August 19, 2018

Apple HomePod မဝယ္ယူခင္ သိသင့္တဲ့ အခ်က္ (၅) ခ်က္

စပီကာမွာပါဝင္တဲ့ Siri ဟာ iPhone, Apple Watch နဲ႔ Mac ကေန ျပဳလုပ္ႏိုင္တဲ့ လုပ္ေဆာင္ခ်က္အမ်ားစုကုိ မလုပ္ေဆာင္ႏိုင္ပါဘူး။ Apple အေနနဲ႔ HomePod ကို ႏွစ္ေပါင္းမ်ားစြာဖန္တီးခဲ့ၿပီး ေၾကညာထားတာထက္ ေနာက္က်ၿပီးမွ ေရာင္းခ်ႏုိင္ခဲ့ပါတယ္။

HomePod ရဲ႕အသံပုိင္းဆိုင္ရာက အျခားစပီကာေတြထက္ ပိုမိုေကာင္းမြန္ေပးမယ့္ Apple နည္းပညာအားလုံးကုိ အသုံးျပဳတဲ့လူေတြပဲ အသုံးျပဳသင့္ပါတယ္။ HomPod အသုံးျပဳဖို႔ iPhone နဲ႔ လစဥ္ေၾကး ၁၀ ေဒၚလာေပးသြင္းရတဲ့ Apple Music လိုအပ္ၿပီး သုံးစြဲသူရဲ႕အသံနဲ႔ ထိန္းခ်ဳပ္ႏိုင္တဲ့ တစ္ခုတည္းေသာ ဝန္ေဆာင္မႈျဖစ္ပါတယ္။ HomePod ကို သာမန္ Bluetooth စပီကာအျဖစ္ အသုံးျပဳလို႔မရပါဘူး။ ဒါေၾကာင့္ HomePod မဝယ္ယူခင္ သိထားသင့္တဲ့ အခ်က္ (၅) ခ်က္ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) HomePod ဟာ အသံပုိင္းဆုိင္ရာေကာင္းမြန္ေပမယ့္ Sonos One စပီကာေလာက္ ေကာင္းမြန္ျခင္း မရွိပါဘူး

Apple ရဲ႕ HomePod ကို ေဒၚလာ ၁၀၀ တန္ Alexa ပါဝင္တဲ့ ဒုတိယမ်ိဳးဆက္ Amazon Echo, Google Assistant ပါဝင္တဲ့ ေဒၚလာ ၄၀၀ တန္ Google Home Max, ေဒၚလာ ၂၀၀ တန္ Sonos One တို႔နဲ႔ ႏိႈင္းယွဥ္စမ္းသပ္ခဲ့ပါတယ္။

Amazon Echo နဲ႔ Apple HomePod ဟာ ေဈးႏႈန္းအျပင္ အရည္အေသြးပုိင္းလည္း ကြာျခားပါတယ္။ Echo ဟာ HomePod နဲ႔ယွဥ္ရင္ အသံပုိင္း အားနည္းသြားပါတယ္။

ထုတ္ကုန္ေတြကို ႏိႈင္းယွဥ္စမ္းသပ္တဲ့အခါမွာ ရလဒ္ေတြက ကြဲျပားမႈရွိပါတယ္။ HomePod က Sonos ထက္ bass အသံပိုမ်ားပါတယ္။ Sonos ဟာ အလယ္အလတ္အသံေတြကုိ ထင္ထင္ရွားရွား ၾကားရပါတယ္။ Google Home Max ဟာ HomePod ထက္ အခန္းအတြင္း အသံပ်ံ႕ႏွံ႔မႈ အားေကာင္းေပမယ့္ bass အသံပိုင္းဆုိင္ရာမွာ ၾကည္လင္မႈမရွိပါဘူး။

အသံပိုင္းဆိုင္ရာထဲမွာ Sonos One က အနည္းငယ္ သာလြန္ပါတယ္။ HomePod ေဈးႏႈန္းအတိုင္း ေဒၚလာ ၃၅၀ နဲ႔ Sonos One စပီကာႏွစ္လုံးဝယ္ယူႏိုင္ပါတယ္။ Sonos One စပီကာႏွစ္လုံးဟာ သီးသန္႔ စပီကာတစ္လုံးထက္ အသံပိုင္းဆိုင္ရာ ေကာင္းမြန္ပါတယ္။

(၂) HomePod Siri ဟာ အေကာင္းဆုံး မဟုတ္ပါ

Siri ဟာ ေတးဂီတနဲ႔ပတ္သက္ရင္ သုံးစြဲရ အလြန္အဆင္ေျပပါတယ္။ သီခ်င္းေတြကို ရွာေဖြၿပီး playlist ေတြ အမ်ိဳးမ်ိဳးျပဳလုပ္ႏိုင္သလို သီခ်င္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြကိုလည္း ေဖာ္ျပေပးပါတယ္။
ဒါေပမဲ့ HomePod မွာပါဝင္တဲ့ Siri ဟာ assistant လုပ္ေဆာင္ခ်က္နဲ႔ပတ္သက္ၿပီး ႐ုန္းကန္ေနရပါတယ္။ Google Assistant လိုမ်ိဳး အေျခခံသတင္းအခ်က္အလက္ကုိ မေျဖရွင္းႏိုင္သလို တစ္ခုထက္ပုိတဲ့ timer ေတြကို မသတ္မွတ္ထားပါဘူး။

ဒါ့အျပင္ HomePod မွာပါဝင္တဲ့ Siri က ဖုန္းေခၚဆိုမႈမလုပ္ႏိုင္သလို calendar ၾကည့္တာ ဒါမွမဟုတ္ Uber တကၠစီေခၚတာေတြ မျပဳလုပ္ႏိုင္ပါဘူး။ Messaging နဲ႔ပတ္သက္တဲ့ third-party app ေတြ၊ မွတ္စုမွတ္တာ ဒါမွမဟုတ္ စာရင္းမွတ္တာေတြကို HomePod မွာျပဳလုပ္ႏိုင္ပါတယ္။

စမတ္အိမ္တည္ေဆာက္ေနတယ္ဆိုရင္ HomePod ဟာ မီးအလင္းေရာင္ေတြ၊ တံခါးေတြနဲ႔ အပူခ်ိန္ညိႇကိရိယာေတြကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ဒါေပမဲ့ Apple ရဲ႕ HomeKit ဟာ ထုတ္ကုန္တခ်ိဳ႕နဲ႔ပဲ အသုံးျပဳႏိုင္ပါတယ္။ ဥပမာ Google ရဲ႕ နာမည္ေက်ာ္ Nest အပူခ်ိန္ညိႇကိရိယာနဲ႔ အသုံးမျပဳႏုိင္ဘူး။

(၃) HomePod မွာ မိုက္က႐ိုဖုန္းကိုပိတ္ဖို႔ ခလုတ္မပါဝင္ပါ

Amazon ရဲ႕ Echo စပီကာေတြကို မိုက္က႐ိုဖုနး္ေတြကုိ mute လုပ္ႏိုင္တဲ့ ခလုတ္ပါဝင္ပါတယ္။ Apple ရဲ႕ HomePod မွာ မပါဝင္ပါဘူး။ ဒါေပမဲ့ Siri ကိုအမိန္႔ေပးၿပီး HomPod ကုိ ပိတ္ႏို္္င္ပါတယ္။ သီခ်င္းေတြ ျပန္လည္ နားေထာင္ဖို႔အတြက္ စပီကာထိပ္ဘက္ကုိ tap လုပ္ႏိုင္သလို ဖုန္းက app ကုိလည္း အသုံးျပဳႏိုင္ပါတယ္။

HomePod ကို iPhone တစ္ခုတည္းနဲ႔ အသုံးျပဳႏိုင္သလို မိသားစုတစ္ခုလုံး ေဝမွ်အသုံးျပဳႏိုင္ပါတယ္။ iPhone နဲ႔ HomePod setup ျပဳလုပ္စဥ္မွာ Apple က HomePod ကိုအသုံးျပဳဖို႔ ဘယ္သူကိုမဆို message ေတြ ေပးပို႔တာနဲ႔ ဖတ္႐ႈတာေတြ ခြင့္ျပဳခ်က္ ေပး၊ မေပးနဲ႔ reminder ေတြထည့္သြင္းတာ၊ မွတ္စုေတြဖန္တီးတာေတြ ျပဳလုပ္ခြင့္ေပး၊ မေပးစတာေတြ ေမးျမန္းမွာျဖစ္တဲ့အတြက္ စိတ္ညစ္ညဴးေစႏိုင္ပါတယ္။

(၄) HomPod ႏွစ္ခုကို ခ်ိတ္ဆက္ႏိုင္ျခင္း မရွိေသးပါ

Apple အေနနဲ႔ Sonos လိုမ်ိဳး ၿပိဳင္ဘက္ေတြနဲ႔ ယွဥ္ၿပိဳင္ဖို႔ HomePod စြမ္းေဆာင္ရည္ကုိ အၿပီးမသတ္ႏိုင္ေသးပါဘူး။ HomePod ႏွစ္လုံးကုိ stereo pair အျဖစ္ ခ်ိတ္ဆက္ႏို္င္တဲ့ စြမ္းေဆာင္ရည္ဟာ ဒီႏွစ္ေႏွာင္းပိုင္းမွပဲ ပါဝင္လာမွာ ျဖစ္ပါတယ္။

Apple ရဲ႕ AirPlay software နဲ႔သုံးစြဲသူက အခန္းတစ္ခုအတြင္းေရာက္ နားေထာင္ခ်င္တဲ့ သီခ်င္းကို Siri ဆီမွာ ေတာင္းဆိုႏိုင္ပါတယ္။ ဒါမွမဟုတ္ ေနရာတိုင္းမွာ ေတးဂီတတစ္မ်ိဳးတည္းဖြင့္တဲ့ “party mode” တစ္ခုလညး္ ပါဝင္လာပါတယ္။

(၅) HomePod မွာ Siri အားနည္းခ်က္ရွိပါတယ္

HomePod က Siri ကုိအသုံးျပဳတဲ့အခ်ိန္တိုင္းမွာ ၂၀ ရာခိုင္ႏႈန္းေလာက္က Apple Watch ဒါမွမဟုတ္ iPhone က Siri အေၾကာင္းျပန္တာနဲ႔ ႀကဳံေတြ႕ရပါတယ္။ သီခ်င္းတစ္ပုဒ္ကိုဖြင့္ဖုိ႔ Siri ကုိအမိန္႔ေပးတဲ့အခါမွာ အဲ့ဒီသီခ်င္းက HomePod နဲ႔ iPhone တို႔ကေန တစ္ၿပိဳင္တည္း ပြင့္လာပါတယ္။ အဲဒီျပႆနာနဲ႔ပတ္သက္ၿပီး software update ျဖန္႔ခ်ိေပးသြားမယ္လို႔ Apple ကေျပာထားပါတယ္။

စိုးထက္
Ref: WashingtonPost

Apple HomePod မဝယ်ယူခင် သိသင့်တဲ့ အချက် (၅) ချက်

စပီကာမှာပါဝင်တဲ့ Siri ဟာ iPhone, Apple Watch နဲ့ Mac ကနေ ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်အများစုကို မလုပ်ဆောင်နိုင်ပါဘူး။ Apple အနေနဲ့ HomePod ကို နှစ်ပေါင်းများစွာဖန်တီးခဲ့ပြီး ကြေညာထားတာထက် နောက်ကျပြီးမှ ရောင်းချနိုင်ခဲ့ပါတယ်။

HomePod ရဲ့အသံပိုင်းဆိုင်ရာက အခြားစပီကာတွေထက် ပိုမိုကောင်းမွန်ပေးမယ့် Apple နည်းပညာအားလုံးကို အသုံးပြုတဲ့လူတွေပဲ အသုံးပြုသင့်ပါတယ်။ HomPod အသုံးပြုဖို့ iPhone နဲ့ လစဉ်ကြေး ၁၀ ဒေါ်လာပေးသွင်းရတဲ့ Apple Music လိုအပ်ပြီး သုံးစွဲသူရဲ့အသံနဲ့ ထိန်းချုပ်နိုင်တဲ့ တစ်ခုတည်းသော ဝန်ဆောင်မှုဖြစ်ပါတယ်။ HomePod ကို သာမန် Bluetooth စပီကာအဖြစ် အသုံးပြုလို့မရပါဘူး။ ဒါကြောင့် HomePod မဝယ်ယူခင် သိထားသင့်တဲ့ အချက် (၅) ချက်ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) HomePod ဟာ အသံပိုင်းဆိုင်ရာကောင်းမွန်ပေမယ့် Sonos One စပီကာလောက် ကောင်းမွန်ခြင်း မရှိပါဘူး

Apple ရဲ့ HomePod ကို ဒေါ်လာ ၁၀၀ တန် Alexa ပါဝင်တဲ့ ဒုတိယမျိုးဆက် Amazon Echo, Google Assistant ပါဝင်တဲ့ ဒေါ်လာ ၄၀၀ တန် Google Home Max, ဒေါ်လာ ၂၀၀ တန် Sonos One တို့နဲ့ နှိုင်းယှဉ်စမ်းသပ်ခဲ့ပါတယ်။

Amazon Echo နဲ့ Apple HomePod ဟာ ဈေးနှုန်းအပြင် အရည်အသွေးပိုင်းလည်း ကွာခြားပါတယ်။ Echo ဟာ HomePod နဲ့ယှဉ်ရင် အသံပိုင်း အားနည်းသွားပါတယ်။

ထုတ်ကုန်တွေကို နှိုင်းယှဉ်စမ်းသပ်တဲ့အခါမှာ ရလဒ်တွေက ကွဲပြားမှုရှိပါတယ်။ HomePod က Sonos ထက် bass အသံပိုများပါတယ်။ Sonos ဟာ အလယ်အလတ်အသံတွေကို ထင်ထင်ရှားရှား ကြားရပါတယ်။ Google Home Max ဟာ HomePod ထက် အခန်းအတွင်း အသံပျံ့နှံ့မှု အားကောင်းပေမယ့် bass အသံပိုင်းဆိုင်ရာမှာ ကြည်လင်မှုမရှိပါဘူး။

အသံပိုင်းဆိုင်ရာထဲမှာ Sonos One က အနည်းငယ် သာလွန်ပါတယ်။ HomePod ဈေးနှုန်းအတိုင်း ဒေါ်လာ ၃၅၀ နဲ့ Sonos One စပီကာနှစ်လုံးဝယ်ယူနိုင်ပါတယ်။ Sonos One စပီကာနှစ်လုံးဟာ သီးသန့် စပီကာတစ်လုံးထက် အသံပိုင်းဆိုင်ရာ ကောင်းမွန်ပါတယ်။

(၂) HomePod Siri ဟာ အကောင်းဆုံး မဟုတ်ပါ

Siri ဟာ တေးဂီတနဲ့ပတ်သက်ရင် သုံးစွဲရ အလွန်အဆင်ပြေပါတယ်။ သီချင်းတွေကို ရှာဖွေပြီး playlist တွေ အမျိုးမျိုးပြုလုပ်နိုင်သလို သီချင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ဖော်ပြပေးပါတယ်။
ဒါပေမဲ့ HomePod မှာပါဝင်တဲ့ Siri ဟာ assistant လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ရုန်းကန်နေရပါတယ်။ Google Assistant လိုမျိုး အခြေခံသတင်းအချက်အလက်ကို မဖြေရှင်းနိုင်သလို တစ်ခုထက်ပိုတဲ့ timer တွေကို မသတ်မှတ်ထားပါဘူး။

ဒါ့အပြင် HomePod မှာပါဝင်တဲ့ Siri က ဖုန်းခေါ်ဆိုမှုမလုပ်နိုင်သလို calendar ကြည့်တာ ဒါမှမဟုတ် Uber တက္ကစီခေါ်တာတွေ မပြုလုပ်နိုင်ပါဘူး။ Messaging နဲ့ပတ်သက်တဲ့ third-party app တွေ၊ မှတ်စုမှတ်တာ ဒါမှမဟုတ် စာရင်းမှတ်တာတွေကို HomePod မှာပြုလုပ်နိုင်ပါတယ်။

စမတ်အိမ်တည်ဆောက်နေတယ်ဆိုရင် HomePod ဟာ မီးအလင်းရောင်တွေ၊ တံခါးတွေနဲ့ အပူချိန်ညှိကိရိယာတွေကို ထိန်းချုပ်နိုင်ပါတယ်။ ဒါပေမဲ့ Apple ရဲ့ HomeKit ဟာ ထုတ်ကုန်တချို့နဲ့ပဲ အသုံးပြုနိုင်ပါတယ်။ ဥပမာ Google ရဲ့ နာမည်ကျော် Nest အပူချိန်ညှိကိရိယာနဲ့ အသုံးမပြုနိုင်ဘူး။

(၃) HomePod မှာ မိုက်ကရိုဖုန်းကိုပိတ်ဖို့ ခလုတ်မပါဝင်ပါ

Amazon ရဲ့ Echo စပီကာတွေကို မိုက်ကရိုဖုနး်တွေကို mute လုပ်နိုင်တဲ့ ခလုတ်ပါဝင်ပါတယ်။ Apple ရဲ့ HomePod မှာ မပါဝင်ပါဘူး။ ဒါပေမဲ့ Siri ကိုအမိန့်ပေးပြီး HomPod ကို ပိတ်နို််င်ပါတယ်။ သီချင်းတွေ ပြန်လည် နားထောင်ဖို့အတွက် စပီကာထိပ်ဘက်ကို tap လုပ်နိုင်သလို ဖုန်းက app ကိုလည်း အသုံးပြုနိုင်ပါတယ်။

HomePod ကို iPhone တစ်ခုတည်းနဲ့ အသုံးပြုနိုင်သလို မိသားစုတစ်ခုလုံး ဝေမျှအသုံးပြုနိုင်ပါတယ်။ iPhone နဲ့ HomePod setup ပြုလုပ်စဉ်မှာ Apple က HomePod ကိုအသုံးပြုဖို့ ဘယ်သူကိုမဆို message တွေ ပေးပို့တာနဲ့ ဖတ်ရှုတာတွေ ခွင့်ပြုချက် ပေး၊ မပေးနဲ့ reminder တွေထည့်သွင်းတာ၊ မှတ်စုတွေဖန်တီးတာတွေ ပြုလုပ်ခွင့်ပေး၊ မပေးစတာတွေ မေးမြန်းမှာဖြစ်တဲ့အတွက် စိတ်ညစ်ညူးစေနိုင်ပါတယ်။

(၄) HomPod နှစ်ခုကို ချိတ်ဆက်နိုင်ခြင်း မရှိသေးပါ

Apple အနေနဲ့ Sonos လိုမျိုး ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့ HomePod စွမ်းဆောင်ရည်ကို အပြီးမသတ်နိုင်သေးပါဘူး။ HomePod နှစ်လုံးကို stereo pair အဖြစ် ချိတ်ဆက်နို်င်တဲ့ စွမ်းဆောင်ရည်ဟာ ဒီနှစ်နှောင်းပိုင်းမှပဲ ပါဝင်လာမှာ ဖြစ်ပါတယ်။

Apple ရဲ့ AirPlay software နဲ့သုံးစွဲသူက အခန်းတစ်ခုအတွင်းရောက် နားထောင်ချင်တဲ့ သီချင်းကို Siri ဆီမှာ တောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် နေရာတိုင်းမှာ တေးဂီတတစ်မျိုးတည်းဖွင့်တဲ့ “party mode” တစ်ခုလညး် ပါဝင်လာပါတယ်။

(၅) HomePod မှာ Siri အားနည်းချက်ရှိပါတယ်

HomePod က Siri ကိုအသုံးပြုတဲ့အချိန်တိုင်းမှာ ၂၀ ရာခိုင်နှုန်းလောက်က Apple Watch ဒါမှမဟုတ် iPhone က Siri အကြောင်းပြန်တာနဲ့ ကြုံတွေ့ရပါတယ်။ သီချင်းတစ်ပုဒ်ကိုဖွင့်ဖို့ Siri ကိုအမိန့်ပေးတဲ့အခါမှာ အဲ့ဒီသီချင်းက HomePod နဲ့ iPhone တို့ကနေ တစ်ပြိုင်တည်း ပွင့်လာပါတယ်။ အဲဒီပြဿနာနဲ့ပတ်သက်ပြီး software update ဖြန့်ချိပေးသွားမယ်လို့ Apple ကပြောထားပါတယ်။

စိုးထက်
Ref: WashingtonPost