Baidu ရဲ႕ mini-program ကို လစဥ္သုံးစြဲသူ သန္း ၁၀၀ ရွိလာ

[ Zawgyi ]

တ႐ုတ္ႏို္င္ငံရဲ႕ အႀကီးမားဆုံး search engine နဲ႔ artificial intelligence ကုမၸဏီရဲ႕ mini-program ေတြကို လြန္ခဲ့တဲ့ႏွစ္လက မိတ္ဆက္အၿပီးမွာ လစဥ္သုံးစြဲသူ သန္း ၁၀၀ ရွိလာတယ္လို႔ ထုတ္ျပန္သြားခဲ့ပါတယ္။

Baidu ဟာ ဇူလုိင္လအတြင္း ျပဳလုပ္ခဲ့တဲ့ ကုမၸဏီရဲ႕ ကုိယ္ပုိင္ AI developer ကြန္ဖရင့္မွာ mini-program ေတြကို ပထမဆုံး မိတ္ဆက္ေပးခဲ့ၿပီး ႏွစ္ကုန္အေရာက္မွာ အဲဒီဝန္ေဆာင္မႈကို အျပည့္အဝ အသုံးျပဳႏိုင္ေအာင္ ျဖန္႔ခ်ိသြားမွာ ျဖစ္ပါတယ္။

Min-program ေတြက application ေတြရဲ႕အရြယ္အစားက 10 megabytes ရွိၿပီး အဓိက app ရဲ႕ interface မွာ အသုံးျပဳႏိုင္ပါတယ္။ အဲဒီ app ေတြက အသုံးျပဳရ ျမန္ဆန္တဲ့အတြက္ app store ကေန program ကို download ျပဳလုပ္စရာမလုိဘဲ app အတြင္းမွာ အသုံးျပဳႏိုင္ပါတယ္။

“Min-program ေတြဟာ နည္းဗ်ဴဟာက်တဲ့ ထုတ္ကုန္ျဖစ္ၿပီး Baidu app ရဲ႕ open platform ကို အေျခခံထားကာ developer ေတြက သုံးစြဲသူေတြအတြက္ လြယ္ကူသက္သာတဲ့ အေတြ႕အႀကဳံကုိ ေထာက္ပံ့ေပးႏိုင္ပါတယ္” လို႔ Baidu ရဲ႕ app နဲ႔ news feed လုပ္ငန္းအႀကီးအကဲ Ping Xiaoli က သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

တ႐ုတ္အင္တာနက္ ကုမၸဏီႀကီးေတြအေနနဲ႔ Tencent ပုိင္ဆိုင္တဲ့ WeChat မွာပါဝင္တဲ့ “super app” platform ေတြကုိ တည္ေဆာက္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။ အဲဒီ “super app” platform ေတြမွာ ဝန္ေဆာင္မႈေတြအမ်ိဳးမ်ိဳး ပါဝင္ၿပီး သုံးစြဲသူေတြကုိ အေကာင္းဆုံး အေတြ႕အႀကဳံရရွိေအာင္ ေထာက္ပံ့သြားမွာ ျဖစ္ပါတယ္။

ဥပမာအေနနဲ႔ Ping ဟာ သတင္းစာရွင္းလင္းပြဲမွာ အခုအလအေစာပုိင္း ေဟာင္ေကာင္နဲ႔ ေတာင္တ႐ုတ္ပင္လယ္မွာ တိုက္ခတ္ခဲ့တဲ့ မန္ခြတ္မုန္တိုင္းလိုမ်ိဳး တိုင္ဖြန္းေတြကုိ ေျခရာခံႏိုင္တဲ့ mini-program တစ္ခုအေၾကာင္း ရွင္းလင္းေျပာၾကားခဲ့ပါတယ္။ “ရာသီဥတုသတင္းေတြကုိ သိလိုတဲ့ သုံးစြဲသူေတြအေနနဲ႔ သြားေရာက္ၾကည့္႐ႈခဲ့တဲ့ အရာေတြကုိ စာရင္းျပဳလုပ္ၿပီး သိမ္းထားႏိုင္တယ္” လို႔ သူမက ေျပာၾကားခဲ့ပါတယ္။

Baidu ရဲ႕ mini-program ၁၀၀ ေက်ာ္ကုိ အေျခအေနမ်ားစြာမွာ အသုံးျပဳႏိုင္ေအာင္ စုံလင္ၿပီး ကုမၸဏီရဲ႕ အဓိက app အတြင္းအသုံးျပဳႏိုင္မယ့္ program ေတြကုိ ဖန္တီးဖို႔ developer ေတြကုိ ဖိတ္ၾကားထားပါတယ္။

ေဘက်င္းအေျခစိုက္ Baidu ကုမၸဏီအေနနဲ႔ သုံးလပတ္အျမတ္ေငြကို ထုတ္ျပန္ခဲ့ၿပီးေနာက္ super app အမ်ားစုေၾကာင့္ ရွယ္ယာအျမတ္အစြန္းရလာတယ္လို႔ ကုမၸဏီဥကၠ႒နဲ႔ အမႈေဆာင္အႀကီးအကဲ Robin Li ကေျပာခဲ့ပါတယ္။

ရွန္းဇန္႔အေျခစိုက္ Tencent ကလည္း WeChat ဝန္ေဆာင္မႈေပၚမွာ mini-program ၁ သန္းေက်ာ္ကုိ ဝန္ေဆာင္မႈေပးခဲ့ပါတယ္။ အဲဒီ mini-program ေတြထဲမွာ messaging, social networking, e-commerce နဲ႔ မိုဘိုင္းေငြေပးေခ်မႈ စတဲ့ ဝန္ေဆာင္မႈေတြ ပါဝင္ၿပီး သုံးစြဲသူ ၁ ဘီလ်ံေက်ာ္ရွိပါတယ္။

စိုးထက္
Ref: SCMP

[ Unicode ]

တရုတ်နို်င်ငံရဲ့ အကြီးမားဆုံး search engine နဲ့ artificial intelligence ကုမ္ပဏီရဲ့ mini-program တွေကို လွန်ခဲ့တဲ့နှစ်လက မိတ်ဆက်အပြီးမှာ လစဉ်သုံးစွဲသူ သန်း ၁၀၀ ရှိလာတယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

Baidu ဟာ ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ ကိုယ်ပိုင် AI developer ကွန်ဖရင့်မှာ mini-program တွေကို ပထမဆုံး မိတ်ဆက်ပေးခဲ့ပြီး နှစ်ကုန်အရောက်မှာ အဲဒီဝန်ဆောင်မှုကို အပြည့်အဝ အသုံးပြုနိုင်အောင် ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

Min-program တွေက application တွေရဲ့အရွယ်အစားက 10 megabytes ရှိပြီး အဓိက app ရဲ့ interface မှာ အသုံးပြုနိုင်ပါတယ်။ အဲဒီ app တွေက အသုံးပြုရ မြန်ဆန်တဲ့အတွက် app store ကနေ program ကို download ပြုလုပ်စရာမလိုဘဲ app အတွင်းမှာ အသုံးပြုနိုင်ပါတယ်။

“Min-program တွေဟာ နည်းဗျူဟာကျတဲ့ ထုတ်ကုန်ဖြစ်ပြီး Baidu app ရဲ့ open platform ကို အခြေခံထားကာ developer တွေက သုံးစွဲသူတွေအတွက် လွယ်ကူသက်သာတဲ့ အတွေ့အကြုံကို ထောက်ပံ့ပေးနိုင်ပါတယ်” လို့ Baidu ရဲ့ app နဲ့ news feed လုပ်ငန်းအကြီးအကဲ Ping Xiaoli က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

တရုတ်အင်တာနက် ကုမ္ပဏီကြီးတွေအနေနဲ့ Tencent ပိုင်ဆိုင်တဲ့ WeChat မှာပါဝင်တဲ့ “super app” platform တွေကို တည်ဆောက်ဖို့ ကြိုးပမ်းနေကြပါတယ်။ အဲဒီ “super app” platform တွေမှာ ဝန်ဆောင်မှုတွေအမျိုးမျိုး ပါဝင်ပြီး သုံးစွဲသူတွေကို အကောင်းဆုံး အတွေ့အကြုံရရှိအောင် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့ Ping ဟာ သတင်းစာရှင်းလင်းပွဲမှာ အခုအလအစောပိုင်း ဟောင်ကောင်နဲ့ တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ မန်ခွတ်မုန်တိုင်းလိုမျိုး တိုင်ဖွန်းတွေကို ခြေရာခံနိုင်တဲ့ mini-program တစ်ခုအကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ “ရာသီဥတုသတင်းတွေကို သိလိုတဲ့ သုံးစွဲသူတွေအနေနဲ့ သွားရောက်ကြည့်ရှုခဲ့တဲ့ အရာတွေကို စာရင်းပြုလုပ်ပြီး သိမ်းထားနိုင်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။

Baidu ရဲ့ mini-program ၁၀၀ ကျော်ကို အခြေအနေများစွာမှာ အသုံးပြုနိုင်အောင် စုံလင်ပြီး ကုမ္ပဏီရဲ့ အဓိက app အတွင်းအသုံးပြုနိုင်မယ့် program တွေကို ဖန်တီးဖို့ developer တွေကို ဖိတ်ကြားထားပါတယ်။

ဘေကျင်းအခြေစိုက် Baidu ကုမ္ပဏီအနေနဲ့ သုံးလပတ်အမြတ်ငွေကို ထုတ်ပြန်ခဲ့ပြီးနောက် super app အများစုကြောင့် ရှယ်ယာအမြတ်အစွန်းရလာတယ်လို့ ကုမ္ပဏီဥက္ကဋ္ဌနဲ့ အမှုဆောင်အကြီးအကဲ Robin Li ကပြောခဲ့ပါတယ်။

ရှန်းဇန့်အခြေစိုက် Tencent ကလည်း WeChat ဝန်ဆောင်မှုပေါ်မှာ mini-program ၁ သန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။ အဲဒီ mini-program တွေထဲမှာ messaging, social networking, e-commerce နဲ့ မိုဘိုင်းငွေပေးချေမှု စတဲ့ ဝန်ဆောင်မှုတွေ ပါဝင်ပြီး သုံးစွဲသူ ၁ ဘီလျံကျော်ရှိပါတယ်။

Ref: SCMP