Apple MacBook Air (2018)

တန္ဖိုး – ကန္ေဒၚလာ ၁၃၉၉.၉၉ (အေမဇုံ)

အားသာခ်က္

ပါးလႊာၿပီး ေပါ့ပါးတဲ့ဒီဇုိင္းနဲ႔ ထုတ္လုပ္ထားၿပီး ၾကည္လင္ျပတ္သားတဲ့ Retina Display ကို အသုံးျပဳထားပါတယ္။ သဘာဝ ပတ္ဝန္းက်င္နဲ႔ ကိုက္ညီမႈရွိတဲ့ အလူမီနီယံကုိယ္ထည္ကို အသုံးျပဳထားၿပီး အသံထြက္ပိုင္းကလည္း က်ယ္ေလာင္ေကာင္းမြန္မႈ ရွိမွာျဖစ္ပါတယ္။ Thunderbolt 3 ေပါက္နဲ႔ လုံၿခဳံေရးဆုိင္ရာ Touch ID စနစ္ေတြ ေထာက္ပံ့ပါဝင္တာက ဒီ Laptop ရဲ႕ အားသာခ်က္ေတြ ပဲျဖစ္ပါတယ္။

အားနည္းခ်က္

ၿပိဳင္ဘက္ေမာ္ဒယ္ေတြထက္စာရင္ စြမ္းေဆာင္ရည္ပုိင္း အနည္းငယ္ ေႏွးတယ္လို႔ဆိုရမွာပါ။ ေနာက္ၿပီး စတင္ေရာင္းခ်တဲ့ ေစ်းကေတာ့ နည္းနည္းမ်ားတယ္လို႔ ဆိုရမွာျဖစ္ၿပီး ဘက္ထရီနဲ႔ အသုံးျပဳမႈက ၿပိဳင္ဘက္ေမာ္ဒယ္ေတြနဲ႔ယွဥ္ရင္ နည္းတယ္လို႔ ခံစားရပါတယ္။

သံုးသပ္ခ်က္

Macbook Air အသစ္က သူ႔အရင္ေမာ္ဒယ္ေတြထက္ ပိုၿပီး upgrade ေတြ လုပ္ထားတယ္လို႔ ဆိုရမွာပါ။ Display ပိုင္းပိုေကာင္း လာသလို ဒီဇုိင္းပိုင္းလည္း ပိုၿပီးပါးလႊာေပါ့ပါးမႈရွိလာတယ္။ ပိုမိုေကာင္းမြန္လွတဲ့ Apple ရဲ႕ နည္းပညာေတြ ဒီ Laptop မွာ ေထာက္ပံ့ ပါဝင္လာတယ္။ ေနာက္တစ္ခု က Apple ရဲ႕ ေပါ့ပါးမႈစံအတုိင္း အလြယ္တကူ သယ္ယူအသုံးျပဳႏုိင္လာတယ္။ ျမန္ဆန္ေကာင္းမြန္တဲ့ SSD storage စနစ္၊ လုံၿခဳံေရးဆုိင္ရာ Touch ID sensor ေတြ၊ ေကာင္းမြန္လွတဲ့ အသံထြက္ပိုင္းေတြနဲ႔ ၁ဝဝ ရာခုိင္ႏႈန္း recycle အသုံးျပဳႏုိင္တဲ့ အလူမီနီယံ ကိုယ္ထည္ေတြက အထင္ႀကီးစရာပါ။ စြမ္းေဆာင္ရည္ပိုင္းကေတာ့ အမ်ဳိးအစားတူ Windwos PCs ေလာက္ေတာ့ မရွိႏုိင္ေပမယ့္ macOS အသုံးျပဳေနက်သူေတြ အတြက္ကေတာ့ ဒါက မေျပာပ ေလာက္တဲ့ ေလးလံမႈလို႔ ဆိုရမွာပါ။ အဓိက စဥ္းစားစရာျဖစ္ေစတာက သူ႔ရဲ႕ ေစ်းႏႈန္းက အနည္းငယ္မ်ားတယ္လို႔ခံစားရတာပါ။ Apple MacBook Air (2018) က စြမ္းေဆာင္ရည္ပိုင္းကို အမ်ားႀကီး မေမွ်ာ္လင့္ထားဘူးဆိုရင္ေတာ့ သြားေလရာမွာ လုပ္ငန္းေဆာင္တာေတြကို လုပ္ေဆာင္ဖို႔အတြက္၊ တစ္ကုိယ္ရည္ ေဖ်ာ္ေျဖမႈဆုိင္ရာေတြအတြက္ အဆင္ေျပလွတဲ့ Laptop တစ္လုံးပဲျဖစ္ပါတယ္။

လုပ္ေဆာင္ခ်က္

၁၃.၃ လက္မရွိတဲ့ Display က ႐ုပ္ထြက္အရည္အေသြးကို 2560×1600 pixel ထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ 8th Intel Core i5-8210Y processor ကို အသုံးျပဳထားၿပီး RAM 8GB နဲ႔ အခ်က္အလက္ သိုေလွာင္ႏုိင္မႈကေတာ့ 256GB SSD ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ Intel UHD Graphic 617 ေထာက္ပံ့ပါဝင္ၿပီး Touchpad ရဲ႕ အရြယ္အစားက ၄.၁x၃.ဝ လက္မရွိပါတယ္။ Wi-Fi 802.11ac နဲ႔ Bluetotoh 4.2 စနစ္ေတြ ေထာက္ပံ့ပါဝင္ၿပီး လုံၿခဳံေရးဆုိင္ရာ Touch ID စနစ္၊ Thunderbolt 3 ေပါက္၊ USB Type-C ေပါက္နဲ႔ နားၾကပ္ေပါက္ေတြ ပါဝင္ပါတယ္။

WiFi ခ်ိတ္ဆက္ၿပီး Screen Brithtness 150 nits နဲ႔ အြန္လုိင္း အဆက္မျပတ္ အသုံးျပဳမႈကို ဘက္ထရီနဲ႔ ၉ နာရီနဲ႔ ၃၂ မိနစ္ဝန္းက်င္ခန္႔ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ အေလးခ်ိန္ကေတာ့ ၁.၂၇ ကီလိုဂရမ္ (၂.၈ ေပါင္) ရွိမွာျဖစ္ပါတယ္။

Ref: www.laptopmag.com

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၁၃၉၉.၉၉ (အမေဇုံ)

အားသာချက်

ပါးလွှာပြီး ပေါ့ပါးတဲ့ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး ကြည်လင်ပြတ်သားတဲ့ Retina Display ကို အသုံးပြုထားပါတယ်။ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိတဲ့ အလူမီနီယံကိုယ်ထည်ကို အသုံးပြုထားပြီး အသံထွက်ပိုင်းကလည်း ကျယ်လောင်ကောင်းမွန်မှု ရှိမှာဖြစ်ပါတယ်။ Thunderbolt 3 ပေါက်နဲ့ လုံခြုံရေးဆိုင်ရာ Touch ID စနစ်တွေ ထောက်ပံ့ပါဝင်တာက ဒီ Laptop ရဲ့ အားသာချက်တွေ ပဲဖြစ်ပါတယ်။

အားနည်းချက်

ပြိုင်ဘက်မော်ဒယ်တွေထက်စာရင် စွမ်းဆောင်ရည်ပိုင်း အနည်းငယ် နှေးတယ်လို့ဆိုရမှာပါ။ နောက်ပြီး စတင်ရောင်းချတဲ့ စျေးကတော့ နည်းနည်းများတယ်လို့ ဆိုရမှာဖြစ်ပြီး ဘက်ထရီနဲ့ အသုံးပြုမှုက ပြိုင်ဘက်မော်ဒယ်တွေနဲ့ယှဉ်ရင် နည်းတယ်လို့ ခံစားရပါတယ်။

သုံးသပ်ချက်

Macbook Air အသစ်က သူ့အရင်မော်ဒယ်တွေထက် ပိုပြီး upgrade တွေ လုပ်ထားတယ်လို့ ဆိုရမှာပါ။ Display ပိုင်းပိုကောင်း လာသလို ဒီဇိုင်းပိုင်းလည်း ပိုပြီးပါးလွှာပေါ့ပါးမှုရှိလာတယ်။ ပိုမိုကောင်းမွန်လှတဲ့ Apple ရဲ့ နည်းပညာတွေ ဒီ Laptop မှာ ထောက်ပံ့ ပါဝင်လာတယ်။ နောက်တစ်ခု က Apple ရဲ့ ပေါ့ပါးမှုစံအတိုင်း အလွယ်တကူ သယ်ယူအသုံးပြုနိုင်လာတယ်။ မြန်ဆန်ကောင်းမွန်တဲ့ SSD storage စနစ်၊ လုံခြုံရေးဆိုင်ရာ Touch ID sensor တွေ၊ ကောင်းမွန်လှတဲ့ အသံထွက်ပိုင်းတွေနဲ့ ၁ဝဝ ရာခိုင်နှုန်း recycle အသုံးပြုနိုင်တဲ့ အလူမီနီယံ ကိုယ်ထည်တွေက အထင်ကြီးစရာပါ။ စွမ်းဆောင်ရည်ပိုင်းကတော့ အမျိုးအစားတူ Windwos PCs လောက်တော့ မရှိနိုင်ပေမယ့် macOS အသုံးပြုနေကျသူတွေ အတွက်ကတော့ ဒါက မပြောပ လောက်တဲ့ လေးလံမှုလို့ ဆိုရမှာပါ။ အဓိက စဉ်းစားစရာဖြစ်စေတာက သူ့ရဲ့ စျေးနှုန်းက အနည်းငယ်များတယ်လို့ခံစားရတာပါ။ Apple MacBook Air (2018) က စွမ်းဆောင်ရည်ပိုင်းကို အများကြီး မမျှော်လင့်ထားဘူးဆိုရင်တော့ သွားလေရာမှာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့အတွက်၊ တစ်ကိုယ်ရည် ဖျော်ဖြေမှုဆိုင်ရာတွေအတွက် အဆင်ပြေလှတဲ့ Laptop တစ်လုံးပဲဖြစ်ပါတယ်။

လုပ်ဆောင်ချက်

၁၃.၃ လက်မရှိတဲ့ Display က ရုပ်ထွက်အရည်အသွေးကို 2560×1600 pixel ထိ ထောက်ပံ့ပေးနိုင်ပါတယ်။ 8th Intel Core i5-8210Y processor ကို အသုံးပြုထားပြီး RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 256GB SSD ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ Intel UHD Graphic 617 ထောက်ပံ့ပါဝင်ပြီး Touchpad ရဲ့ အရွယ်အစားက ၄.၁x၃.ဝ လက်မရှိပါတယ်။ Wi-Fi 802.11ac နဲ့ Bluetotoh 4.2 စနစ်တွေ ထောက်ပံ့ပါဝင်ပြီး လုံခြုံရေးဆိုင်ရာ Touch ID စနစ်၊ Thunderbolt 3 ပေါက်၊ USB Type-C ပေါက်နဲ့ နားကြပ်ပေါက်တွေ ပါဝင်ပါတယ်။

WiFi ချိတ်ဆက်ပြီး Screen Brithtness 150 nits နဲ့ အွန်လိုင်း အဆက်မပြတ် အသုံးပြုမှုကို ဘက်ထရီနဲ့ ၉ နာရီနဲ့ ၃၂ မိနစ်ဝန်းကျင်ခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်ကတော့ ၁.၂၇ ကီလိုဂရမ် (၂.၈ ပေါင်) ရှိမှာဖြစ်ပါတယ်။

Ref: www.laptopmag.com