August 20, 2018

ASEAN Business Awards 2018 တွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် လျှောက်လွှာများခေါ်ယူ

[Zawgyi]





 

[Unicode]

အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းများအား ဖောင်တင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်လွှာများ ခေါ်ယူနေပြီဖြစ်တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က သိရပါတယ်။

ဒီနှစ်မှာတော့ မဟာမိတ်ဖက်အဖြစ် အသိပညာများ မျှဝေပေးပြီး ပူးပေါင်းပါဝင်မယ့်သူတွေကတော့ Ernst & Young LLP (EY) နဲ့ စင်ကာပူစီမံခန့်ခွဲမှုတက္ကသိုလ် (Singapore Management University) တို့ဖြစ်တယ်လို့ သိရပါတယ်။ အာဆီယံမိသားစုစီးပွားရေးဆု (ASEAN Familly Business Award) ကို ဆုအသစ်တစ်ခုအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်တာကို တွေ့ရမှာဖြစ်တယ်လို့ သိရပါတယ်။

ASEAN Familly Business Award ဆုဟာ အာဆီယံ အသိုက်အဝန်းထဲမှာ မိသားစုစီးပွားရေးလုပ်ငန်းကို ဘဏ္ဍာရေးနဲ့ လူမှုရေးတို့မှာ ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နိုင်ပြီး မျိုးဆက်များစွာတိုင်အောင် အဓွန့်ရှည်စွာ စွမ်းဆောင်နိုင်သူတွေကို အသိအမှတ်ပြုသောအားဖြင့် ပေးအပ်မှာဖြစ်တယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/2wMB34V မှာ download ရယူနိုင်ပြီး လျှောက် လွှာဖောင်များကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။