Apple ရဲ့ FaceTime အားနည်းချက်ကို အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးတွေ့ရှိခဲ့




စိုးထက်
Ref: CNN

[ Unicode ]

အသက် ၁၄ နှစ်အရွယ်ရှိ ဂရန့်သောမ်ဆင်ဟာ ကျောင်းကနေ အိမ်ပြန်ပြီးနောက် သူငယ်ချင်းတွေနဲ့ ဂိမ်းကစားနေစဉ်မှာ အရေးပါတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒီတွေ့ရှိချက်ဟာ Apple ရဲ့ FaceTime tool ထဲအားနည်းချက်ဖြစ်ပြီး iPhone ကို ခိုးယူနားထောင်တဲ့ ကိရိယာအဖြစ် အသွင်းပြောင်းလဲနိုင်ပါတယ်။

အဲဒီတွေ့ရှိမှုအပြီး တစ်ပတ်အကြာမှာ အခြားသုံးစွဲသူတွေကလည်း bug ကိုတွေ့ပြီးနောက် Apple ဟာ Group FaceTime feature ကိုဖြုတ်ချခဲ့ပြီး လူမှုရေးမီဒီယာမှာ ဗီဒီယိုတွေတင်ခဲ့ပါတယ်။

Apple ဟာ အဲဒီပြဿနာကို ပြင်ဆင်ဖို့ ကြိုးစားနေတယ်လို့ CNN Business ကပြောခဲ့ပြီး လာမယ့်အပတ်အတွင်း software update တစ်ခုကို ဖြန့်ချိဖို့ စီစဉ်နေပါတယ်။

Ref: CNN