August 19, 2018

Australian Centre for Academic Enrichment မွ ေက်ာင္းခြဲသစ္ ထပ္မံဖြင့္လွစ္

[ Zawgyi ]

Australian Centre for Academic Enrichment မွ ေက်ာင္းခြဲသစ္ကို ဗဟန္းၿမိဳ႕နယ္၊ သံလြင္လမ္းမွာ ထပ္မံဖြင့္လွစ္လိုက္တယ္လို႔ သိရပါတယ္။

အခုဖြင့္လွစ္လိုက္တဲ့ ေက်ာင္းခြဲသစ္မွာ Pre KG တန္းအတြက္ျဖစ္ၿပီး ျမန္မာစာကိုလည္း တြဲဖက္သင္ၾကား ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ Pre KG, KG နဲ႔ Year 1 အတန္းေတြကို တိုးခ်ဲ႕လက္ခံေပးမွာျဖစ္ၿပီး New Australian Curriculum နဲ႔ စနစ္တက် သင္ၾကားေပးမွာျဖစ္တယ္လို႔ သိရပါတယ္။ ႏွစ္စဥ္ တန္းခြဲတိုးခ်ဲ႕လက္ခံ သင္ၾကားေပးမွာ ျဖစ္ၿပီး Year 12 အထိ တစ္ႏွစ္တစ္တန္းတိုးၿပီး ဖြင့္လွစ္သင္ၾကားေပးမွာျဖစ္ပါတယ္။

ေက်ာင္းခ်ိန္မွာ နံနက္ ၉ နာရီမွ ညေန ၃ နာရီအထိ အခ်ိန္ျပည့္ျဖစ္ၿပီး ကေလးေတြ အစားအေသာက္အတြက္ မိဘေတြအလုပ္မ႐ႈပ္ရေအာင္ စီစဥ္ေပးလ်က္ရွိတယ္လို႔လည္းသိရပါတယ္။ အဂၤလိပ္ဘာသာစကား ပိုမိုေကာင္းမြန္ေအာင္ အတန္းတိုင္းမွာ Native Speaker ေတြထားၿပီး သင္ၾကားေပးတာျဖစ္ပါတယ္။

တကၠသိုလ္ရိပ္သာလမ္းသစ္က ေအးရိပ္သာ Campus မွာ အသက္ ၂ ႏွစ္က ၄ ႏွစ္အထိ ကေလးငယ္ေတြ လက္ခံၿပီး သံလြင္လမ္းရွိ ေက်ာင္းမွာေတာ့ Pre KG သံုးႏွစ္ခြဲကစလို႔ ေက်ာင္းအပ္လက္ခံ သင္ၾကားေပးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက ဖုန္း – ၀၉ ၇၈၉၀၇၉၅၁၅ နဲ႔ ၀၉ ၇၈၉၀၇၉၅၁၆ ကို ဆက္သြယ္ စံုစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

Australian Centre for Academic Enrichment မှ ကျောင်းခွဲသစ်ကို ဗဟန်းမြို့နယ်၊ သံလွင်လမ်းမှာ ထပ်မံဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ ကျောင်းခွဲသစ်မှာ Pre KG တန်းအတွက်ဖြစ်ပြီး မြန်မာစာကိုလည်း တွဲဖက်သင်ကြား ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Pre KG, KG နဲ့ Year 1 အတန်းတွေကို တိုးချဲ့လက်ခံပေးမှာဖြစ်ပြီး New Australian Curriculum နဲ့ စနစ်တကျ သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။ နှစ်စဉ် တန်းခွဲတိုးချဲ့လက်ခံ သင်ကြားပေးမှာ ဖြစ်ပြီး Year 12 အထိ တစ်နှစ်တစ်တန်းတိုးပြီး ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်။

ကျောင်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အချိန်ပြည့်ဖြစ်ပြီး ကလေးတွေ အစားအသောက်အတွက် မိဘတွေအလုပ်မရှုပ်ရအောင် စီစဉ်ပေးလျက်ရှိတယ်လို့လည်းသိရပါတယ်။ အင်္ဂလိပ်ဘာသာစကား ပိုမိုကောင်းမွန်အောင် အတန်းတိုင်းမှာ Native Speaker တွေထားပြီး သင်ကြားပေးတာဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းသစ်က အေးရိပ်သာ Campus မှာ အသက် ၂ နှစ်က ၄ နှစ်အထိ ကလေးငယ်တွေ လက်ခံပြီး သံလွင်လမ်းရှိ ကျောင်းမှာတော့ Pre KG သုံးနှစ်ခွဲကစလို့ ကျောင်းအပ်လက်ခံ သင်ကြားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဖုန်း – ၀၉ ရ၈၉၀၇၉၅၁၅ နဲ့ ၀၉ ရ၈၉၀၇၉၅၁၆ ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ဝေဝေ