမ်းသုံး သပ်ချက်ပေးတဲ့ ဝက်ဘ်ဆိုက် ၄ ခုရဲ့ ပေးမှတ် ၁၀ မှတ်အပေါ်မှာ ရမှတ် ၉၊ ၈၊ ၉၊ ၉ မှတ်တွေကို အခြေခံပြီး အခု BlazBlue: Cross Tag Battle ကိုပေးမှတ် ၄၀ အတွက် ၃၅ မှတ်တောင် ပေးထားတာ တွေ့ရပါတယ်။ စာရင်းတွေ အရ Famitsu ရဲ့ အခုပေးမှတ်က ပထမ ၆ လအတွင်း ထွက်ရှိသမျှ ဂိမ်းတွေထဲမှာ ရမှတ်အများဆုံး စာရင်းဝင်ဂိမ်းတစ်ခု ဖြစ်လာပြီး အာရှနဲ့ ဥရောပမှာ ကောင်းကောင်း အောင်မြင်မှု ရနိုင်မယ်လို့ ခန့်မှန်းခံထားရတဲ့ ဂိမ်းသစ်ပါပဲဗျာ။

-သက်နိုင်ဦး (UCSL)