B.Sc (Hons) in Network Technology and Cyber Security ဘြဲ႔ ဒီဂရီအတန္းအတြက္ ေက်ာင္းသားေခၚယူ

[ Zawgyi ]

B.Sc (Hons) in Network Technology and Cyber Security ဘြဲ႔ ဒီဂရီအတန္း၊ မတ္လ Intake အတြက္ Y-Max College မွ ေက်ာင္းသားမ်ားေခၚယူေနၿပီလို႔ သိရပါတယ္။

ေနာက္ဆံုးႏွစ္ ၁ ႏွစ္သာ တက္ေရာက္ရမယ့္ ကြန္ပ်ဴတာသိပၸံဂုဏ္ထူးဘြဲ႕အတန္းကို မတ္လအတန္း သစ္အတြက္ ေက်ာင္းအပ္စတင္ လက္ခံေနၿပီျဖစ္ပါတယ္။ မေလးရွားႏိုင္ငံ Lincoln University College နဲ႔ ပူးေပါင္း ဖြင့္လွစ္တာျဖစ္ၿပီး သင္တန္းၿပီးဆံုးပါက ႏိုင္ငံတကာအသိအမွတ္ျပဳ ကြန္ပ်ဴတာသိပၸံဂုဏ္ထူးဘြဲ႔ ရရွိမွာျဖစ္ပါတယ္။ Cyber Security Specialist ျဖစ္ခ်င္သူ၊ ဆိုက္ဘာလံုၿခံဳေရးနယ္ပယ္မွာ အထူးကၽြမ္းက်င္သူ တစ္ေယာက္ျဖစ္ဖို႔ ရည္ရြယ္ထားသူေတြတက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ စီးပြားေရးႏွင့္စက္မႈလုပ္ငန္းေတြနဲ႔ သက္ဆိုင္တဲ့ ကြန္ပ်ဴတာ စနစ္ေတြမွာ Installation, Operation, Security and Maintenance အပိုင္းေတြကို အဓိက သင္ၾကားေပးမွာ ျဖစ္တယ္လို႔သိရပါတယ္။ Network Operating System, Network Management နဲ႔ Network Implementation အပိုင္းေတြမွာ စာေတြ႕၊ လက္ေတြ႕ေပါင္းစပ္သင္ၾကားမႈပံုစံနဲ႔ ေလ့က်င့္သင္ယူရမွာ ျဖစ္ တယ္လို႔ သိရပါတယ္။

သင္တန္းကို HND:BTEC (သို႔) Advanced Diploma in Computing ႏွင့္ IT and Networking related ဘာသာရပ္နဲ႔ ၂ ႏွစ္ အဆင့္ျမင့္ဒီပလိုမာရရိွေအာင္ျမင္ၿပီးသူ၊ B.E (EC/IT), B.C.Sc, B.C.Tech ရရွိၿပီးသူ၊ TU နဲ႔ CU တို႔မွ Computer Networking အပိုင္းျဖင့္ တတိယႏွစ္အထိ ေအာင္ျမင္ထားသူ၊ IT နဲ႔ Networking ဆိုင္ရာ ဒီပလိုမာမ်ား ရရိွထားသူအျပင္ ဘြဲ႕တစ္ခုခု ရရိွထားသူေတြလည္း တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။ အေသးစိတ္ သိရွိလိုပါက Y-Max College ဖုန္း ၀၉- ၇၉၃၃၅၄၃၃၀၊ ၀၉- ၇၉၃၃၅၄၃၃၁ ကို ဆက္သြယ္ စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

B.Sc (Hons) in Network Technology and Cyber Security ဘွဲ့ ဒီဂရီအတန်း၊ မတ်လ Intake အတွက် Y-Max College မှ ကျောင်းသားများခေါ်ယူနေပြီလို့ သိရပါတယ်။

နောက်ဆုံးနှစ် ၁ နှစ်သာ တက်ရောက်ရမယ့် ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့အတန်းကို မတ်လအတန်း သစ်အတွက် ကျောင်းအပ်စတင် လက်ခံနေပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံ Lincoln University College နဲ့ ပူးပေါင်း ဖွင့်လှစ်တာဖြစ်ပြီး သင်တန်းပြီးဆုံးပါက နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ ရရှိမှာဖြစ်ပါတယ်။ Cyber Security Specialist ဖြစ်ချင်သူ၊ ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ အထူးကျွမ်းကျင်သူ တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားသူတွေတက်ရောက်နိုင်မှာဖြစ်ပါတယ်။ စီးပွားရေးနှင့်စက်မှုလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ကွန်ပျူတာ စနစ်တွေမှာ Installation, Operation, Security and Maintenance အပိုင်းတွေကို အဓိက သင်ကြားပေးမှာ ဖြစ်တယ်လို့သိရပါတယ်။ Network Operating System, Network Management နဲ့ Network Implementation အပိုင်းတွေမှာ စာတွေ့၊ လက်တွေ့ပေါင်းစပ်သင်ကြားမှုပုံစံနဲ့ လေ့ကျင့်သင်ယူရမှာ ဖြစ် တယ်လို့ သိရပါတယ်။

သင်တန်းကို HND:BTEC (သို့) Advanced Diploma in Computing နှင့် IT and Networking related ဘာသာရပ်နဲ့ ၂ နှစ် အဆင့်မြင့်ဒီပလိုမာရရှိအောင်မြင်ပြီးသူ၊ B.E (EC/IT), B.C.Sc, B.C.Tech ရရှိပြီးသူ၊ TU နဲ့ CU တို့မှ Computer Networking အပိုင်းဖြင့် တတိယနှစ်အထိ အောင်မြင်ထားသူ၊ IT နဲ့ Networking ဆိုင်ရာ ဒီပလိုမာများ ရရှိထားသူအပြင် ဘွဲ့တစ်ခုခု ရရှိထားသူတွေလည်း တက်ရောက်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ် သိရှိလိုပါက Y-Max College ဖုန်း ၀၉- ရ၉၃၃၅၄၃၃၀၊ ၀၉- ရ၉၃၃၅၄၃၃၁ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။