BarCamp Yangon 2019 ကိုေရာက္ရင္ ဘာေတြလုပ္ရမလဲ

[ Zawgyi ]

(၁) BarCamp Yangon 2019 မွာ အသိပညာေဝမွ်ခ်င္တဲ့သူဆိုရင္ စာရင္းေပးပါ။

(၂) BarCamp Yangon 2019 မွာ တက္ေရာက္ေလ့လာသူဆိုရင္ Topic Board ကိုဖတ္ၿပီး ကိုယ္စိတ္ဝင္စားတဲ့အခန္းကို ဝင္ေရာက္ပါ။

(၃) ၿပီးရင္ ႏွစ္သက္ရာအခန္းမွာ ေဆြးေႏြးႏိုင္ပါမယ္။

၁၀ ႀကိမ္ေျမာက္ ဘားကမ့္ရန္ကုန္ ၂၀၁၀ ခုႏွစ္၊ ဇန္နဝါရီလ ၂၃ ရက္ႏွင့္ ၂၄ ရက္က ရန္ကုန္ၿမိဳ႕တြင္ စတင္က်င္းပခဲ့ရာမွ ဘားကမ့္ ကိုရင္းႏွီးထိေတြ႕ခဲ့လာၾကပါတယ္။ ပထမဦးဆံုးအႀကိမ္ ဘားကမ့္ရန္ကုန္မွာ ျပည္ပႏိုင္ငံျခားသားမ်ားလည္း တက္ေရာက္အသိပညာ ေဝမွ်ခဲ့ၾကသလို တက္ေရာက္သူဦးေရ သံုးေထာင္ေက်ာ္ခန္႔အထိ မ်ားျပားခဲ့ပါတယ္။ ျမန္မာႏိုင္ငံတြင္ ပထမဦးဆံုးအႀကိမ္ က်င္းပသည့္ပြဲက ႏိုင္ငံတကာႏွင့္ ႏႈိင္းယွဥ္ပါက တက္ေရာက္သူအမ်ားဆံုး ပြဲတစ္ပြဲအျဖစ္မွတ္တမ္း ဝင္ခဲ့ျခင္းမ်ားေၾကာင့္ ဘားကမ့္ကိုရင္းႏွီး ထိေတြ႕လိုသူမ်ား တျဖည္းျဖည္းမ်ားလာခဲ့ၿပီး လက္ရွိအခ်ိန္ ေနရာေဒသအေတာ္မ်ားမ်ားတြင္ ဘားကမ့္မ်ားကို က်င္းပလာၾကၿပီပဲျဖစ္ပါတယ္။ ရန္ကုန္ဘားကမ့္ က်င္းပၿပီးေနာက္ပိုင္း BarCamp မႏၲေလး၊ BarCamp ေတာင္ႀကီး၊ BarCamp ပုသိမ္၊ BarCamp မံုရြာ၊ BarCamp လား႐ိႈး၊ BarCamp လြိဳင္ေကာ္၊ BarCamp သထံု၊ BarCamp ျပည္ အစရွိသည့္ ျမန္မာႏိုင္ငံအႏွံ႔ေနရာမ်ားတြင္ အသီးသီးက်င္းပခဲ့ၿပီး ျဖစ္ပါတယ္။

BarCamp ၏အဓိပၸာယ္

BarCamp ဆိုသည္မွာ ႀကိဳတင္စီစဥ္ထားျခင္းမရွိဘဲ တက္ေရာက္လာသူေတြရဲ႕ ကြၽမ္းက်င္ရာအသိပညာပုိင္းဆိုင္ရာ၊ အတတ္ပညာပိုင္းဆုိင္ရာေတြကို တစ္ခ်ိန္တည္း တစ္ၿပိဳင္နက္တည္း ေဆြးေႏြးႏိုင္ဖို႔အတြက္ စီစဥ္ဖန္တီးေပးမယ့္ အခမ္းအနားတစ္ခုပါ။ ႏိုင္ငံတကာမွာ တြင္က်ယ္လာတာနဲ႔နည္းတူ ျမန္မာႏုိင္ငံမွာလည္း ပထမဦးဆံုး BarCamp ကို ၂၀၁၀ ခုႏွစ္က ရန္ကုန္ၿမိဳ႕မွာ စတင္က်င္းပခဲ့ရာ အေရွ႕ေတာင္အာရွတစ္ဝွမ္း အေအာင္ျမင္ဆံုး အခမ္းအနားတစ္ရပ္ျဖစ္ခဲ့ပါတယ္။

BarCamp မ်ားကို က်င္းပၿပီးေတာ့ ရရွိလာတဲ့ရလဒ္ေတြနဲ႔ ပတ္သက္လို႔ BarCamp စီစဥ္သူမ်ားက ဝင္ေရာက္စြက္ဖက္မွာ မဟုတ္ပါဘူး။

BarCamp ရဲ႕သေဘာသဘာဝအရ မိမိေဆြးေႏြးလိုေသာ အေၾကာင္းအရာေတြကို လြတ္လပ္စြာႏွီးေႏွာ ဖလွယ္ႏိုင္ဖို႔ျဖစ္ပါတယ္။ ဒါ့အျပင္ BarCamp မွာ လူမႈေရး၊ နည္းပညာ၊ စီးပြားေရး အစရွိသည့္က႑မ်ားစြာကို ေပါင္းကူးေပးႏိုင္တာျဖစ္တဲ့အတြက္ စီးပြားေရးအေၾကာင္း သိခ်င္သူေတြ၊ နည္းပညာအေၾကာင္း သိခ်င္သူေတြ၊ လူမႈေရးအေၾကာင္းအရာေတြ စသျဖင့္ မိမိထြန္းကားရာနယ္ပယ္အလိုက္ ေဆြးေႏြးလိုသူအခ်င္းခ်င္း ေတြ႕ဆံုႏုိင္မွာပါ။

တက္ေရာက္လာမည့္သူမ်ားအတြက္ အစီအစဥ္

BarCamp တက္ေရာက္မည့္ သူမ်ားအေနျဖင့္ ပထမဦးဆံုး Online Registration ျပဳလုပ္ရမွာပါ။ မိမိအေနနဲ႔ အေၾကာင္းအရာတစ္ခုခု ေျပာခ်င္ပါကလည္း Topic Board မွာ သြားေရာက္ကပ္ထားႏုိင္မွာပါ။ လက္ေဆာင္ပစၥည္းေတြကိုေတာ့ ယခုႏွစ္ပါ အခ်ိန္အတိုင္းအတာတစ္ခုအထိ နားေထာင္မွသာ ထုတ္ယူႏိုင္မွာျဖစ္ပါတယ္။ ထုတ္ၿပီးပါက Topic Board
တြင္ မိမိေလ့လာခ်င္ေသာ Topic သည္ မည္သည့္အခန္းတြင္ ေျပာမည္ကိုသြားေရာက္ ၾကည့္႐ႈႏိုင္သလို အခန္းမသိပါက သက္ဆိုင္ရာ Volunteer ေတြကို ေမးျမန္းတက္ေရာက္ႏိုင္ပါတယ္။

BarCamp မွာ နည္းပညာနဲ႔ ပတ္သက္တဲ့အေၾကာင္းအရာ တစ္ခုတည္းရွိမည္မဟုတ္ဘဲ Topic အစံုပါဝင္မွာပါ။

BarCamp Yangon ရဲ႕ရည္ရြယ္ခ်က္မွာ နယ္ပယ္ေပါင္းစံုက ဝါသနာတူေတြ၊ စိတ္တူကုိယ္တူေတြ ေတြ႕ဆံုၿပီး မိမိအသိပညာအတတ္ပညာမ်ား မွ်ေဝကာေဆြးေႏြးသြားျခင္းျဖင့္ အတူယွဥ္တြဲ ပူးေပါင္းသြားႏိုင္ဖို႔နဲ႔ IT နည္းပညာပိုင္းဆိုင္ရာသာမက အျခားေသာလူမႈေရး၊ ပညာေရး၊ စီးပြားေရးစသည္ျဖင့္ အလုပ္အကိုင္ အခြင့္အလမ္းတိုးတက္လာကာ အေတြးသစ္ အျမင္သစ္ေတြနဲ႔ ရင္းႏွီးစြာပူးေပါင္း ေဆာင္ရြက္ႏိုင္ေစဖို႔ ျဖစ္ပါတယ္။

ဘားကမ့္ႏွင့္ပတ္သက္၍

လူတစ္ဦးခ်င္းစီမွာ ကိုယ္ပိုင္တတ္ေျမာက္ထားတဲ့ အတတ္ပညာ၊ အသိပညာ၊ ဗဟုသုတ၊ လူမႈပတ္ဝန္းက်င္၊ စီးပြားေရးက႑၊ စိုက္ပ်ိဳးေရးက႑စတဲ့ အေထြေထြပညာရပ္ေတြကို တစ္ဦးနဲ႔တစ္ဦး အၾကားအျပန္ အလွန္မွ်ေဝတာ၊ ဖလွယ္တာ၊ ေဆြးေႏြးေတြကို ဘားကမ့္ဟု အနက္အဓိပၸါယ္ ဖြင့္ဆိုထားပါတယ္။ ဘားကမ့္ပြဲကို တက္ေရာက္လာၾကတဲ့ လူေတြအားလံုးဟာ နည္းပညာသမားေတြခ်ည္း သက္သက္မဟုတ္သလုိ ေက်ာင္းသားလူငယ္ေတြ၊ ပုဂၢလိကစီးပြားေရး လုပ္ငန္းရွင္ေတြ၊ စာေပဝါသနာပါသူေတြ၊ ေက်းရြာ/ ရပ္ကြက္အတြင္းက ကာယ၊ ဥာဏ လုပ္သားျပည္သူေတြစတဲ့ လူတန္းစားအသီးသီး ပါဝင္ၾကပါတယ္။ အဲ့ဒီလူေတြအားလုံးရဲ႕ တစ္ဦးခ်င္းစီအသိပညာ၊ အတတ္ပညာမ်ားစြာ ရွိေနၾကသလို ၎တို႔အသိအျမင္၊ ပညာရပ္မ်ားကို မွ်ေဝေပးရန္၊ ဖလွယ္ေပးရန္၊ ေဆြးေႏြးၾကရန္ဆိုသည့္ ရည္ရြယ္ခ်က္ႏွင့္ ေရာက္ရွိလာသူေတြ ျဖစ္ပါတယ္။

ဘားကမ့္ကို အခ်ိဳ႕ေသာသူမ်ားက နည္းပညာႏွင့္သာ သက္ဆိုင္တယ္ဆိုၿပီး ထင္တတ္ၾကပါတယ္။ တကယ္ေတာ့ အိုင္တီက႑ရယ္လို႔ မဟုတ္ဘဲ အေၾကာင္းအရာအမ်ိဳးမ်ိဳးေတြကို ေဆြးေႏြးႏိုင္မယ့္ ေဆြးေႏြးပြဲတစ္ခုဘဲ ျဖစ္ပါတယ္။ ေဆြးေႏြးရာမွာလည္း ေဟာေျပာပြဲမ်ားႏွင့္မတူဘဲ ဦးေဆာင္ေဆြးေႏြးသူနဲ႔ ဝင္ေရာက္ေဆြးေႏြးသူ တရင္းတႏွီးေဆြးေႏြးႏုုိင္တဲ့အတြက္
ေၾကာင့္ လူမႈဆက္ဆံေရးမွာပါ အက်ိဳးရွိေစမယ့္ေနရာတစ္ခုုဘဲျဖစ္ပါတယ္။ အတိုခ်ဳပ္အားျဖင့္ ဘားကမ့္ဆုိသည္မွာ အသိပညာပညာႏွီးေႏွာ ဖလွယ္ပြဲဆိုလွ်င္ မိုပိုမွန္ကန္ပါလိမ့္မယ္။

ဘားကမ့္ျဖစ္ေျမာက္ေရးအတြက္ ပြဲစီစဥ္သူမ်ားရဲ႕ေျပာစကား

Ravi Chhabra (ဘားကမ့္ျဖစ္ေျမာက္ေရးပြဲစီစဥ္သူ)

ဒီႏွစ္မွာေတာ့ အခန္းတိုင္း၊ အခန္းတိုင္းရဲ႕အဝမွာ တီဗီြေတြနဲ႔ ေျပာၾကားမယ့္သူရဲ႕နာမည္နဲ႔၊ ေျပာၾကားမယ့္အေၾကာင္းအရာေတြ၊ အခန္းနံပါတ္ေတြကို ေဖာ္ျပေပးထားမွာပါ၊ ဒါဟာလည္း က်န္ခဲ့တဲ့ႏွစ္ေတြနဲ႔မတူဘဲ ဒီဂ်စ္တယ္စနစ္ပံုစံ ေျပာင္းလဲထားတာျဖစ္ပါတယ္။

ဦးမင္းဦး (ဘားကမ့္ျဖစ္ေျမာက္ေရးပြဲစီစဥ္သူ)

အရင္ႏွစ္မွာေတာ့ တက္ေရာက္သူ ၅၀၀၀ ေက်ာ္ေလာက္ရွိခဲ့ပါတယ္၊ အခုလက္ရွိ Online Register ဖြင့္ေပးလိုက္တာနဲ႔ Register ျပဳလုပ္သူ ၁၅၀၀ ေက်ာ္ရွိသြားပါၿပီ၊ အရင္ႏွစ္ကအတိုင္း တက္ေရာက္သူ ၅၀၀၀ ေက်ာ္ရွိလာမယ္လို႔ ခန္႔မွန္းမိပါတယ္။

ဦးကိုကိုရဲ (ဘားကမ့္ျဖစ္ေျမာက္ေရးပြဲစီစဥ္သူ)

ဘားကမ့္ကိုေရာက္ၿပီးမွ ကိုယ့္ရဲ႕အသက္ေမြးဝမ္းေၾကာင္းကို ဘယ္ဟာနဲ႔လုပ္မလဲ၊ ကိုယ္ဘာဝါသနာပါဆိုတဲ့ဟာေတြ သိလာမယ္၊ ကိုယ္ဝါသနာပါတဲ့ လမ္းေၾကာင္းေပၚကိုေရာက္ၿပီးေတာ့ ပိုေတာ္တဲ့လူေတာ္ေတြ၊ နည္းပညာရွင္ေတြ ထြက္လာမွာျဖစ္ပါတယ္။

ဦးေဝယံသြင္ (ဘားကမ့္ျဖစ္ေျမာက္ေရးပြဲစီစဥ္သူ)

ထူးျခားတဲ့အစီအစဥ္ထက္ ကၽြန္ေတာ္တုိ႔ အရင္ႏွစ္ေတြမွာ အဆင္မေျပတာေတြကို တစ္ႏွစ္ထက္တစ္ႏွစ္ ပိုအဆင္ေျပေအာင္ ႀကိဳးစားထားသလို ဘားကမ့္ဆိုတဲ့ Culture ေလးကိုလည္း တစ္ဖက္မွာ ထိန္းသိမ္းထားတာေတြလည္း လုပ္ထားပါတယ္၊ ထူးထူးျခားျခား ေျပာပါဆိုရင္ေတာ့ ဖြင့္ပြဲပုံစံကေတာ့ အရင္ႏွစ္ေတြနဲ႔မတူပါဘူး၊ အဲေတာ့ ဖြင့္ပြဲကို ၂၆ ရက္ေန႔ မနက္ ၈ နာရီေလာက္ အေရာက္လာ join ဖို႔လည္း ဖိတ္ေခၚခ်င္ပါတယ္၊ BarCamp ဟာ လူငယ္ေတြအတြက္ လက္ေတြ႕မွာ ဘယ္လိုအက်ိဳးရမလဲဆိုရင္ေတာ့ ေသခ်ာတာတစ္ခုကေတာ့ Network ပါ၊ ကၽြန္ေတာ္တို႔ဆိုလည္း မတူညီတဲ့ေနရာ အသီးသီးကေနလာၿပီး Organizer ေတြလုပ္တယ္၊ အဲမွာပဲ မိတ္ေဆြအေပါင္းအသင္း အသစ္ေတြရတယ္၊ ဒီလိုပဲဘားကမ့္ကို တက္ေရာက္ရင္း စိတ္ဝင္စားတဲ့ topic ေတြ လိုက္နားေထာင္ ပါဝင္ေဆြးေႏြးရင္း စိတ္တူဝါသနာတူ မိတ္ေဆြေတြ တစ္ခ်ိန္တည္းမိတ္ဖြဲ႕နဲ႔ လက္ေတြ႕ဘဝမွာ အခ်င္းခ်င္းကူညီရင္း တကယ့္မိတ္ေဆြေတြလို ျဖစ္သြားၾကတာလည္း ရွိပါတယ္၊ ျဖည့္စြက္ေျပာခ်င္တာကေတာ့ ဘားကမ့္လာရင္ အေပၚကေျပာသလို အခြင့္အလမ္းေတြ ရွိပါတယ္၊ ဒါေတြက ဖန္တီးယူမွရမွာပါ၊ လာတယ္ နားေထာင္တယ္ ဆိုတာထက္ ကၽြန္ေနာ္တို႔က မိတ္ေဆြေတြပိုတိုးေစခ်င္တာပါ၊ ေနာက္ဆုံး ကၽြန္ေတာ္တို႔လို Organizer ေတြ၊ Volueenter ေတြနဲ႔ေတာင္ မိတ္ဖြဲ႕လို႔ရပါေသးတယ္။

[ Unicode ]

(၁) BarCamp Yangon 2019 မှာ အသိပညာဝေမျှချင်တဲ့သူဆိုရင် စာရင်းပေးပါ။

(၂) BarCamp Yangon 2019 မှာ တက်ရောက်လေ့လာသူဆိုရင် Topic Board ကိုဖတ်ပြီး ကိုယ်စိတ်ဝင်စားတဲ့အခန်းကို ဝင်ရောက်ပါ။

(၃) ပြီးရင် နှစ်သက်ရာအခန်းမှာ ဆွေးနွေးနိုင်ပါမယ်။

၁၀ ကြိမ်မြောက် ဘားကမ့်ရန်ကုန် ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်က ရန်ကုန်မြို့တွင် စတင်ကျင်းပခဲ့ရာမှ ဘားကမ့် ကိုရင်းနှီးထိတွေ့ခဲ့လာကြပါတယ်။ ပထမဦးဆုံးအကြိမ် ဘားကမ့်ရန်ကုန်မှာ ပြည်ပနိုင်ငံခြားသားများလည်း တက်ရောက်အသိပညာ ဝေမျှခဲ့ကြသလို တက်ရောက်သူဦးရေ သုံးထောင်ကျော်ခန့်အထိ များပြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့်ပွဲက နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက တက်ရောက်သူအများဆုံး ပွဲတစ်ပွဲအဖြစ်မှတ်တမ်း ဝင်ခဲ့ခြင်းများကြောင့် ဘားကမ့်ကိုရင်းနှီး ထိတွေ့လိုသူများ တဖြည်းဖြည်းများလာခဲ့ပြီး လက်ရှိအချိန် နေရာဒေသအတော်များများတွင် ဘားကမ့်များကို ကျင်းပလာကြပြီပဲဖြစ်ပါတယ်။ ရန်ကုန်ဘားကမ့် ကျင်းပပြီးနောက်ပိုင်း BarCamp မန္တလေး၊ BarCamp တောင်ကြီး၊ BarCamp ပုသိမ်၊ BarCamp မုံရွာ၊ BarCamp လားရှိုး၊ BarCamp လွိုင်ကော်၊ BarCamp သထုံ၊ BarCamp ပြည် အစရှိသည့် မြန်မာနိုင်ငံအနှံ့နေရာများတွင် အသီးသီးကျင်းပခဲ့ပြီး ဖြစ်ပါတယ်။

BarCamp ၏အဓိပ္ပာယ်

BarCamp ဆိုသည်မှာ ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ တက်ရောက်လာသူတွေရဲ့ ကျွမ်းကျင်ရာအသိပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာတွေကို တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ဆွေးနွေးနိုင်ဖို့အတွက် စီစဉ်ဖန်တီးပေးမယ့် အခမ်းအနားတစ်ခုပါ။ နိုင်ငံတကာမှာ တွင်ကျယ်လာတာနဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း ပထမဦးဆုံး BarCamp ကို ၂၀၁၀ ခုနှစ်က ရန်ကုန်မြို့မှာ စတင်ကျင်းပခဲ့ရာ အရှေ့တောင်အာရှတစ်ဝှမ်း အအောင်မြင်ဆုံး အခမ်းအနားတစ်ရပ်ဖြစ်ခဲ့ပါတယ်။

BarCamp များကို ကျင်းပပြီးတော့ ရရှိလာတဲ့ရလဒ်တွေနဲ့ ပတ်သက်လို့ BarCamp စီစဉ်သူများက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။

BarCamp ရဲ့သဘောသဘာဝအရ မိမိဆွေးနွေးလိုသော အကြောင်းအရာတွေကို လွတ်လပ်စွာနှီးနှော ဖလှယ်နိုင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် BarCamp မှာ လူမှုရေး၊ နည်းပညာ၊ စီးပွားရေး အစရှိသည့်ကဏ္ဍများစွာကို ပေါင်းကူးပေးနိုင်တာဖြစ်တဲ့အတွက် စီးပွားရေးအကြောင်း သိချင်သူတွေ၊ နည်းပညာအကြောင်း သိချင်သူတွေ၊ လူမှုရေးအကြောင်းအရာတွေ စသဖြင့် မိမိထွန်းကားရာနယ်ပယ်အလိုက် ဆွေးနွေးလိုသူအချင်းချင်း တွေ့ဆုံနိုင်မှာပါ။

တက်ရောက်လာမည့်သူများအတွက် အစီအစဉ်

BarCamp တက်ရောက်မည့် သူများအနေဖြင့် ပထမဦးဆုံး Online Registration ပြုလုပ်ရမှာပါ။ မိမိအနေနဲ့ အကြောင်းအရာတစ်ခုခု ပြောချင်ပါကလည်း Topic Board မှာ သွားရောက်ကပ်ထားနိုင်မှာပါ။ လက်ဆောင်ပစ္စည်းတွေကိုတော့ ယခုနှစ်ပါ အချိန်အတိုင်းအတာတစ်ခုအထိ နားထောင်မှသာ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ထုတ်ပြီးပါက Topic Board
တွင် မိမိလေ့လာချင်သော Topic သည် မည်သည့်အခန်းတွင် ပြောမည်ကိုသွားရောက် ကြည့်ရှုနိုင်သလို အခန်းမသိပါက သက်ဆိုင်ရာ Volunteer တွေကို မေးမြန်းတက်ရောက်နိုင်ပါတယ်။

BarCamp မှာ နည်းပညာနဲ့ ပတ်သက်တဲ့အကြောင်းအရာ တစ်ခုတည်းရှိမည်မဟုတ်ဘဲ Topic အစုံပါဝင်မှာပါ။

BarCamp Yangon ရဲ့ရည်ရွယ်ချက်မှာ နယ်ပယ်ပေါင်းစုံက ဝါသနာတူတွေ၊ စိတ်တူကိုယ်တူတွေ တွေ့ဆုံပြီး မိမိအသိပညာအတတ်ပညာများ မျှဝေကာဆွေးနွေးသွားခြင်းဖြင့် အတူယှဉ်တွဲ ပူးပေါင်းသွားနိုင်ဖို့နဲ့ IT နည်းပညာပိုင်းဆိုင်ရာသာမက အခြားသောလူမှုရေး၊ ပညာရေး၊ စီးပွားရေးစသည်ဖြင့် အလုပ်အကိုင် အခွင့်အလမ်းတိုးတက်လာကာ အတွေးသစ် အမြင်သစ်တွေနဲ့ ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်နိုင်စေဖို့ ဖြစ်ပါတယ်။

ဘားကမ့်နှင့်ပတ်သက်၍

လူတစ်ဦးချင်းစီမှာ ကိုယ်ပိုင်တတ်မြောက်ထားတဲ့ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ၊ လူမှုပတ်ဝန်းကျင်၊ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍစတဲ့ အထွေထွေပညာရပ်တွေကို တစ်ဦးနဲ့တစ်ဦး အကြားအပြန် အလှန်မျှဝေတာ၊ ဖလှယ်တာ၊ ဆွေးနွေးတွေကို ဘားကမ့်ဟု အနက်အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ ဘားကမ့်ပွဲကို တက်ရောက်လာကြတဲ့ လူတွေအားလုံးဟာ နည်းပညာသမားတွေချည်း သက်သက်မဟုတ်သလို ကျောင်းသားလူငယ်တွေ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေ၊ စာပေဝါသနာပါသူတွေ၊ ကျေးရွာ/ ရပ်ကွက်အတွင်းက ကာယ၊ ဉာဏ လုပ်သားပြည်သူတွေစတဲ့ လူတန်းစားအသီးသီး ပါဝင်ကြပါတယ်။ အဲ့ဒီလူတွေအားလုံးရဲ့ တစ်ဦးချင်းစီအသိပညာ၊ အတတ်ပညာများစွာ ရှိနေကြသလို ၎င်းတို့အသိအမြင်၊ ပညာရပ်များကို မျှဝေပေးရန်၊ ဖလှယ်ပေးရန်၊ ဆွေးနွေးကြရန်ဆိုသည့် ရည်ရွယ်ချက်နှင့် ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။

ဘားကမ့်ကို အချို့သောသူများက နည်းပညာနှင့်သာ သက်ဆိုင်တယ်ဆိုပြီး ထင်တတ်ကြပါတယ်။ တကယ်တော့ အိုင်တီကဏ္ဍရယ်လို့ မဟုတ်ဘဲ အကြောင်းအရာအမျိုးမျိုးတွေကို ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲတစ်ခုဘဲ ဖြစ်ပါတယ်။ ဆွေးနွေးရာမှာလည်း ဟောပြောပွဲများနှင့်မတူဘဲ ဦးဆောင်ဆွေးနွေးသူနဲ့ ဝင်ရောက်ဆွေးနွေးသူ တရင်းတနှီးဆွေးနွေးနုုိင်တဲ့အတွက်
ကြောင့် လူမှုဆက်ဆံရေးမှာပါ အကျိုးရှိစေမယ့်နေရာတစ်ခုုဘဲဖြစ်ပါတယ်။ အတိုချုပ်အားဖြင့် ဘားကမ့်ဆိုသည်မှာ အသိပညာပညာနှီးနှော ဖလှယ်ပွဲဆိုလျှင် မိုပိုမှန်ကန်ပါလိမ့်မယ်။

ဘားကမ့်ဖြစ်မြောက်ရေးအတွက် ပွဲစီစဉ်သူများရဲ့ပြောစကား

Ravi Chhabra (ဘားကမ့်ဖြစ်မြောက်ရေးပွဲစီစဉ်သူ)

ဒီနှစ်မှာတော့ အခန်းတိုင်း၊ အခန်းတိုင်းရဲ့အဝမှာ တီဗွီတွေနဲ့ ပြောကြားမယ့်သူရဲ့နာမည်နဲ့၊ ပြောကြားမယ့်အကြောင်းအရာတွေ၊ အခန်းနံပါတ်တွေကို ဖော်ပြပေးထားမှာပါ၊ ဒါဟာလည်း ကျန်ခဲ့တဲ့နှစ်တွေနဲ့မတူဘဲ ဒီဂျစ်တယ်စနစ်ပုံစံ ပြောင်းလဲထားတာဖြစ်ပါတယ်။

ဦးမင်းဦး (ဘားကမ့်ဖြစ်မြောက်ရေးပွဲစီစဉ်သူ)

အရင်နှစ်မှာတော့ တက်ရောက်သူ ၅၀၀၀ ကျော်လောက်ရှိခဲ့ပါတယ်၊ အခုလက်ရှိ Online Register ဖွင့်ပေးလိုက်တာနဲ့ Register ပြုလုပ်သူ ၁၅၀၀ ကျော်ရှိသွားပါပြီ၊ အရင်နှစ်ကအတိုင်း တက်ရောက်သူ ၅၀၀၀ ကျော်ရှိလာမယ်လို့ ခန့်မှန်းမိပါတယ်။

ဦးကိုကိုရဲ (ဘားကမ့်ဖြစ်မြောက်ရေးပွဲစီစဉ်သူ)

ဘားကမ့်ကိုရောက်ပြီးမှ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းကို ဘယ်ဟာနဲ့လုပ်မလဲ၊ ကိုယ်ဘာဝါသနာပါဆိုတဲ့ဟာတွေ သိလာမယ်၊ ကိုယ်ဝါသနာပါတဲ့ လမ်းကြောင်းပေါ်ကိုရောက်ပြီးတော့ ပိုတော်တဲ့လူတော်တွေ၊ နည်းပညာရှင်တွေ ထွက်လာမှာဖြစ်ပါတယ်။

ဦးဝေယံသွင် (ဘားကမ့်ဖြစ်မြောက်ရေးပွဲစီစဉ်သူ)

ထူးခြားတဲ့အစီအစဉ်ထက် ကျွန်တော်တို့ အရင်နှစ်တွေမှာ အဆင်မပြေတာတွေကို တစ်နှစ်ထက်တစ်နှစ် ပိုအဆင်ပြေအောင် ကြိုးစားထားသလို ဘားကမ့်ဆိုတဲ့ Culture လေးကိုလည်း တစ်ဖက်မှာ ထိန်းသိမ်းထားတာတွေလည်း လုပ်ထားပါတယ်၊ ထူးထူးခြားခြား ပြောပါဆိုရင်တော့ ဖွင့်ပွဲပုံစံကတော့ အရင်နှစ်တွေနဲ့မတူပါဘူး၊ အဲတော့ ဖွင့်ပွဲကို ၂၆ ရက်နေ့ မနက် ၈ နာရီလောက် အရောက်လာ join ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်၊ BarCamp ဟာ လူငယ်တွေအတွက် လက်တွေ့မှာ ဘယ်လိုအကျိုးရမလဲဆိုရင်တော့ သေချာတာတစ်ခုကတော့ Network ပါ၊ ကျွန်တော်တို့ဆိုလည်း မတူညီတဲ့နေရာ အသီးသီးကနေလာပြီး Organizer တွေလုပ်တယ်၊ အဲမှာပဲ မိတ်ဆွေအပေါင်းအသင်း အသစ်တွေရတယ်၊ ဒီလိုပဲဘားကမ့်ကို တက်ရောက်ရင်း စိတ်ဝင်စားတဲ့ topic တွေ လိုက်နားထောင် ပါဝင်ဆွေးနွေးရင်း စိတ်တူဝါသနာတူ မိတ်ဆွေတွေ တစ်ချိန်တည်းမိတ်ဖွဲ့နဲ့ လက်တွေ့ဘဝမှာ အချင်းချင်းကူညီရင်း တကယ့်မိတ်ဆွေတွေလို ဖြစ်သွားကြတာလည်း ရှိပါတယ်၊ ဖြည့်စွက်ပြောချင်တာကတော့ ဘားကမ့်လာရင် အပေါ်ကပြောသလို အခွင့်အလမ်းတွေ ရှိပါတယ်၊ ဒါတွေက ဖန်တီးယူမှရမှာပါ၊ လာတယ် နားထောင်တယ် ဆိုတာထက် ကျွန်နော်တို့က မိတ်ဆွေတွေပိုတိုးစေချင်တာပါ၊ နောက်ဆုံး ကျွန်တော်တို့လို Organizer တွေ၊ Volueenter တွေနဲ့တောင် မိတ်ဖွဲ့လို့ရပါသေးတယ်။