Apple Watch Series 4 ထက္ပိုေကာင္းတဲ့ ေဒၚလာ ၈၀ တန္ စမတ္နာရီ

[ Zawgyi ]

Huami ကထုတ္လုပ္တဲ့ Amazfit Bip စမတ္နာရီဟာ တစ္ခ်ိဳ႕က႑ေတြမွာ Apple Watch ထက္ေကာင္းမြန္ပါတယ္။

Amazfit Bip ဟာ Apple Watch ထက္သာလြန္တဲ့ အရာ ၄ခုရွိပါတယ္။ ပထမဆုံးအေနနဲ႔ Android ဖုနး္ေတြနဲ႔အျပင္ iPhone ေတြနဲ႔လည္း တြဲဖက္အသုံးျပဳႏိုင္ပါတယ္။ ဒုတိယအခ်က္ကေတာ့ Apple မွာမပါဝင္တဲ့ ႏွလုံးခုန္ႏႈန္းနဲ႔ အိပ္စက္ျခင္းကို တစ္ေနကုန္ တိုင္းတာႏုိင္တဲ့ feature ပါဝင္လာပါတယ္။ တတိယအခ်က္ကေတာ့ ေဈးသက္သာတာ ျဖစ္ပါတယ္။ ေနာက္ဆုံးအားသာခ်က္ကေတာ့ အားတစ္ခါသြင္းထားရင္ တစ္လအသုံးျပဳႏိုင္တာ ျဖစ္ပါတယ္။

Bip ကုိအေရာင္အမ်ိဳးမ်ိဳးနဲ႔ ေမာ္ဒယ္အမ်ိဳးမ်ိဳးထုတ္လုပ္ထားပါတယ္။ စမတ္နာရီရဲ႕အေလးခ်ိန္ကေတာ့ ၁.၁ေအာင္စရွိၿပီး အလင္းအားေကာင္းၿပီး transflective alway-on ၁.၂၈လက္မ display ပါဝင္လာပါတယ္။ ၂နာရီကေန ၅နာရီအထိ အားတစ္ခါသြင္းထားလုိက္ရင္ ရက္၃၀ တစ္လအထိ အသုံးျပဳႏိုင္ပါတယ္။

Bip မွာ ႏွလုံးခုန္ႏႈန္းတိုင္းတာမႈနဲ႔ built-in GPS ပါဝင္တဲ့ ေျခလွမ္းတိုင္းကုိ အခ်ိန္နဲ႔အမွ် တိက်စြာ တိုင္းတာႏိုင္ပါတယ္။ ဒါ့အျပင္ ခရီးအကြာအေဝး၊ ကယ္လိုရီေလာင္ကၽြမ္းမႈနဲ႔ အိပ္စက္တဲ့ပမာဏစတာေတြလညး္ တုိင္းတာေဖာ္ျပေပးႏိုင္ပါတယ္။ အထူးျပဳလုပ္ထားတဲ့ sport mode ေတြျဖစ္တဲ့ ေျပးတာ၊ ေျပးစက္ေပၚမွာ ေျပးတာ၊ စက္ဘီးစီးတာနဲ႔ လမ္းေလွ်ာက္တဲ့ လုပ္ငန္းစဥ္ေတြ ျပဳလုပ္တဲ့အခါ အေသးစိတ္အခ်က္အလက္ေတြကို ေဖာ္ျပေပးႏိုင္ပါတယ္။

ဖုန္းနဲ႔ ခ်ိတ္ဆက္ထားရင္ အီးေမးလ္ေတြ၊ SMS message ေတြနဲ႔ ဖုနး္ေခၚဆိုမႈအတြက္ သတိေပးခ်က္ေတြ ရရွိမွာျဖစ္သလုိ Facebook, Twitter, WhatsApp, LinkedIn, Snap, Slack, ရာသီဥတုခန္႔မွန္းခ်က္ေတြနဲ႔ အျခားမိုဘိုင္း app ေတြက သတိေပးခ်က္ေတြလညး္ ရရွိမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: BGR

[ Unicode ]

Huami ကထုတ်လုပ်တဲ့ Amazfit Bip စမတ်နာရီဟာ တစ်ချို့ကဏ္ဍတွေမှာ Apple Watch ထက်ကောင်းမွန်ပါတယ်။

Amazfit Bip ဟာ Apple Watch ထက်သာလွန်တဲ့ အရာ ၄ခုရှိပါတယ်။ ပထမဆုံးအနေနဲ့ Android ဖုနး်တွေနဲ့အပြင် iPhone တွေနဲ့လည်း တွဲဖက်အသုံးပြုနိုင်ပါတယ်။ ဒုတိယအချက်ကတော့ Apple မှာမပါဝင်တဲ့ နှလုံးခုန်နှုန်းနဲ့ အိပ်စက်ခြင်းကို တစ်နေကုန် တိုင်းတာနိုင်တဲ့ feature ပါဝင်လာပါတယ်။ တတိယအချက်ကတော့ ဈေးသက်သာတာ ဖြစ်ပါတယ်။ နောက်ဆုံးအားသာချက်ကတော့ အားတစ်ခါသွင်းထားရင် တစ်လအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

Bip ကိုအရောင်အမျိုးမျိုးနဲ့ မော်ဒယ်အမျိုးမျိုးထုတ်လုပ်ထားပါတယ်။ စမတ်နာရီရဲ့အလေးချိန်ကတော့ ၁.၁အောင်စရှိပြီး အလင်းအားကောင်းပြီး transflective alway-on ၁.၂၈လက်မ display ပါဝင်လာပါတယ်။ ၂နာရီကနေ ၅နာရီအထိ အားတစ်ခါသွင်းထားလိုက်ရင် ရက်၃၀ တစ်လအထိ အသုံးပြုနိုင်ပါတယ်။

Bip မှာ နှလုံးခုန်နှုန်းတိုင်းတာမှုနဲ့ built-in GPS ပါဝင်တဲ့ ခြေလှမ်းတိုင်းကို အချိန်နဲ့အမျှ တိကျစွာ တိုင်းတာနိုင်ပါတယ်။ ဒါ့အပြင် ခရီးအကွာအဝေး၊ ကယ်လိုရီလောင်ကျွမ်းမှုနဲ့ အိပ်စက်တဲ့ပမာဏစတာတွေလညး် တိုင်းတာဖော်ပြပေးနိုင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ sport mode တွေဖြစ်တဲ့ ပြေးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ စက်ဘီးစီးတာနဲ့ လမ်းလျှောက်တဲ့ လုပ်ငန်းစဉ်တွေ ပြုလုပ်တဲ့အခါ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးနိုင်ပါတယ်။

ဖုန်းနဲ့ ချိတ်ဆက်ထားရင် အီးမေးလ်တွေ၊ SMS message တွေနဲ့ ဖုနး်ခေါ်ဆိုမှုအတွက် သတိပေးချက်တွေ ရရှိမှာဖြစ်သလို Facebook, Twitter, WhatsApp, LinkedIn, Snap, Slack, ရာသီဥတုခန့်မှန်းချက်တွေနဲ့ အခြားမိုဘိုင်း app တွေက သတိပေးချက်တွေလညး် ရရှိမှာ ဖြစ်ပါတယ်။

Ref: BGR