Apple Watch အတြက္ Spotify app ကို တရားဝင္ျဖန္႔ခ်ိမည္

[ Zawgyi ]

လာမယ့္ရက္သတၱပတ္ အနည္းငယ္အတြင္း Apple Watch အတြက္ Spotify ကိုျဖန္႔ခ်ိသြားမယ္လို႔ ကုမၸဏီက ထုတ္ျပန္သြားခဲ့ပါတယ္။ Spotify ဟာ ႏိုဝင္ဘာလ အေစာပုိင္းက Apple Watch အတြက္ beta app ဗားရွင္းကို ျဖန္႔ခ်ိခဲ့အၿပီး အခုထုတ္ျပန္ခ်က္ ထြက္ေပၚ လာပါတယ္။

Apple Watch အတြက္ Spotify app ကိုတည္ေဆာက္ဖုိ႔ “Sonwy” developer ျဖစ္တဲ့ အန္ဒ႐ူးခ်မ္ရဲ႕အဖြဲ႕ကုိ Spotify က ငွားရမ္းခဲ့ပါတယ္။

Apple Watch အတြက္ျဖန္႔ခ်ိမယ့္ app မွာ အသုံးဝင္မယ့္ ခလုတ္ေတြနဲ႔ Spotify Connect ကတစ္ဆင့္ အျခားထုတ္ကုန္ေတြနဲ႔ စပီကာေတြနဲ႔ ခ်ိတ္ဆက္ႏို္င္မယ့္ စြမ္းရည္ ပါဝင္လာမယ္လို႔ Spotify ကေျပာခဲ့ပါတယ္။ Apple Watch ေပၚက Apple Music လိုပဲ Spotify အသုံးျပဳသူေတြအေနနဲ႔ Apple Watch ကိုသုံးစြဲၿပီး သီခ်င္းေတြကို play, pause, skip နဲ႔ rewind လုပ္ႏိုင္ပါမယ္။

ဒါ့အျပင္ Spotify သုံးစြဲသူေတြအေနနဲ႔ Apple Watch ေပၚမွာ မၾကာေသးခင္က နားေထာင္ထားတဲ့ သီခ်င္းေတြနဲ႔ စိတ္ႀကိဳက္ သီခ်င္းေတြကိုလညး္ နားေထာင္ႏိုင္ပါေသးတယ္။ Spotify အေနနဲ႔ Apple Watch ေပၚမွာ offline နားေထာင္ႏိုင္မယ့္ သီခ်င္းေတြနဲ႔ podcast ေတြကိုလည္း စီစဥ္ထားပါေသးတယ္။

Apple Watch အတြက္ Spotify app ကိုရယူဖို႔ သုံးစြဲသူအေနနဲ႔ Spotify iOS app (8.4.79) ေနာက္ဆုံးဗားရွင္းကုိ ရယူထားဖို႔ လိုအပ္ပါတယ္။ ဒါမွပဲ လာမယ့္အပတ္အတြင္း Apple Watch အတြက္ Spotify app ဗားရွင္းကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: MacRumors

[ Unicode ]

လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်း Apple Watch အတွက် Spotify ကိုဖြန့်ချိသွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန်သွားခဲ့ပါတယ်။ Spotify ဟာ နိုဝင်ဘာလ အစောပိုင်းက Apple Watch အတွက် beta app ဗားရှင်းကို ဖြန့်ချိခဲ့အပြီး အခုထုတ်ပြန်ချက် ထွက်ပေါ် လာပါတယ်။

Apple Watch အတွက် Spotify app ကိုတည်ဆောက်ဖို့ “Sonwy” developer ဖြစ်တဲ့ အန်ဒရူးချမ်ရဲ့အဖွဲ့ကို Spotify က ငှားရမ်းခဲ့ပါတယ်။

Apple Watch အတွက်ဖြန့်ချိမယ့် app မှာ အသုံးဝင်မယ့် ခလုတ်တွေနဲ့ Spotify Connect ကတစ်ဆင့် အခြားထုတ်ကုန်တွေနဲ့ စပီကာတွေနဲ့ ချိတ်ဆက်နို်င်မယ့် စွမ်းရည် ပါဝင်လာမယ်လို့ Spotify ကပြောခဲ့ပါတယ်။ Apple Watch ပေါ်က Apple Music လိုပဲ Spotify အသုံးပြုသူတွေအနေနဲ့ Apple Watch ကိုသုံးစွဲပြီး သီချင်းတွေကို play, pause, skip နဲ့ rewind လုပ်နိုင်ပါမယ်။

ဒါ့အပြင် Spotify သုံးစွဲသူတွေအနေနဲ့ Apple Watch ပေါ်မှာ မကြာသေးခင်က နားထောင်ထားတဲ့ သီချင်းတွေနဲ့ စိတ်ကြိုက် သီချင်းတွေကိုလညး် နားထောင်နိုင်ပါသေးတယ်။ Spotify အနေနဲ့ Apple Watch ပေါ်မှာ offline နားထောင်နိုင်မယ့် သီချင်းတွေနဲ့ podcast တွေကိုလည်း စီစဉ်ထားပါသေးတယ်။

Apple Watch အတွက် Spotify app ကိုရယူဖို့ သုံးစွဲသူအနေနဲ့ Spotify iOS app (8.4.79) နောက်ဆုံးဗားရှင်းကို ရယူထားဖို့ လိုအပ်ပါတယ်။ ဒါမှပဲ လာမယ့်အပတ်အတွင်း Apple Watch အတွက် Spotify app ဗားရှင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: MacRumors