Bizhub 185e Copier

[ Zawgyi ]



[ Unicode ]

ရောင်စုံ Printer မလိုအပ်တဲ့ ရုံးတွင်းသုံးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ် သက်သာစေမယ့် Bizhub 185e Copier ဖြစ်ပါတယ်။ Print, Copy, Scan အသုံးပြုနိုင်ပြီး Copy Speed က A3 အရွယ်အစား စာရွက်တစ်ရွက်ကို 18ppm ဖြစ်ပါတယ်။ ပုံထွက်အရည်အသွေး 600x 600 dpi အထိ ရရှိနိုင်ပါတယ်။ Scan အတွက် ရောင်စုံအနေအထားနဲ့ A3 Size ကို 600 x 600 dpi အထိ ရရှိနိုင်ပါတယ်။ A3 အရွယ်အစားကို 64gsm ကနေ 157gsm အလေးချိန်ရှိ စာရွက်အမျိုးအစားတွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အရွယ်အစားက 570×531×449mm ဖြစ်ပြီး 23.6 Kg သာရှိလို့ နေရာစားသက်သာပါတယ်။ ချိတ်ဆက်မှု အပိုင်းမှာလည်း USB 1.1/2.0 နဲ့ ချိတ်ဆက်နိုင်ပါတယ်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမှာရှိတဲ့ Gandamar Business Solutions Co.,Ltd ကနေ ဖွင့်လှစ်ထားတဲ့ အရောင်းပြခန်းတွေမှာ ၀ယ်ယူရရှိနိုင်ပြီး ဖုန်း – ၀၉ ၂၅၃၅၄၇၉၈၀ ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။