Apple iPhone XR နေရာဆက်ခံမယ့် မျိုးဆက်သစ်ဖုန်းရဲ့ LTE စွမ်းဆောင်ရည် ပိုမိုကောင်းမွန်

[ Zawgyi ]



စိုးထက်
Ref: GSMArena

[ Unicode ]

ဈေးနှုန်းသက်သာတဲ့ iPhone XR မှာ IPS display နဲ့ ကျောဘက်ကင်မရာတစ်လုံး ပါဝင်သလို LTE မြန်နှုန်းကလည်း iPhone XS နဲ့ XS Max ထက်နိမ့်ပါတယ်။ မျိုးဆက်သစ် iPhone XR မှာတော့ LTE စွမ်းဆောင်ရည် ပိုမို မြန်ဆန်လာမယ်လို့ Barclays သုတေသနမှတ်စုအရ သိရပါတယ်။

အသစ်ထွက်ရှိလာမယ့် တန်ဖိုးနည်း iPhone မှာ 4×4 MIMO antenna ဒီဇိုင်း ပါဝင်လာတဲ့အတွက် LTE နဲ့ အချက်အလက်လွှဲပြောင်းမှုနှုန်း မြန်ဆန်လာပါတယ်။ လက်ရှိတန်ဖိုးကြီး iPhone XS နဲ့ XS Max မှာ Gigabit-class LTE နဲ့ 4×4 MIMO antenna အသုံးပြုထားပါတယ်။ လက်ရှိ iPhone XR မှာတော့ 2×2 MIMO setu အသုံးပြုထားတယ်လို့ သိရပါတယ်။

Ref: GSMArena