Apple Air Print Feature ပါဝင်တဲ့ ရုံးသုံး All in One Printer

HP OfficeJet Pro 8720 All-in-One Printer ကတော့ Auto Duplex (ကျောကပ်) ပါရှိပြီး Printing Speed အနေနဲ့ တစ်မိနစ် စာမျက်နှာ ၂၄ မျက်နှာ ထုတ်နိုင်ပါတယ်။ ADF မှာ စာရွက်ရေ အများဆုံး ၅၀ အထိ ထည့်သွင်း အသုံးပြုနိုင်တာကြောင့် Scanning ဖတ်ခြင်း၊ Copying လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းတွေကို လျင်မြန်စွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Legal Size ကို Scanning လုပ်တဲ့နေရာမှာလဲ ADF ကနေသာမက Flatbed ကနေပါ အသုံးပြုကာ Scanning ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

၎.၃ လက်မအရွယ်ရှိတဲ့ color touchscreen ပါရှိပါတယ်။ Wireless Direct Printing Feature ပါရှိတဲ့အတွက် Router ခံနေစရာမလိုဘဲ Mobile Devices များ၊ ကွန်ပျူတာများနဲ့ တိုက်ရိုက် Print out / Scanning လုပ်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။ NFC (Near Field Communication) Feature လည်းပါဝင်တာကြောင့် NFC Support လုပ်တဲ့ Mobile Devices များမှလည်း Touch to Print လုပ်ယူပြီး တိုက်ရိုက် Print out ထုတ်နိုင်မှာဖြစ်ပါတယ်။

Mobile Printing တွေကို HP ePrint Application နဲ့ Printing ပြုလုပ်နိုင်သလို Apple Air Print Feature လည်းပါဝင်ပါတယ်။ Walk-up USB Port ပါရှိတဲ့အတွက် Memory Flash Drive များ ၊ External Storage Devices များနဲ့လည်း ချိတ်ဆက်ကာ Print ထုတ်ခြင်း Scan ဖတ်ခြင်းတွေကို ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ အာမခံသက်တမ်း တစ်နှစ်ဖြစ်ပြီး တန်ဖိုး ကန်ဒေါ်လာ ၄၁၀ နဲ့ HP Printer ရောင်းချတဲ့ Dealer ဆိုင်ကြီးများမှာ ဝယ်ယူရရှိနိုင်ပါတယ်။