Apple ရဲ့ရောင်းအားအကောင်းဆုံး ဖုန်းမှာ iPhone XR ဖြစ်ဟု ကုမ္ပဏီအမှုဆောင်တစ်ဦး ပြောကြား
[ Zawgyi ]
ဒါ့အပြင် Apple ဟာ ကမ္ဘာလုံးဆိုင်ရာ AIDS အထိမ်းအမှတ်နေ့အတွက် ဒီဇင်ဘာလ ၁ ရက်ကနေ ၇ ရက်အထိ Apple Store app ဒါမှမဟုတ် Apple Store မှာ Apple Pay နဲ့ ဝယ်ယူမှုတိုင်းအတွက် ၁ ဒေါ်လာ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်၊ ကမ္ဘာလုံးဆိုင်ရာ AIDS အထိမ်းအမှတ်နေ့ Apple Store လိုဂိုတွေကို အနီရောင်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
စိုးထက်
Ref: CNET
[ Unicode ]
Apple iPhone XR ဟာ ပြီးခဲ့တဲ့လက ဈေးကွက်ကို ရောက်လာခဲ့ပြီး အရောင်အသွေးစုံပြီး ဈေးသက်သာတာကြောင့် iPhone XS နဲ့ iPhone XS Max တို့ထက် ရောင်းအားကောင်းနေပါတယ်။
iPhone XR ဟာ နေ့စဉ်နေ့တိုင်း အလွန်ရေပန်းစားတဲ့ iPhone ဖြစ်တယ်လို့ Apple ထုတ်ကုန်ဈေးကွက်ရှာဖွေရေး ဒုဥက္ကဋ္ဌ Greg Joswiak က အင်တာဗျူးမှာ CNET ကိုပြောခဲ့ပါတယ်။
Apple အနေနဲ့ စက်တင်ဘာလလယ်မှ iPhone သစ် ၃ မျိုးကို ပြသခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်မှာ iPhone XS ကို ၉၉၉ ဒေါ်လာနဲ့ iPhone XS Max ကို ဒေါ်လာ ၁,၀၉၉ နဲ့ စတင် ရောင်းချပေးခဲ့ပါတယ်။ နောက်တစ်လအကြာ အောက်တိုဘာလ ၂၆ ရက်မှာတော့ ဒေါ်လာ ရ၄၉ တန် iPhone XR ကို စတင်ရောင်းချခဲ့ပါတယ်။
ဒါ့အပြင် Apple ဟာ ကမ႓ာလုံးဆိုင်ရာ AIDS အထိမ်းအမှတ်နေ့အတွက် ဒီဇင်ဘာလ ၁ ရက်ကနေ ရ ရက်အထိ Apple Store app ဒါမှမဟုတ် Apple Store မှာ Apple Pay နဲ့ ဝယ်ယူမှုတိုင်းအတွက် ၁ ဒေါ်လာ လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁ ရက်၊ ကမ႓ာလုံးဆိုင်ရာ AIDS အထိမ်းအမှတ်နေ့ Apple Store လိုဂိုတွေကို အနီရောင်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
Apple ဟာ iPhone တွေစတင်ရောင်းချအပြီး လအနည်းငယ်အကြာမှ ကမ႓ာလုံးဆိုင်ရာ AIDS အထိမ်းအမှတ်အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Red ဗားရှင်းတွေကို မိတ်ဆက်လေ့ရှိပါတယ်။ ဒါပေမဲ့ iPhone XR ကို စတင်ရောင်းချတဲ့နေ့မှာ iPhone XR Red မော်ဒယ်ကိုလည်း တစ်ပါတည်း ရောင်းချပေးခဲ့ပါတယ်။
Ref: CNET