Apple ရဲ့ App Store စာရင်းမှာ Alexa ကို setup လုပ်ပေးတဲ့ app အတု ထိပ်ဆုံးနေရာမှာ ရပ်တည်နေ
[ Zawgyi ]
စိုးထက်
Ref: Engadget
[ Unicode ]
Apple ရဲ့ App Store စာရင်းတွေမှာ Alexa setup app အတုဟာ ရပ်တည်နေပါတယ်။ အဲဒီ app ကို One World Software အမည်ရ ကုမ္ပဏီတစ်ခုက ဖန်တီးခဲ့ပြီး app အမည်က “Setup for Amazon Alexa” ဖြစ်တယ်လို့ 9to5Mac က ထောက်ပြခဲ့ပါတယ်။ One World Software ကုမ္ပဏီဟာ App Store အတွင်းမှာ အခြား app အတုနှစ်ခုကို ဖြန့်ချိထားပါသေးတယ်။ အဲဒီ app ဟာ “Top Free” app တွေစာရင်းမှာ ရ၅ နဲ့ ထိပ်တန်အသုံးဝင်ဆုံး app တွေစာရင်းမှာ နံပါတ် ၆ နေရာ ရပ်တည်နေပါတယ်။
သုံးစွဲသူအနေနဲ့ Setup for Amazon Alexa ဆိုတဲ့ app ကိုဖွင့်လိုက်ရင် IP လိပ်စာကိုနဲ့ ထုတ်ကုန်ရဲ့ serial နံပါတ်ကို တောင်းဆိုခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Alexa ထုတ်ကုန်သစ် ဝယ်ယူသူတိုင်း အခု app အတုကို ရှောင်ရှားသင့်ပါတယ်။
Ref: Engadget