Best Trip – Travel Guide

[ Zawgyi ]


-ရဲထွဋ်ဝင်း

[ Unicode ]

ပြည်တွင်းက ခရီးသွားဖို့ကောင်းမွန်တဲ့ နေရာဒေသတွေကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မယ့် App ဖြစ်ပါတယ်။ ပုဂံ၊ ချောင်းသာ၊ နေပြည်တော်၊ ငပလီ၊ ငွေဆောင်၊ တောင်ကြီး၊ ရန်ကုန်၊ ကလော စတဲ့ ခရီးသွားများတဲ့ ဒေသ ၈ ခုရဲ့ လမ်းညွှန်ဆိုင်ရာတွေ၊ အခြားဆွဲဆောင်မှုအပြည့်ရှိတဲ့ သဘာဝနေရာဒေသ၊ ဘုရားပုထိုး၊ စေတီ၊ ကျောင်းကန် စတဲ့နေရာတွေအပြင် ဓာတ်ပုံရိုက်ကူးဖို့အတွက် ကောင်းမွန်တဲ့ ဒေသတွေနဲ့ တည်းခိုနိုင်မယ့် ဟိုတယ်ဆိုင်ရာ အချက်အလက်တွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ ဘာသာနှစ်မျိုးနဲ့ အသုံးပြုနိုင်မှာဖြစ်သလို Online ၊ Offline ပုံစံနှစ်မျိုးနဲ့လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ App ကို Android version 4.1 နဲ့အထက်မှာ သုံးနိုင်ပြီး Download လုပ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download လုပ်ပါ။