Asus ZenBook Pro 15

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၂၂၉၉

အားသာခ်က္

ဆြဲေဆာင္မႈအျပည့္ရွိတဲ့ ပရီမီယံဒီဇုိင္း၊ ျပည့္ဝေကာင္းမြန္လွတဲ့ Laptop စြမ္းေဆာင္ရည္နဲ႔ ဂရပ္ဖစ္အရည္အေသြးေတြက သေဘာက်စရာပါ။ ဒီထက္သေဘာက်စရာက သာမန္ TouchPad ေတြထက္ တမူထူးျခားလွတဲ့အျပင္ လုပ္ငန္းေဆာင္
တာေတြအတြက္ အသုံး၀င္လွတဲ့ ScreenPad ပါ။ 4K Touch screen ကလည္း အရည္အေသြးနဲ႔ ကာလာပုိင္း ၾကည္လင္ေကာင္းမြန္ လွတာက ဒီ Laptop ရဲ႕ အားသာခ်က္ေတြပဲ ျဖစ္ပါတယ္။

အားနည္းခ်က္

ဘက္ထရီနဲ႔ အသုံးျပဳႏုိင္မႈကေတာ့ ပုံမွန္ရွိသင့္တဲ့ ၾကာခ်ိန္ရဲ႕ ေအာက္မွာရွိတဲ့အတြက္ အျပင္သြားမယ္ဆိုရင္ေတာ့ အားသြင္းႀကိဳး တစ္ပါတည္း ယူသြားရမွာပါ။ ေနာက္ၿပီး Webcam ရဲ႕ ကင္မရာ resolution အရည္အေသြးက ပရီမီယံ Laptop တစ္လုံးအတြက္ေတာ့ သာမန္ထက္မပိုတဲ့ resolution ေလာက္သာရွိတာက ဒီ Laptop ရဲ႕ အားနည္းခ်က္ပဲ ျဖစ္ပါတယ္။

သုံးသပ္ခ်က္

ဆန္းသစ္တီထြင္ဖန္တီးထားတဲ့ TouchPad display နဲ႔ ဒီဇုိင္းလွၿပီး ဂရပ္ဖစ္ပိုင္းသာမဘဲ တစ္ျခားေသာ ျပည့္ဝေကာင္းမြန္တဲ့ Laptop စြမ္းေဆာင္ရည္ေတြက ပရီမီယံဒီဇုိင္းနဲ႔ Laptop ကို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ အသုံးျပဳခ်င္သူေတြအတြက္ အထူးေကာင္းမြန္လွပါ
တယ္။ ပါးလႊာတဲ့ကိုယ္ထည္၊ 4K Display, Intel Core i9 processor, Nvidia GTX 1050 Ti GPU စနစ္နဲ႔ အခ်က္အလက္ကူးေျပာင္း မႈျမန္ဆန္လွတဲ့ SSD ေတြ ေျပာစရာမလိုေလာက္ေအာင္ အထူးေကာင္းမြန္လွပါတယ္။ ScreenPad Display ကလည္း ပုံမွန္ TouchPad အသုံးျပဳရင္းကေန သီခ်င္းနားေထာင္တာ၊ Shortcut toolbar အေနနဲ႔သုံးႏုိင္တာေတြအျပင္ Laptop ရဲ႕ ဒုတိယ ျမင္ကြင္းတစ္ခုအေနနဲ႔ အသုံးျပဳႏုိင္မွာလည္းျဖစ္ပါတယ္။ ဘက္ထရီပုိင္းအားနည္းတာကလြဲရင္ Laptop ကိုသြားေလရာ သယ္ေဆာင္အသုံးျပဳေနရတဲ့ သူေတြနဲ႔ တီထြင္ဖန္တီးမႈေတြကို အၿမဲလုပ္ေဆာင္ေနရတဲ့ သူေတြအတြက္ကေတာ့ ဒီ Laptop က ေရြးခ်ယ္စရာတစ္ခုအေနနဲ႔ ရွိေနမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၅.၆ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 3840×2160 pixel ထိ ေထာက္ပံ့ေပးႏုိင္တဲ့ 4K Touchscreen Display
အမ်ဳိးအစားျဖစ္ပါတယ္။ အျမန္ႏႈန္း 2.9 GHz ရွိတဲ့ Intel Core i9-8950HK processor ကို အသုံးျပဳထားၿပီး RAM 16GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 512GB PCIe SSD ရွိမွာ ျဖစ္ပါတယ္။ ဂရပ္ဖစ္ပိုင္းအေနနဲ႔ Nvidia GeForce GTX 1050 Ti GPU ေထာက္ပံ့ပါ၀င္ၿပီး ဗီဒီယုိ Memory ကို 4GB ထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ Screenpad ရဲ႕ အရြယ္အစားက ၄.၈ x၂.၆
လက္မအရြယ္အစားရွိပါတယ္။ လက္ေဗြလုံၿခဳံေရးစနစ္၊ WiFi802.11ac, Bluetooth 5.0, microSD ေပါက္၊ USB 3.0 ေပါက္၊ Thunderbolt 3 ေပါက္၊ HDMI ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၄ နာရီနဲ႔ ၅ မိနစ္၀န္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒါကေတာ့ ScreenPad ကို တစ္ၿပိဳင္နက္ဖြင့္ထားကာ အသုံးျပဳႏုိင္မႈ ၾကာခ်ိန္ျဖစ္ၿပီး ScreenPad ကို ပိတ္ထားကာ သုံးမယ္ဆိုရင္ေတာ့ ၅ နာရီနဲ႔ ၁၄ မိနစ္ခန္႔ ဘက္ထရီနဲ႔အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၉ ကီလိုဂရမ္ (၄.၂ ေပါင္) ရွိမွာျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၂၂၉၉

အားသာချက်

ဆွဲဆောင်မှုအပြည့်ရှိတဲ့ ပရီမီယံဒီဇိုင်း၊ ပြည့်ဝကောင်းမွန်လှတဲ့ Laptop စွမ်းဆောင်ရည်နဲ့ ဂရပ်ဖစ်အရည်အသွေးတွေက သဘောကျစရာပါ။ ဒီထက်သဘောကျစရာက သာမန် TouchPad တွေထက် တမူထူးခြားလှတဲ့အပြင် လုပ်ငန်းဆောင်
တာတွေအတွက် အသုံးဝင်လှတဲ့ ScreenPad ပါ။ 4K Touch screen ကလည်း အရည်အသွေးနဲ့ ကာလာပိုင်း ကြည်လင်ကောင်းမွန် လှတာက ဒီ Laptop ရဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။

အားနည်းချက်

ဘက်ထရီနဲ့ အသုံးပြုနိုင်မှုကတော့ ပုံမှန်ရှိသင့်တဲ့ ကြာချိန်ရဲ့ အောက်မှာရှိတဲ့အတွက် အပြင်သွားမယ်ဆိုရင်တော့ အားသွင်းကြိုး တစ်ပါတည်း ယူသွားရမှာပါ။ နောက်ပြီး Webcam ရဲ့ ကင်မရာ resolution အရည်အသွေးက ပရီမီယံ Laptop တစ်လုံးအတွက်တော့ သာမန်ထက်မပိုတဲ့ resolution လောက်သာရှိတာက ဒီ Laptop ရဲ့ အားနည်းချက်ပဲ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဆန်းသစ်တီထွင်ဖန်တီးထားတဲ့ TouchPad display နဲ့ ဒီဇိုင်းလှပြီး ဂရပ်ဖစ်ပိုင်းသာမဘဲ တစ်ခြားသော ပြည့်ဝကောင်းမွန်တဲ့ Laptop စွမ်းဆောင်ရည်တွေက ပရီမီယံဒီဇိုင်းနဲ့ Laptop ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် အသုံးပြုချင်သူတွေအတွက် အထူးကောင်းမွန်လှပါ
တယ်။ ပါးလွှာတဲ့ကိုယ်ထည်၊ 4K Display, Intel Core i9 processor, Nvidia GTX 1050 Ti GPU စနစ်နဲ့ အချက်အလက်ကူးပြောင်း မှုမြန်ဆန်လှတဲ့ SSD တွေ ပြောစရာမလိုလောက်အောင် အထူးကောင်းမွန်လှပါတယ်။ ScreenPad Display ကလည်း ပုံမှန် TouchPad အသုံးပြုရင်းကနေ သီချင်းနားထောင်တာ၊ Shortcut toolbar အနေနဲ့သုံးနိုင်တာတွေအပြင် Laptop ရဲ့ ဒုတိယ မြင်ကွင်းတစ်ခုအနေနဲ့ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဘက်ထရီပိုင်းအားနည်းတာကလွဲရင် Laptop ကိုသွားလေရာ သယ်ဆောင်အသုံးပြုနေရတဲ့ သူတွေနဲ့ တီထွင်ဖန်တီးမှုတွေကို အမြဲလုပ်ဆောင်နေရတဲ့ သူတွေအတွက်ကတော့ ဒီ Laptop က ရွေးချယ်စရာတစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၅.၆ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 3840×2160 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ 4K Touchscreen Display
အမျိုးအစားဖြစ်ပါတယ်။ အမြန်နှုန်း 2.9 GHz ရှိတဲ့ Intel Core i9-8950HK processor ကို အသုံးပြုထားပြီး RAM 16GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 512GB PCIe SSD ရှိမှာ ဖြစ်ပါတယ်။ ဂရပ်ဖစ်ပိုင်းအနေနဲ့ Nvidia GeForce GTX 1050 Ti GPU ထောက်ပံ့ပါ၀င်ပြီး ဗီဒီယို Memory ကို 4GB ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ Screenpad ရဲ့ အရွယ်အစားက ၄.၈ x၂.၆
လက်မအရွယ်အစားရှိပါတယ်။ လက်ဗွေလုံခြုံရေးစနစ်၊ WiFi802.11ac, Bluetooth 5.0, microSD ပေါက်၊ USB 3.0 ပေါက်၊ Thunderbolt 3 ပေါက်၊ HDMI ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီနဲ့ ၄ နာရီနဲ့ ၅ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ ScreenPad ကို တစ်ပြိုင်နက်ဖွင့်ထားကာ အသုံးပြုနိုင်မှု ကြာချိန်ဖြစ်ပြီး ScreenPad ကို ပိတ်ထားကာ သုံးမယ်ဆိုရင်တော့ ၅ နာရီနဲ့ ၁၄ မိနစ်ခန့် ဘက်ထရီနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၉ ကီလိုဂရမ် (၄.၂ ပေါင်) ရှိမှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း
Ref: www.laptopmag.com