Arduino for Beginners သင်တန်းဖွင့်လှစ်မည်
[ Zawgyi ]
-ကောင်းမြတ်ထွန်း
[ Unicode ]
မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးပြီး Arduino for Beginner အမှတ်စဉ် (၈) သင်တန်းကို အောက်တိုဘာလ ၂၀ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ၈ ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
သင်တန်းကာလအတွင်းမှာ Arduino Uno , Mega , Nano,Yun ,HC-06, ESP8266 အပါအဝင် Arduino Basic Kit များ၊ Sensor Kit များ၊ Arduino အသုံးပြု တည်ဆောက်ထားတဲ့ Robot တွေနဲ့ သင်ထောက်ကူပစ္စည်း စုံလင်စွာ သင်ကြားပြသပေးမှာ ဖြစ်ပါတယ်။ Electronics အခြေခံအနေနဲ့ Multimeter အသုံးပြုနည်း အပါအဝင် Electronics Components တွေအကြောင်းနဲ့ Electronics Circuits တည်ဆောက်ခြင်းတွေ အတွက် အခြေခံသိသင့်တာတွေကို လက်တွေ့ သင်ကြားပေးမှာဖြစ်ပြီး Programming အနေနဲ့ Arduino Programming ကို အခြေခံမှစပြီး သင်ကြားပေးမှာဖြစ်တဲ့အတွက် သင်တန်းတက်ရောက်ဖို့ Programming အခြေခံရှိစရာ မလိုဘူးလို့ သိရပါတယ်။
သင်တန်းချိန်မှာ အပတ်စဉ် (စနေ၊ တနင်္ဂနွေ)၊ နံနက် ၉ နာရီ မှ ၁၂ နာရီအထိ ဖြစ်ပြီး သင်တန်းကြေး ၁၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ MCPA Member တွေအတွက် ၁၀ ရာခိုင်နှုန်း သင်တန်းကြေး ကင်းလွတ်ခွင့်ပေးသွားမှာဖြစ်ပြီး သင်တန်းသားဦးရေ ၁၅ ဦး လက်ခံမှာဖြစ်ပါတယ်။ အသေးစိတ်ကို မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း၊ ဖုန်း – ၀၂ ၄၀၆၉၃၁၃၊ ၀၉ ရ၇၈၈၃၀၄၄၄ နဲ့ ၀၉၉၅၀၁၅၀၀၁၅ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။