Asus ZenBook 13 (UX333FA)

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၈၄၉.၉၉

အားသာခ်က္

ပရီမီယံဒီဇုိင္းျဖစ္တဲ့အတြက္ ဆြဲေဆာင္မႈရွိသလို စြမ္းေဆာင္ရည္ပိုင္းလည္း ျပည့္ဝေကာင္းမြန္မႈရွိပါတယ္။ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ဒီ Laptop ရဲ႕ အားသာခ်က္ပဲ ျဖစ္ပါတယ္။ ေနာက္တစ္ခုက Touchpad ကို ဒီဂ်စ္တယ္ Number pad အေနနဲ႔ သုံးစြဲႏုိင္တာေတြပါ။

အားနည္းခ်က္

ကာလာပိုင္း စိုျပည္မႈရွိတဲ့ Display ရဲ႕ ေတာက္ပမႈပိုင္းကေတာ့ ၾကည့္ရတာ အနည္းငယ္မွိန္ၿပီး ကီးဘုတ္ခလုတ္ေလးေတြရဲ႕ ၾကားေနရာလြတ္က က်ဥ္းတယ္လို႔ခံစားရပါတယ္။

သုံးသပ္ခ်က္

Asus Zenbook 13 က စြမ္းေဆာင္ရည္ပိုင္း ျမင့္မားေကာင္းမြန္တာနဲ႔ ဘက္ထရီနဲ႔ အခ်ိန္ၾကာၾကာ အသုံးျပဳႏုိင္တာေတြက ေပးရတဲ့ေစ်းႏႈန္းအရ ဆိုရင္ေတာ့ တန္တယ္လို႔ေျပာရမွာပါ။ ပရီမီယံဒီဇုိင္းကလည္း ဆြဲေဆာင္မႈရွိသလို 8th Gen Core i5 processor ကလည္း ျပည့္ဝေကာင္းမြန္တဲ့ လုပ္ငန္းစြမ္းေဆာင္ရည္ကို ေပးစြမ္းႏိုင္မွာျဖစ္ပါတယ္။ တျခားၿပိဳင္ဘက္ Laptop ေတြနဲ႔ယွဥ္မယ္ဆိုရင္ေတာ့ Display ပိုင္းမွာ အနည္းငယ္မွိန္တာနဲ႔ ကီးဘုတ္ရဲ႕ခလုတ္ေတြၾကားက ေနရာလြတ္ က်ဥ္းေျမာင္းတာေတြကလြဲရင္ ပရီမီယံ Laptop တစ္လုံးရဲ႕ အရည္အေသြး၊ စြမ္းေဆာင္ရည္ပိုင္းအျပင္ ေစ်းႏႈန္းတူ အရည္အေသြးမကြာတဲ့ ၿပိဳင္ဘက္ေမာ္ဒယ္ေတြထက္ ဘက္ထရီနဲ႔ အခ်ိန္ ပိုၾကာၾကာ အသုံးျပဳႏုိင္မွာ ျဖစ္ပါတယ္။ ပရီမီယံ Laptop ေစ်းႏႈန္းထက္ သက္သာတဲ့ေစ်းနဲ႔ ပရီမီယံ Laptop ကို အသုံးျပဳခ်င္တဲ့သူေတြအတြက္ကေတာ့ ဒီ Laptop က ေရြးခ်ယ္စရာ အေကာင္းဆုံးတစ္ခုလို႔ ဆိုခ်င္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 1920×1080 pixel ထိ ေထာက္ပံ့ေပးႏိုင္တဲ့ Glossy panel အမ်ဳိးအစားျဖစ္ပါတယ္။ Intel Core i5-8265U Processor ကို အသုံးျပဳထားၿပီး ဂရပ္ဖစ္အေနနဲ႔ Intel UHD Graphics 620 GPU ေထာက္ပံ့ပါ၀င္ပါတယ္။ RAM 8 GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256 GB PCIe NVMe SSD ကို အသုံးျပဳထားပါတယ္။ 720p Webcam ကေတာ့ ဓာတ္ပုံေတြကို အရည္အေသြးေကာင္းေကာင္းနဲ႔ ႐ိုက္ကူးႏုိင္ၿပီး ၃.၉ x ၂.၁ လက္မ အရြယ္အစား Touchpad ရဲ႕ sensitivity ကလည္း တုံ႔ျပန္မႈေကာင္းမြန္ပါတယ္။ Wi-Fi 802.11ac ၊ Bluetotoh 5.0 စနစ္ေတြ ေထာက္ပံ့ပါ၀င္ၿပီး HDMI ေပါက္၊ USB Type-A ေပါက္၊ USB 3.1 ေပါက္၊ MicroSD ေပါက္၊ USB Type-C ေပါက္နဲ႔ USB 2.0 ေပါက္ေတြ ပါဝင္ပါတယ္။

ျမင္ကြင္းေတာက္ပမႈ 150 nits နဲ႔ WiFi ခ်ိတ္ဆက္ၿပီး အြန္လုိင္း အဆက္မျပတ္အသုံးျပဳမႈကို ဘက္ထရီ နဲ႔ ၁၁ နာရီနဲ႔ ၂၈ မိနစ္ ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂ ကီလိုဂရမ္ (၂.၆ ေပါင္) ရွိမွာျဖစ္ပါတယ္။

– ရဲထြဋ္ဝင္း
Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၈၄၉.၉၉

အားသာချက်

ပရီမီယံဒီဇိုင်းဖြစ်တဲ့အတွက် ဆွဲဆောင်မှုရှိသလို စွမ်းဆောင်ရည်ပိုင်းလည်း ပြည့်ဝကောင်းမွန်မှုရှိပါတယ်။ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ဒီ Laptop ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက Touchpad ကို ဒီဂျစ်တယ် Number pad အနေနဲ့ သုံးစွဲနိုင်တာတွေပါ။

အားနည်းချက်

ကာလာပိုင်း စိုပြည်မှုရှိတဲ့ Display ရဲ့ တောက်ပမှုပိုင်းကတော့ ကြည့်ရတာ အနည်းငယ်မှိန်ပြီး ကီးဘုတ်ခလုတ်လေးတွေရဲ့ ကြားနေရာလွတ်က ကျဉ်းတယ်လို့ခံစားရပါတယ်။

သုံးသပ်ချက်

Asus Zenbook 13 က စွမ်းဆောင်ရည်ပိုင်း မြင့်မားကောင်းမွန်တာနဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ အသုံးပြုနိုင်တာတွေက ပေးရတဲ့စျေးနှုန်းအရ ဆိုရင်တော့ တန်တယ်လို့ပြောရမှာပါ။ ပရီမီယံဒီဇိုင်းကလည်း ဆွဲဆောင်မှုရှိသလို 8th Gen Core i5 processor ကလည်း ပြည့်ဝကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ တခြားပြိုင်ဘက် Laptop တွေနဲ့ယှဉ်မယ်ဆိုရင်တော့ Display ပိုင်းမှာ အနည်းငယ်မှိန်တာနဲ့ ကီးဘုတ်ရဲ့ခလုတ်တွေကြားက နေရာလွတ် ကျဉ်းမြောင်းတာတွေကလွဲရင် ပရီမီယံ Laptop တစ်လုံးရဲ့ အရည်အသွေး၊ စွမ်းဆောင်ရည်ပိုင်းအပြင် စျေးနှုန်းတူ အရည်အသွေးမကွာတဲ့ ပြိုင်ဘက်မော်ဒယ်တွေထက် ဘက်ထရီနဲ့ အချိန် ပိုကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပရီမီယံ Laptop စျေးနှုန်းထက် သက်သာတဲ့စျေးနဲ့ ပရီမီယံ Laptop ကို အသုံးပြုချင်တဲ့သူတွေအတွက်ကတော့ ဒီ Laptop က ရွေးချယ်စရာ အကောင်းဆုံးတစ်ခုလို့ ဆိုချင်ပါတယ်။

အသေးစိတ်ဖော်ပြချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 1920×1080 pixel ထိ ထောက်ပံ့ပေးနိုင်တဲ့ Glossy panel အမျိုးအစားဖြစ်ပါတယ်။ Intel Core i5-8265U Processor ကို အသုံးပြုထားပြီး ဂရပ်ဖစ်အနေနဲ့ Intel UHD Graphics 620 GPU ထောက်ပံ့ပါ၀င်ပါတယ်။ RAM 8 GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256 GB PCIe NVMe SSD ကို အသုံးပြုထားပါတယ်။ 720p Webcam ကတော့ ဓာတ်ပုံတွေကို အရည်အသွေးကောင်းကောင်းနဲ့ ရိုက်ကူးနိုင်ပြီး ၃.၉ x ၂.၁ လက်မ အရွယ်အစား Touchpad ရဲ့ sensitivity ကလည်း တုံ့ပြန်မှုကောင်းမွန်ပါတယ်။ Wi-Fi 802.11ac ၊ Bluetotoh 5.0 စနစ်တွေ ထောက်ပံ့ပါ၀င်ပြီး HDMI ပေါက်၊ USB Type-A ပေါက်၊ USB 3.1 ပေါက်၊ MicroSD ပေါက်၊ USB Type-C ပေါက်နဲ့ USB 2.0 ပေါက်တွေ ပါဝင်ပါတယ်။

မြင်ကွင်းတောက်ပမှု 150 nits နဲ့ WiFi ချိတ်ဆက်ပြီး အွန်လိုင်း အဆက်မပြတ်အသုံးပြုမှုကို ဘက်ထရီ နဲ့ ၁၁ နာရီနဲ့ ၂၈ မိနစ် ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂ ကီလိုဂရမ် (၂.၆ ပေါင်) ရှိမှာဖြစ်ပါတယ်။