September 19, 2018


[ Zawgyi ]






sudo apt-get update







-သီဟ

============

[ Unicode ]

Atom Text Editor ကို Ubuntu OS တွင် ထည့်သွင်းခြင်း

============

Atom ဆိုတာကတော့ open-source အမျိုးအစား text and source code editor ဆော့ဖ်ဝဲ တစ်ခုပဲ ဖြစ်ပါတယ်။ Programming language အများအပြားကို အဆိုပါ text editor ကနေ ပြင်ဆင်နိုင်စေရန် အတွက် စီစဉ်ပေးထားပါတယ်။

Ubuntu OS မှာ Atom ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရ မှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

Atom ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေ ကတော့ –

sudo add-apt-repository ppa:webupd8team/atom

sudo apt-get update

sudo apt-get install atom

ဆိုတဲ့ command တွေနဲ့ ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Atom 1.23.1 DEB package ကို ထည့်သွင်းမယ်ဆိုရင်

sudo apt-get install gdebi

wget https://github.com/atom/atom/releases/download/v1.23.1/atom-amd64.deb

sudogdebi atom-amd64.deb

ဆိုတဲ့ command တွေကို အသုံးပြုပေးရမှာ ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို အသုံးမပြု လိုတော့ဘူးဆိုရင် sudo apt-get remove atom ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။

-သီဟ