Apple ရဲ့ iCloud နာရီ အနည်းငယ်အကြာ ပြတ်တောက်မှုဖြစ်ပွားခဲ့

[ Zawgyi ]




စိုးထက်
Ref: TheVerge

[ Unicode ]

Facebook ရဲ့ ပြတ်တောက်မှု ပြီးဆုံးပြီးနောက် Apple ရဲ့ iCloud စနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။ Apple ဟာ iCloud ဝန်ဆောင်မှုတွေအားလုံး နာရီအနည်းငယ်အကြာ ပြတ်တောက်ပြီးနောက် အခုဆိုရင် ပုံမှန်အတိုင်း ပြန်လည်ရရှိသွားပါပြီ။

Apple အနေနဲ့ အခုပြတ်တောက်မှုနဲ့ပတ်သက်ပြီး အသေးစိတ်ကို မဖော်ပြပေမယ့် သုံးစွဲသူအနည်းငယ်ပဲ ထိခိုက်ခဲ့တယ်လို့ ကုမ္ပဏီရဲ့ ထောက်ပံ့မှုစာမျက်နှာမှာ ဖော်ပြသွားပါတယ်။ iCloud sign in, Backup, Calendar, Contacts, Mail, Keychain, iCloud Drive file storage, iWork, Photos, Notes, Reminders, Find My iPhone နဲ့အခြားဝန်ဆောင်မှုတွေလည်း ထိခိုက်ခဲ့ပါတယ်။

iCloud ပြတ်တောက်မှုဟာ တတိယမြောက် အကြီးဆုံး နည်းပညာပြတ်တောက်မှု ဖြစ်လာပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ Gmail နဲ့ Google Drive ပြတ်တောက်မှုတွေဖြစ်ပွားခဲ့သလို မနေ့ကလည်း ဆာဗာစနစ်အပြောင်းအလဲအတွင်း Facebook, WhatsApp နဲ့ Instagram ပြတ်တောက်ခဲ့ပါသေးတယ်။

Ref: TheVerge