Avita Liber

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၆၉၉

အားသာခ်က္

အလူမီယံကိုယ္ထည္နဲ႔ သက္ေသာင့္သက္သာရွိတဲ့ ကီးဘုတ္စနစ္ေတြက သေဘာက်စရာပါ။ ပုံမွန္ထက္ ပိုမိုျမန္ဆန္မႈရွိတဲ့ SSD ပါဝင္တဲ့အျပင္ လုံၿခဳံေရးအတြက္ လက္ေဗြလုံၿခဳံေရးစနစ္ ေထာက္ပံ့ပါဝင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

Port ေတြကေတာ့ အစုံမပါဝင္သလို Display ကလည္း ၾကည့္ရတာ မွိန္တယ္လို႔ ခံစားရပါတယ္။ စြမ္းေဆာင္ရည္နဲ႔ ဂရပ္ဖစ္ပိုင္းကလည္း ပုံမွန္ထက္ ေလ်ာ့နည္းသလို ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္မႈက ပုံမွန္ထက္ နည္းတာက ဒီ Laptop ရဲ႕ အားနည္းခ်က္ပဲျဖစ္ပါတယ္။

သုံးသပ္ခ်က္

Avita Liber က ျမန္ဆန္တဲ့ SSD ပါ၀င္သလို အသုံးျပဳရတာ ေကာင္းမြန္တဲ့ကီးဘုတ္နဲ႔ အလူမီနီယံ ကိုယ္ထည္ေတြက ဆြဲေဆာင္မႈရွိလွေပမယ့္ Display ပိုိင္း ပိုမိုေတာက္ပၿပီး ဘက္ထရီနဲ႔ ဒီထက္ ပိုၾကာၾကာသုံးႏုိင္မယ္ဆိုရင္ေတာ့ ဒီဇိုင္းလွၿပီး သြားေလရာသယ္ယူ အသုံးျပဳႏုိင္တဲ့ ဒီ Laptop အတြက္ ပိုေကာင္းမယ္လို႔ သုံးသပ္ရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၂.၅ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel အထိ ေထာက္ပံ့ေပးႏိုင္တဲ့ အမ်ဳိးအစားျဖစ္ပါတယ္။ Intel Core i5-7Y54 Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Intel UHD 615 ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 8 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 128 GB SSD ကို အသုံးျပဳထားပါတယ္။ Webcam ကေတာ့ 720p အမ်ဳိးအစားပါ။ ၅.၇x၂.၅ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈ ေကာင္းမြန္ပါတယ္။ WiFi 802.11 b/g/n/ac, Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး Type-C ေပါက္၊ လက္ေဗြလုံၿခဳံေရးစနစ္နဲ႔ နားၾကပ္ေပါက္ေတြ ပါ၀င္ပါတယ္။ ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၅ နာရီနဲ႔ ၃၉ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၁ ကီလိုဂရမ္ (၂.၄၇ ေပါင္) ရွိမွာ ျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၆၉၉

အားသာချက်

အလူမီယံကိုယ်ထည်နဲ့ သက်သောင့်သက်သာရှိတဲ့ ကီးဘုတ်စနစ်တွေက သဘောကျစရာပါ။ ပုံမှန်ထက် ပိုမိုမြန်ဆန်မှုရှိတဲ့ SSD ပါ၀င်တဲ့အပြင် လုံခြုံရေးအတွက် လက်ဗွေလုံခြုံရေးစနစ် ထောက်ပံ့ပါဝင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

အားနည်းချက်

Port တွေကတော့ အစုံမပါဝင်သလို Display ကလည်း ကြည့်ရတာ မှိန်တယ်လို့ ခံစားရပါတယ်။ စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်ပိုင်းကလည်း ပုံမှန်ထက် လျော့နည်းသလို ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်မှုက ပုံမှန်ထက် နည်းတာက ဒီ Laptop ရဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။

သုံးသပ်ချက်

Avita Liber က မြန်ဆန်တဲ့ SSD ပါ၀င်သလို အသုံးပြုရတာ ကောင်းမွန်တဲ့ကီးဘုတ်နဲ့ အလူမီနီယံ ကိုယ်ထည်တွေက ဆွဲဆောင်မှုရှိလှပေမယ့် Display ပိိုင်း ပိုမိုတောက်ပပြီး ဘက်ထရီနဲ့ ဒီထက် ပိုကြာကြာသုံးနိုင်မယ်ဆိုရင်တော့ ဒီဇိုင်းလှပြီး သွားလေရာသယ်ယူ အသုံးပြုနိုင်တဲ့ ဒီ Laptop အတွက် ပိုကောင်းမယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၂.၅ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel အထိ ထောက်ပံ့ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Intel Core i5-7Y54 Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD 615 ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128 GB SSD ကို အသုံးပြုထားပါတယ်။ Webcam ကတော့ 720p အမျိုးအစားပါ။ ၅.၇x၂.၅ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှု ကောင်းမွန်ပါတယ်။ WiFi 802.11 b/g/n/ac, Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး Type-C ပေါက်၊ လက်ဗွေလုံခြုံရေးစနစ်နဲ့ နားကြပ်ပေါက်တွေ ပါ၀င်ပါတယ်။ မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၅ နာရီနဲ့ ၃၉ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၁ ကီလိုဂရမ် (၂.၄၇ ပေါင်) ရှိမှာ ဖြစ်ပါတယ်။

Ref: www.laptopmag.com